Tuesday, January 27, 2026

ကျောက်မဲမြို့ ဆိုင်ကယ်သပိတ် သေနတ်ပစ် ဖြိုခွင်းခံရ၊ ဖမ်းခံရသူရှိ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ယနေ့ မေ (၃၁) မနက် ( ၉ ) နာရီအချိန် စစ်အာဏာရှင်ဆန္ဒဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် စစ်ကြောင်း သေနတ်ပစ်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသူများ ရှိကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဆန္ဒပြရာတွင် ယမန့်နေ့ (မေ ၃၀)ရက် ည တွင် ဖမ်းဆီးခံရသည့် ကိုမင်းမင်းကို ပြန်လွှတ်ပေးရန်အတွက် ဆန္ဒထွက်ပြခဲ့ပြီး ဖြိုခွင်းခံခဲ့ရကြောင်း သိရသည်။

“ စစ်ကောင်စီ ဘက် က သေနတ်ပစ်ဖောက်တာ။ လူတော့ ထိခိုက်မှု မရှိသေးဘူး။ စစ်ကောင်စီဘက် က ကားနဲ့လိုက်တိုက်လို့ အဲ့ထဲက အမျိုးသမီး တစ်ယောက်လား နှစ်ယောက်လာတော့ မသိဘူး ဖမ်းခံရတယ်” ဟု ကျောက်မဲမြို့ဒေသခံ တစ်ဦး ကပြောသည်။

ယမန့်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကိုမင်းမင်းကို ပြန်လွှတ်လာပေးရန်အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“မနေ့က ဖမ်းခံရတဲ့ ကိုမင်းမင်းကို ပြန်လွှတ်ပေးဖို့ အတွက်ဆိုပြီး သူတို့ဆန္ဒပြတာ။ ဆန္ဒကိုမြန်မြန်ပြပြီးတော့ လူစုခွဲသွားကြရတယ်။ သူတို့ သေနတ်နဲ့ ခြိမ်းခြောက်နေတယ်” ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မဲမြို့တွင် ဆန္ဒပြသူများကို မကြာခဏ ပစ်ခတ်ဖြိုခွင်းမှုများ ရှိခဲ့သော်လည်း ပြည်သူများအနေဖြင့် စစ်အာဏာရှင် စနစ်ကို အလိုမရှိကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ်တွင်လက်ရှိခြေနေထိ စစ်ကောင်စီမှ ဖမ်းဆီးသွားသူ စုစုပေါင်း ၁၀ ဦးရှိပြီးဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO တပ်သားမှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး ကျည်ထိမှန်ဒဏ်ရာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားအင်း အနောက်ဘက်ကမ်းရှိ ကျောက်တန်းကျေးရွာတွင် PNO ပြည်သူ့စစ်မှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး သေနတ်ထိမှန်သွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ရင်း (၇) မှ တပ်သားများသည် ကျောက်တန်းကျေးရွာရှိ...

လားရှိုးမြို့ပေါ် ညအပြင်ထွက်သူများကို စစ်ကောင်စီက သေနတ်ပစ် ခြိမ်ခြောက်

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီက ညနေ (၆)နာရီကျော် နေအိမ်အပြင်ထွက်သူများကို သေနတ်ပစ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ယခုရက်တစ်ပတ်အတွင်း၌ စစ်ကောင်စီက ည ၆ နာရီမှစတင်ပြီး နေအိမ်အပြင် မထွက်ရန် လော်စပီကာဖြင့် လိုက် ကြေညာခဲ့သည်။ ထို့နောက် ညအချိန်အပြင်ထွက်သူများကို စစ်ကောင်စီ၏ တပ်သားမျာက...

ကျေးသီးမြို့နယ် စစ်ကောင်စီက ပြည်သူပိုင်နွားကို သေနတ်ပစ်ပြီး ပိုင်ရှင်ကို ဓားဖြင့်ခုတ်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနင်းကျေးရွာအုပ်စု နောင်ယုန်းကျေးရွာထဲတွင် စစ်ကောင်စီက ပြည်သူပိုင်နွားကို လာရောက်ပစ်ခတ်ပြီး ပိုင်ရှင်ကိုလည်း ဓားဖြင့် ပြန်လည်ခုတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဩဂုတ် ၃၁) ရက် နေ့လည် (၁) နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ပြည်သူပိုင်နွားကို သေနတ်ဖြင့် ပစ်နေသည်ကို ပိုင်ရှင်ကတွေ့ရှိပြီး...

မူဆယ်မြို့တွင်း လုယက်မှုမှ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လုယက်မှု မှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်မှုမရှိသည့် ပြည်သူ တစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဧပြီလ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်မှ ပင်လုံလမ်းသွယ် ၂ တွင် ဈေးမှ ဆိုင်ကယ်စီးပြီး...

ကလောမြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ အလောင်းပြန်မပေး

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း အမျိုးသားတစ်ဦးကို စစ်ကောင်စီ က ပစ်သတ်ပြီး အလောင်းပြန်မပေးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ ညသန်းခေါင် ၁ နာရီကျော်အချိန် ကလောမြို့ ရေယားစစ်ဆေးရေးဂိတ်အနီးတွင် ကားတစ်စီးကို စစ်ဆေးမှုမပြီးခင် မောင်းထွက်သွားသည့် အကြောင်းပြချက်ဖြင့် သေနတ်ဖြင့်ပစ်လိုက်ရာ ကားမောင်းသူ...