Tuesday, February 3, 2026

သျှမ်းနီအမျိုးသားများတပ်မတော ဒုစစ်ဦးစီးချုပ် စဝ်ခွန်ကျော်( ရဲဘော်သံချောင်း) လုပ်ကြံခံရ

သျှမ်းနီအမျိုးသားများတပ်မတော် (SNA )၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စဝ်ခွန်ကျော်(ရဲဘော် သံချောင်း) သည် ယမန်နေ့ (မေ ၂၆)ရက် မနက်( ၉) နာရီတွင် မသမာသူတစ်ဦး၏လုပ်ကြံသတ်ဖြတ်မှု ခံရပြီး ကျဆုံးသွားကြောင်း သိရသည်

ထိုလုပ်ကြံမှုကြောင့် SNA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်စဝ်ခွန်ကျော်( ရဲဘော်သံချောင်း)နှင့် အတူ (SN တပ်သား နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လုပ်ကြံသူကိုလည်း အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ ကျနော်တို့ သိရသလောက်တော့ မနေ့က တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲကြောင့် ကျဆုံးသွားတာမဟုတ်ဘူး။ လုပ်ကြံ သတ်ဖြတ်ခံရတယ်” ဟု ဗိုလ်ချုပ်စဝ်ခွန်ကျော် ၏ နီးစပ်သူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗိုလ်ချုပ် စဝ်ခွန်ကျော်(ရဲဘော်သံချောင်း)သည် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ ကချင်ပြည်တွင် မွေးဖွားခဲ့ပြီး၊ သျှမ်းနီ လူမျိုးဖြစ်သည်။

ဗိုလ်ချုပ်စဝ်ခွန်ကျော် (ရဲဘော်သံချောင်း)သည် ၁၉၈၈ ခုနစ်မှ ၁၉၉၅ ခုနစ်အထိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တဦး (မြန်မာပြည်မြောက်ပိုင်း)တွင် ဒုတိယ ဥက္ကဌ နှင့် စစ်ရေး တာဝန်ခံ အဖြစ် တာဝန်ယူခဲ့သည်။

ထို့ပြင် သူသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS /SSA )တွင် ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် တပ်မဟာ (၂၄၁) တပ်မဟာမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး လွယ်တိုင်းလျန်း ဌာနချုပ် ကိုတည်ထောင်စဉ်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။

သျှမ်းနီလူမျိုးတစ်ဦးဖြစ်သော စဝ်ခွန်ကျော်သည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် မိမိတို့သျှမ်းနီအမျိုးသားများ တန်းတူအခွင့်အရေးအတွက် သီးခြားတပ်မတော်တည်ထောင်ရန် မြန်မာပြည်မြောက်ပိုင်းသို့ ချီတက်လာသည်။

ထို မြန်မာပြည်မြောက်ပိုင်း ချီတ်ကလာသည့် သတင်းပေါက်ကြားမှုကြောင့် ဗမာ့တပ်မတော်၏ ပိတ်ဆို့ဖမ်းဆီးခြင်းကို ခံရပြီး သျှမ်းမြောက် နမ့်ခမ်းမြို့နယ် နမ့်တီးရွာအနီးတွင် ဖမ်းဆီးခြင်းခံရပြီး သေဒဏ်လေးကြိမ် အပြစ်ပေးခြင်းခံရသူ တဦးလည်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် သမ္မတ ဦးဝင်းမြင့်၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာပြီး ခေတ္တအနားယူကာ သူ၏ မူလရည်ရွယ်ချက်ဖြစ်သော သျှမ်းနီအမျိုးသားများတိုးတက်ရေးအတွက်ဆောင်ရွက်ရန် ဒုတိယ စစ်ဦးစီးချုပ်အဖြစ် ပြန်လည် တာဝန်ထမ်းဆောင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြစ်ကြီးနားမြို့တွင် သျှမ်းနီနှင့်ကချင် အတူတကွယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေး

0
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ အတူတကွ ယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သော သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ၏ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် ဩဂုတ်လ (၁၁) ရက်တွင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ အဂ္ဂါပေဟိုတယ်၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း...

စစ်အာဏာရှင်ကိုတော်လှန်ချိန် လူမျိုးရေး ပဋိပက္ခမဖြစ်စေချင်

0
လူမျိုးတိုင်းမှာ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ရာ ဘာသာဓလေ့ရှိကြသလို ဘိုးဘွားအမွေအနှစ်မှ လက်ဆင့်ကမ်း လာတဲ့က ရိုးရာယဥ်ကျေးမှု ဓလေ့တွေကို တန်ဖိုးထား ထိန်းသိမ်းကြပါတယ်။ ယဥ်ကျေးမှု တခုဆိုတာ လူမျိုးတစုရဲ့ သင်္ကေတ တစ်ခုဖြစ်တဲ့ အလျောက် ပဋိပက္ခ ဖြစ်ပွားတိုင်းမှာ လူမျိုးစုရဲ့ အထွက်အမြတ်ထားတဲ့ အရာကို ဖျက်ဆီးမှု မပြုလုပ်သင့်ပါ။ ဒါပေမယ့် သျှမ်းအိုးစည်၊...

ကိုဗစ် ကာလ သျှမ်းနီတပ်နှင့် တပ်မတော် စစ်ရေးတင်းမာနေဆဲ

0
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်းမြို့နယ် အတွင်း သျှမ်းနီ အမျိုးသား တပ်မတော် (SNA) နှင့် အစိုးရ တပ်မတော်တို့ စစ်ရေး တင်းမာမှု ကြား ရှိနေသေးသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း သတင်းရရှိသည်။   လက်ရှိ အချိန်ကာလတွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ ဦးရေ...