NLD ဒေါ်မမလေးနှင့် သူမ၏ သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး နှင့် သူမ၏သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၄)ရက် တွင်...
ပင်လောင်းမြို့ လူငယ် အမျိုးသမီးတစ်ဦး (၂) ပတ်ကြာ အဆက်အသွယ်မရ
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ အနောက်ရပ်ကွက်နေ လူငယ်အမျိုးသမီးတစ်ဦးသည် (၂) ပတ်ကျော်ကြာ အဆက်အသွယ်ပြတ်နေသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ ပျောက်ဆုံးနေသည့် အမျိုးသမီးသည် သြဂုတ် ၃၀ ရက်၊နံနက် ၆ နာရီခွဲတွင် ပန်းချယ်ရီလိုင်ကားဖြင့် ပင်လောင်းမြို့မှ တောင်ကြီးမြို့သို့ အလုပ်ကိစ္စဖြင့် ထွက်သွားရာ ယနေ့အချိန်ထိ...
စစ်ကောင်စီ နှင့် ဒု-ကြိမ်တွေ့ဆုံဖို့ “ဝ” ၊ မိုင်းလား နှင့် SSPP တို့ ပန်ဆန်းတွင် ကြိုတင်တွေ့ဆုံမည်
“ဝ”၊ မိုင်းလား နှင့် SSPP တို့ အာဏာသိမ်း စစ်ကောင်စီ နှင့် ဒုတိယ အကြိမ်တွေ့ဆုံရန် အတွက် ဘုံသဘောတူညီချက်ရအောင် ပန်ဆန်းမြို့တွင် ကြိုတင် ပြင်ဆင်သည့် အစည်းအဝေး ပြုလုပ်သွားမည်ဟု စုံစမ်းသိရသည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)...
ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်း ကောက်ခံနေ
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နှင့် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့က ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေးပြီး စာရင်းများလည်း ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ လာမည့် ၂၀၂၃ ခုနှစ် အာဏာသိမ်းစစ်ကောင်စီ ဦးစီး ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ်...
ပင်းတယ ဌာနဆိုင်ရာများ ရွေးကောက်ပွဲတွင် စစ်ကောင်စီကို ထောက်ခံရန် လိုက်လံဟောပြော
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက ရွေးကောက်ပွဲတွင် စစ်ကောင်စီဘက်ကို ထောက်ခံပေးရန် တစ်ရွာဝင်တစ်ရွာထွက် ဟောပြောပွဲလုပ်နေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက လုံခြုံရေး၊ တရားဉပေဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်များပါဝင်သော စစ်ကြောင်းကြီး...
တောင်ကြီးမြို့မှ အမျိုးသမီး (၄) ဦးကို စစ်ကောင်စီ က ထောင်ဒဏ်ချမှတ်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ စစ်အာဏာရှင် ဆန့်ကျင်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံထားရသည့် အမျိုးသမီး (၄) ဦးကို အာဏာသိမ်း စစ်ကောင်စီ တရားသူကြီးရုံးက ထောင်ဒဏ်ချမှတ်ကြောင်း သတင်းသိရသည်။ တောင်ကြီးမြို့မှ ဖမ်းဆီးခံထားရသည့် ဒေသခံအမျိုးသမီး ၄ ဦးကို စက်တင်ဘာလ ၅ ရက်တွင် အမိန့်ချ လိုက်ခြင်းဖြစ်ကြောင်း...
လောင်းကစား များလာသည့် ကလောမြို့ ခိုးယူလုယက် ပေါများနေ
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စု ဘော်ဆိုင်းကျေးရွာတွင် လောင်းကစားဝိုင်းများလာပြီးနောက် ခိုးယူလုယက်မှုများလည်း ပေါများလာကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ကာ ဘော်ဆိုင်းတွင် လောင်းကစားဒိုင်များ၊ ငါးပစ်ဂိမ်းများလာသဖြင့် သူခိုးများ လုယက်သူများက သောင်းကျန်းနေကြောင်းလည်း သတင်းသိရသည်။ “သူခိုးတွေက နေ့တိုင်းလိုလို သောင်းကျန်းနေတယ်၊ ပြီးတော့ ပစ္စည်းပျောက်တာတွေ လုယက်ခံရတာတွေကလည်း...
သျှမ်းပြည်တောင်ပိုင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက စစ်ကြောရေးတွင် သေဆုံး
သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက ဖြစ်သည့် ကိုအောင်ဇော်ဦးသည် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ကိုအောင်ဇော်ဦးကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ဩဂုတ်လ ၈ ရက် တွင် အေးသာယာမြို့ရှိ ၎င်း၏ နေအိမ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း...
နမ့်စန်မြို့ မီတာခ ၃ ဆ ပိုပေးဆောင်နေရ
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် မီးများပုံမှန်လာခြင်းမရှိဘဲ EPC ရုံးကို လစဉ်ကြေးမီတာခ ကို ၃ဆ ပိုပေးဆောင် နေရ ကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး (၁) နှစ်ကျော်ကာလအတွင်း လျှပ်စစ်မီးများ ပုံမှန်လာခြင်းမရှိသည့်အပြင် လစဉ်ကြေး မီတာခများကို EPC ရုံးက ကောက်ယူခဲ့ပြီး ယခင်တွင် တစ်လကို...
ရပ်စောက်မြို့နယ် စစ်ကောင်စီတပ်သားကို ဓားဖြင့်ခုတ်သတ်သူ ကိုဖမ်းဆီးရန် မိသားစုဝင်များခြိမ်းခြောက်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ် ထမင်းပေါင်းကျေးရွာတွင် စစ်ကောင်စီတပ်သား တစ်ဦးကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် လူငယ်ကို ယနေ့ထိ မဖမ်းဆီးနိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် ညနေပိုင်းတွင် ကျောက်ဂူတိုက်နယ်၊ ထမင်းပေါင်းကျေးရွာကို စစ်ကောင်စီ တပ်သားများက ရောက်လာပြီး ကျွဲရောင်းသူ အသက် ၅၀ ဝန်းကျင်...






