သျှမ်းပြည် ပင်လုံ နှင့် မူဆယ် ဗုံးပေါက်ကွဲမှုဖြစ် တဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိ

သျှမ်းတောင် ပင်လုံနှင့် သျှမ်းမြောက် မူဆယ်မြို့တွင် ယနေ့( မေ ၂၈)ရက် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ပြီး၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးရှိ လားရှိုးဆေးဆိုင် အနီး မနက် (၈း၁၅) မိနစ်ခန့်က ဗုံး တစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် တစ်စီး မီးလောင်ကာ အသက် (၁၈) နှစ် အရွယ် လူငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၃) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူသည် စည်ပင်ဝန်ထမ်းဖြစ်ပြီး ဒဏ်ရာ ရရှိသူ (၃) ဦးသည် ဆေးဆိုင်တစ်ခုက ဝန်ထမ်းဖြစ်ကြောင်း မူဆယ်ဒေသခံများက ပြော သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အသံတအားကျယ်တယ်။ အိမ်တောင်တုန်တယ်။ ဗုံးပေါက်တဲ့ ပတ်ဝန်းကျင်နားက အိမ်တွေလည်း နည်းနည်းပျက်စီးသွားတာရှိတယ်။ အိမ်တွေ ထိခိုက်သွားတာပေါ့နော်။” ဟု မူဆယ်ဒေသခံ တစ်ဦး ကပြောသည်။

ထိုနည်းတူ ယနေ့ နေ့လည် ၃ နာရီခွဲကျော်တွင်လည်း သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ အမှတ် (၂) အခြေခံ ပညာအလယ်တန်းကျောင်းခွဲ ဝန်းအတွင်းလည်း ဗုံး (၂) လုံးပေါက်ကွဲ သံကြားရကြောင်း ဒေသခံများကပြောဆိုကြသည်။

“ဗုံးပေါက်တဲ့ နေရာက စစ်တပ်နဲ့ နီးတယ်။ တစ်ချို့ပြောတာတော့ ဗုံးက မပေါက်လို့ ရှင်းလင်းရေးတွေ့ လာခွဲတယ်လို့ ပြောတယ်” ဟု ပင်လုံ ဒေသခံများက ပြောဆိုကြသည်။

မေ (၂၆) ရက် နှင့် (၂၇) ရက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းရယ်မြို့ရှိ အထက စာသင်ကျောင်း အနီးတွင်လည်း ဗုံးများ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရက်သတ္တပတ်အတွင်း သျှမ်းပြည်တွင်းရှိ မြို့များ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း မည်သည့်အဖွဲ့ လာရောက်ဖောက်ခွဲသည်ကို မသိရှိရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်အက်ကွဲရေးမှ ပြည်ထောင်စုကြီးပြိုကွဲရေးသို့ …. သတိမူဖို့

0
လွန်ခဲ့တဲ့ ၇၉ နှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းနဲ့ မြေပြန့် စုစည်းပြီး ပြည်ထောင်စု အိပ်မက်ကို အတူတူ အစပျိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ မေ့ထားလို့မရတာက အဲဒီအိပ်မက်ရဲ့ မိခင်ရင်းဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သန္ဓေတည်ခဲ့တဲ့ "သျှမ်းအမျိုးသားနေ့" ရဲ့ စည်းလုံး ညီညွတ်မှုပဲ...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...