ဖမ်းဆီးမှုကြမ်းလာ
ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူးအသစ်ရောက်လာပြီး၊ ဖမ်းဆီးမှုကြမ်းလာ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်ရောက်ရှိလာပြီးနောက် ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများ ရှိလာကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့တွင် မေ (၂၁ )ရက်မှ စပြီး အုပ်ချုပ်ရေးမှုအသစ်ပြောင်းရွှေ့လာပြီးနောက်ပိုင်းတွင် ညတိုင်းနီးပါး ပစ်ခတ်မှုရှိလာပြီး၊ ဖမ်းဆီးမှုများရှိလာခဲ့ကြောင်း ကျောက်မဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ သူပြောင်းလာပြီး ကျောက်မဲမြို့က အရင်နဲ့မတူတော့ဘူး။ ၂၄...





