CATEGORY

နိုင်ငံရေး

တာချီလိတ်မြို့ NLD အမတ် ဦးခင်မောင်တင့် နှင့် ဇနီး ပြန်လည်လွတ်မြောက်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် ဇနီးဖြစ်သူတို့ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်မှာ ၎င်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးနှင့်အတူ ဖမ်းဆီးခံရသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ...

စစ်ကောင်စီမှ မတရားဖမ်းထားသူ လားရှိုးထောင်မှ ၁၁ ဦးပြန်လွှတ်လာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးအကျဥ်း ထောင်မှ စစ်ကောင်စီ မှ မတရားဖမ်းဆီးခြင်းခံထားရသူထဲမှ ( ၁၁) ဦး ပြန်လွှတ်လာကြောင်း သတင်းရရှိသည်။ ပြန်လွတ်လာသူများသည် မိုင်းရယ်မြို့ နှင့် တန့်ယန်းမြို့တို့မှ တစ်ဦးစီပါဝင်ပြီး လားရှိုးမြို့မှ ၉ ဦးပါဝင်ပြီး၊ထိုထဲတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ ၎င်းတို့...

နမ့်ခမ်းမြို့နယ် တရုတ်ဘက်မှ နယ်မြေ ကျူးကျော် ခြံစည်းရိုးထပ်မံခတ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာဘက်တွင် တရုတ်နိုင်ငံမှ ကိုဗစ် - ၁၉ ပြန့်ပွားမှုကို အကြောင်းပြပြီး နယ်မြေကျော်ကာ ခြံစည်းရိုးထပ်မံလာခတ်ကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ (အောက်တိုဘာ ၁၈) တရုတ်နိုင်ငံမှ တတိယအထပ် ခြံစည်းရိုးကို ထပ်မံလာခတ်ခဲ့ကြောင်း သိရသည်။ “သူတို့ ခြံစည်းရိုးလာခတ်တာ (၃)ထပ်လောက်ရှိနေပြီ။ အလယ်တခုက...

သျှမ်းတောင် Non CDM ပညာရေးဝန်ထမ်း (၄၂)ဦးကို အထူးမွမ်းမံသင်တန်းတက်ရန် စစ်ကောင်စီ ညွှန်ကြား

သျှမ်းပြည် တောင်ပိုင်း မြို့ရွာများရှိ Non CDM ဆရာ၊ ဆရာမ (၄၂)ဦးကို ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် အခြေခံပညာ ဆရာ၊ ဆရာမ အထူးမွမ်းမံသင်တန်း တက်ရောက်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပြည်နယ် ပညာရေးဝန်ကြီးက ညွှန်ကြားလိုက်ကြောင်း သိရသည်။ လာမည့် အောက်တိုဘာလ (၂၁)ရက်နေ့တွင် သျှမ်းပြည်...

မိုင်းကိုင် သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် စစ်ရှောင်ထဲမှ ကားတစီး ကျည်ထိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်စခန်းထဲရှိ ကားတစ်စီး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၁၇)ရက် မနက် (၈)နာရီမှ (၁၀)နာရီကျော်ထိ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းစုံဘုန်းကြီးကျောင်း အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “စစ်ရှောင်တွေ နေတဲ့ နေရာနဲ့တော့ နီးတယ်။...

ပန်ဆိုင်းမြို့နယ် ကိုးကန့် နှင့် စစ်ကောင်စီ တိုက်ပွဲကြောင့် ဒေသခံ တစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မုံကိုးမြို့ တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီ တို့ တိုက်ပွဲကြောင့်‌ ပြည်သူတစ်ဦး ကျည်ထိသေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၁၇) နေ့လည် ၃ နာရီ ဝန်းကျင်က စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)...

ကျိုင်းတုံ စစ်အာဏာရှင်ဆန့်ကျင်သူ ၇ ဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ၃နှစ်စီချ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ မှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် အရပ်သား (၇)ဦးကို စစ်ကောင်စီမှ အမှုချလိုက်ပြီး ထောင်ဒဏ် (၃)နှစ် စီ ချလိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့်...

သီပေါမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်များ ပြည်သူအပေါ် အဓမ္မ ခိုင်းစေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျေးရွာဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ပြည်သူများအပေါ် အဓမ္မ ခိုင်းစေခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို စည်းကမ်းမဲ့ ယူသုံးစွဲနေလျက်ရှိ‌ကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ် မြစ်ချောင်းဘက် အနီးတဝိုက်တွင် နေထိုင်သည့် ကျေးရွာများတွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့က ပြည်သူများကို ခိုင်းစေပြီး...

မိုင်းကိုင် စစ်ရှောင် (၃၀၀၀) ရေလုံပြုတ်စားသောက်နေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင် (၃၀၀၀)ကျော် အခြေခံ မီးဖိုချောင်သုံးပစ္စည်းများ ပြတ်လပ်နေသဖြင့် ရေလုံပြုတ်စားသောက်နေရကြောင်း စုံစမ်းသိရသည်။ မိုင်းကိုင်မြို့နယ်အတွင်းရှိ ပန်ကေတုကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် (၂၃၅၆)ဦးနှင့် ဟမ်းငိုင်း ကျေးရွာအုပ်စုမှာ (၁၀၀၀)ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ ပန်ကေတု ကျေးရွာအုပ်စုတွင် နေထိုင်သည့် စစ်ရှောင်များသည် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ဆီ၊ ဆား၊...

ဒီးမော့ဆို စစ်ရှောင်များနှင့် ဆေးအကူများ ကိုဗစ်-၁၉ ကူးစက်ခံနေရ

ကယားပြည်(ကရင်နီပြည်)အတွင်းရှိ ဒီးမော့ဆို စစ်ဘေးရှောင်စခန်းတစ်ခုတွင် စစ်ဘေးရှောင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးအကူစေတနာ့ဝန်ထမ်း ၂ ဦး ကိုဗစ် - ၁၉ ကူးစက်ခံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ပြီး စစ်ဘေးရှောင် (၁၀၀)ကျော်ရှိနေသည့် ဒီးမော့ဆိုမှ စစ်ဘေးရှောင် စခန်းတစ်ခုတွင် ကိုဗစ် -...

Latest news