ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်း ကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နှင့် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့က ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေးပြီး စာရင်းများလည်း ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

လာမည့် ၂၀၂၃ ခုနှစ် အာဏာသိမ်းစစ်ကောင်စီ ဦးစီး ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့ စိုးမိုးထားသော ကျေးရွာများတွင် စက်တင်ဘာ ၆ ရက်မှစတင်ပြီး မဲစာရင်းကောက်ခံနေကြောင်း ၊ ကြံ့ခိုင်ရေးပါတီကို မဲပေးရန်လည်း ဖိအားပေးနေကြောင်း ပင်လောင်းမြို့ဒေသခံ အသက် (၃၀) ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PNO တပ်သားများ

“လွန်ခဲ့တဲ့ (၆) ရက်က ကျနော်တို့ဒေသမှာ ရွေးကောက်ပွဲအတွက် မဲပေးသူစာရင်းကို ဖိအားပေးပြီး ကောက်နေတာ။ ကြံ့ခိုင်ရေးကို မဲပေးဖို့ ဖိအားပေးပြောတယ်။ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့က ကောက်တာဗျ။ ကျေးရွာ အုပ်ချုပ်ရေးမှူးလည်း မပါဘူး။ သူတို့စစ်သားအဖွဲ့တွေက လာကောက်တာ” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မဲစာရင်းကောက်ခံခြင်းကို ပြည်သူများ၏ စိတ်ဆန္ဒသဘောထားမှုများ မပါဘဲ အိမ်ထောင်စုစာရင်းထဲမှ ပါရှိသူအမည်အတိုင်း မဲစာရင်းကောက်ယူသွားကြောင်း ၎င်းက ဆက်ပြောသည်။

“မဲစာရင်းလာကောက်တာက အသက် (၁၈) နှစ်ပြည့်ပြီး သူတိုင်းကိုကောက်တယ်။ မဖြစ်မနေ သူတို့က ဖိအားပေးပြီး ကောက်တာကို၊ တချို့သိတဲ့သူတွေက မထည့်ပေးချင်ဘူး။ သူတို့လည်း လက်နက်တွေနဲ့ ခြိမ်းခြောက်တာတွေ လည်းရှိတယ်။ ပြီးတော့ သူတို့နယ်မြေ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် တွေမှာလည်း သူတို့ထပ်ကောက်မယ့် အလားလာ ရှိနေတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲ အချိန်တွင် ယခုလို ဖိအားပေးပြီး ကောက်ခံမှုများလည်း ရှိခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...