CATEGORY

နိုင်ငံရေး

သျှမ်းပြည် စည်ပင်ညွှန်မှူးမှ အတွင်းသတင်းမပေါက်ကြားရန် ဝန်ထမ်းများကို ခံဝန်ထိုးခိုင်း

သျှမ်းပြည်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် အတွင်းသတင်းများ မပေါက်ကြားရန် အတွက် ဝန်ထမ်းများကို ခံဝန်လက်မှတ်ရေးထိုးခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁၇) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သျှမ်းပြည် စည်ပင်သာယာရေးဌာန စီမံခန့် ခွဲရေး အစည်းအဝေး အမှတ်စဉ် (၂၆/၂၀၂၁)တွင် သျှမ်းပြည် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက...

လားရှိုးမြို့ ဖမ်းဆီးခံရသည့် တအာင်းလူငယ် (၆) ဦးကို အဆက်သွယ်မရရှိသေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)နှင့် တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC) မှ ဆရာများကို ယနေ့ အောက်တိုဘာ ၆ ရက်နေ့ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ထိုဖမ်းဆီးခံထားရသည့် သူများကို လက်ရှိတွင် စစ်ကြောရေးစခန်းတွင် တည်ရှိနေပြီး မည်သည် စစ်ကြောရေးစခန်းတွင်...

နမ့်ခမ်းမြို့နယ် ဗုံးပေါက်မှုဖြစ် အရပ်သားတစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဝမ်းဟောင်း(မန့်ဟောင်း)ကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတဦးသေဆုံးခဲ့ကြောင်း ကနဦးသိရှိရသည်။ ယနေ့ (အောက်တိုဘာ ၅ )ရက် ည ၇ နာရီဝန်းကျင်တွင် ဝမ်းဟောင်းကျေးရွာ ဘောလုံးကွင်းတွင် ဗုံး (၂)လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သား တဦးသေဆုံးသွားကြောင်း သိရသည်။ " ဘော်လုံးကွင်းနားပေါက်တာလို့ပြောတယ်။ တချို့ကတော့ Mytelတာဝါတိုင်လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူရှိမရှိတော့...

တာချီလိတ်မြို့ ဂိတ်စောင့်စစ်သား အမျိုးသမီးများကို ကာအိန္ဒြေပျက်အောင်ပြောဆို

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်း စစ်ဆေးရေးဂိတ်စောင့်စစ်သားတချို့ သည် လမ်းသွားလမ်းလာသည့် အမျိုးသမီးများကို ကာအိန္ဒြေပျက်အောင် စော်ကားပြောဆိုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်တွင် တာချီလိတ် - မိုင်းဖုန်းလမ်းမှ ဝေလေလှန် စစ်ဆေးရေးဂိတ်မှ အစောင့်စစ်သားများသည် ဆေးရုံမှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသမီး တစ်ဦးကို ကာအိန္ဒြေပျက်အောင်...

ပန်လင်ကျေးရွာ ဒေသခံ (၆) ဦးကို တပ်ပေါင်းစု ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နယ် ပန်လင်ကျေးရွာအုပ်စု ပန်လင်ကျေးရွာ ဒေသခံ (၆) ဦးကို တပ်ပေါင်းစု (TNLA ,SSPP/SSA) တို့က အောက်တိုဘာ ၂ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ထိုဖမ်းဆီးခံရသူများသည် ပန်လင်ကျေးရွာ (၆)ဦးသည် ယခင်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် သူများဖြစ်ကြောင်း...

ရွှေဖီမြေ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း ဖမ်းခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်( ၂၀) နှစ်သည့် လွန်ခဲ့သည့် စက်တင်ဘာ ၂၆ ရက်အကူး မနက် ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး သွားကြောင်း သတင်းရရှိသည်။ လွေးအမ်ဖောင်ကို စစ်ကောင်စီ က စက်တင်ဘာ...

မိုင်းကိုင်တိုက်ပွဲ အရပ်သား (၄)ဦး လက်နက်ကြီး ထိမှန်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံ ရွာသား (၄) ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၄) ရက် ညနေ ၅ နာရီခန့်က ပန်ကေတုကျေးရွာအုပ်စု ကုန်းပေါင်းရွာမှ ဒေသခံ (၄) ဦး လက်နက်ကြီး ထိမှန်ပြီး မိုင်းကိုင်ပြည်သူ့ဆေးရုံသို့...

တာချီလိတ်မြို့တွင်း လုယက်ခိုးယူမှု ပိုမိုများပြားလာ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင်းတွင် စစ်ကောင်စီလုံခြုံရေး တိုးမြှင့်ချ ထားသော်လည်း လုယက်ခိုးယူမှု တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဆိုင်ကယ်ခိုးယူခံရမှုဖြစ်ပွားလေ့ရှိပြီး လက်ရှိတွင် ဓါးဖြင့်ထောက်ပြီး ပိုက်ဆံနှင့် ဆိုင်ကယ် လုယုများသည်လည်း ပြည်သူများ မကြာခဏ ဖြစ်ပွားကြောင်း တာချီလိတ် မယ်ခေါင်ရပ်ကွက်...

မူဆယ်မြို့နယ် ကျင်ဆန်ကျော့ တိုက်ပွဲဖြစ် ရဲတစ်ဦး သေဆုံး

တရုတ်- မြန်မာနယ်စပ် မူဆယ်ခရိုင် ကျင်ဆန်ကျော့ တွင် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့တစ်ဦး သေဆုံး သွားကြောင်း သတင်းရရှိသည်။ ယမန့်နေ့ အောက်တိုဘာ (၃) ည (၇) နာရီဝန်ကျင်းတွင် ကျင်ဆန်ကျော့ ဆဲဗင်း...

မိုင်းကိုင်မြို့နယ် အတွင်း လက်နက်ကြီးသံ ဆက်ကြားနေရ၊ စစ်ရှောင်နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းတွင် ယနေ့(အောက်တိုဘာ ၄)ရက် မနက်ပိုင်း မှ စတင်ကာ လက်နက်ကြီးသံများ ဆက်ကြားနေရသဖြင့် စစ်ရှောင် (၃၀၀၀)ကျော် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၄) ရက် မနက်ပိုင်းတွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ တွင် ယနေ့ (အောက်တိုဘာ ၄)ရက် မနက်ပိုင်းမှ စတင်ကာ...

Latest news