မိုးမိတ်မြို့ လူငယ် (၂)ဦး စစ်ကောင်စီ က သေနတ်ပစ် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ မှ စစ်ကောင်စီ တပ်သားများသည် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်နှစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့်အတွက် လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားကာ ကျန်တစ်ဦးက ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။

မိုးမိတ်

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် မိုးမိတ်မြို့ ဟော်နန်းရပ်ကွက်ရှိ စစ်ကောင်စီ ၏ စစ်ဆေးရေးဂိတ်ကို လူငယ် (၂)ဦးက ဆိုင်ကယ်ဖြတ်မောင်းသဖြင့် သေနတ် ၄ ချက် ပစ်လိုက်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေနတ်သံ လေးချက်ကြားလိုက်ရတယ်၊ တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်၊ နောက်တစ်ယောက်က ပြင်းထန်စွာ ဒဏ်ရာရသွားလို့ ဆေးရုံကို စစ်ကောင်စီတပ်သားတွေကပဲ ပို့ပေးလိုက်တာ၊ သေတဲ့သူကိုလည်း စစ်တပ်က ယူသွားတာ” ဟု အမည်မဖော်လိုသည့် မိုးမိတ်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အဆိုပါ လူငယ်နှစ်ဦးထံတွင် မူးယစ်ဆေးဝါးတွေ့ရှိသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်လိုက်ရသည်ဟု သတင်းဖြန့်ဝေခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အဆိုပါ ဒဏ်ရာရသွားသော လူငယ်ကို တပ်ဆွယ်ဆေးခန်းတွင် ကုသမှုပေးရာမှတဆင့် မိုးမိတ်မြို့နယ်ရှိ ကြာအင်းဆေးရုံသို့ ပြောင်းရွှေ့ ကုသထားကြောင်း ဒေသခံများက ပြောသည်။

“ဆေးရုံက တစ်ယောက်က မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရှိသေးဘူးလို့သိရတယ်၊ စစ်ကောင်စီတွေက သူတို့နှစ်ဦးကို မူးယစ်ဆေးဝါးတွေ့လို့ ပစ်လိုက်တာဆိုတာနဲ့ သတင်းဖုံးချင်နေတာ၊ တကယ်တော့ ဒီလူငယ်နှစ်ဦးက အဲ့လိုလူတွေ မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးကလည်း ပြောပြထားသည်။

စစ်ကောင်စီတို့၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံရသည့် လူငယ်နှစ်ဦးသည် ကချင်လူမျိုးများဖြစ်ကြပြီး မူးယစ်ဆေးဝါးနှင့် ကင်းစင်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့မှာလည်း မိုးမိတ်မြို့တွင်းရှိ KBZ ဘဏ်ရှေ့တွင် စောင့်နေသည့် စစ်ကောင်စီ တပ်သားတို့က ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသမီးနှင့် ကလေးငယ်တစ်ဦးကို ဒဏ်ရာရသည်အထိ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...