ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူးအသစ်ရောက်လာပြီး၊ ဖမ်းဆီးမှုကြမ်းလာ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်ရောက်ရှိလာပြီးနောက် ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများ ရှိလာကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့တွင် မေ (၂၁ )ရက်မှ စပြီး အုပ်ချုပ်ရေးမှုအသစ်ပြောင်းရွှေ့လာပြီးနောက်ပိုင်းတွင် ညတိုင်းနီးပါး ပစ်ခတ်မှုရှိလာပြီး၊ ဖမ်းဆီးမှုများရှိလာခဲ့ကြောင်း ကျောက်မဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူပြောင်းလာပြီး ကျောက်မဲမြို့က အရင်နဲ့မတူတော့ဘူး။ ၂၄ ရက်နေ့နောက်ပိုင်းမှာဆိုရင် သေနတ်တွေ ညတိုင်းဖောက်တယ်။ ဖမ်းတာတွေလည်း ပိုလုပ်လာတယ်။ ပိုပြီး ကြမ်းလာတယ်။ ညဆိုရင် အပြင်သိပ်မထွက်တော့ဘူး” ဟု ကျောက်မဲမြို့‌ဒေသခံတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

ကျောက်မဲမြို့ မြို့နယ်အုပ်ချုပ်ရေးမှု အသစ်အုပ်ချုပ်လာသည့် ၁၀ အတွင်းတွင် ပြည်သူ ၂ ဦး သေနတ်ကျည်း ထိမှန်းခဲ့ကြောင်း၊ ဖမ်းဆီးမှုများလည်းရှိနေကြောင်း သိရသည်။

“ သူရောက်လာတော့ ၂ ယောက်လောက်ရှိတယ်သေနတ်မှန်တာ။ တစ်ယောက်က လူငယ် ညထွက်လို့ဆိုပြီးပစ်တာ လက်မောင်းဘဲ ရှပ်ထိသွားတာ။ ကျန်တစ်ယောက်က ဈေးထဲမှာဈေးရောင်းနေရင်နဲ့ ထိတာ။ သူလည်း ရှပ်ပြီးထိသွားတာ။ ခုတလော ဖမ်းဆီးတာတွေလည်း ရှိနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အလားတူ ယမန့်နေ့ မေ (၃၀) တွင် ဓာတ်ပုံဝါသနာရှင် ကိုမင်းမင်းကို နေအိမ်တွင် မွန်းလွှဲပိုင်း (၃ )နာရီကျော်တွင် ရဲတပ်ဖွဲ့ဝင်များကို သေနတ်ထောက်ပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

ကိုမင်းမင်းသည် ဆန္ဒပြရာတွင် ဓာတ်ပုံများကိုရိုက်ပြီး ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်လေ့ရှိသောကြောင့် စစ်ဆေးရန်ဟု ပြောဆိုပြီး ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် လူငယ်တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

“ သူကဆန္ဒပြတဲ့ချိန်မှာ ဓာတ်ပုံရိုက်ပြီးတော့ သူဖေ့ဘွတ်ပေါ်မှာတင်တယ်။ သူကိုစစ်ဆေးဖို့ဆိုပြီးတော့ ခေါ်သွားတာ။ ဘယ်နေရာခေါ်သွားလဲတော့မသိဘူး။ သေနတ်ထောက်ပြီးတော့ခေါ်သွားတာ။ နေအိမ်ထိလာဖမ်းတာ” ဟု မျက်မြင်တွေ့ရှိသည့် လူငယ်က ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများကို နေအိမ်ထိလိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေ သဖြင့် ကျောက်မဲဒေသခံလုံခြုံးရေးအတွက် လွန်စွာ စိတ်ပူနေရသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသူ စုစုပေါင်း ၁၀ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...

ပြည်ပထွက် အလုပ်လုပ်သည့် ပင်လောင်းဒေသခံများ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အခွန်ဆောင်ရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် မြောက်ထီဗွာအုပ်စု လုံင်းလောင်းပေ ကျေးရွာနေထိုင်သူများသည် အခြားဒေသသို့ သွားရောက်အလုပ်လုပ်လျှင် အုပ်ချုပ်ရေးမှူးထံ အခွန်ပေးဆောင်ရကြောင်း သတင်းရရှိသည်။ လက်ရှိ ပင်လောင်းမြို့နယ် အပါအဝင် မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခနှင့် စီးပွားရေးလည်း ကျဆင်းမှုကြောင့် လူငယ်အများအပြား ထိုင်းနိုင်ငံ သို့ ထွက်ခွာအလုပ်လုပ်ကြသည့်အပြင် အခြားဒေသသို့ ဝမ်းရေးအတွက် ရွှေ့ပြောင်းလုပ်ကိုင်နေကြရသည်။ အလားတူ ပင်လောင်းမြို့နယ်...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...