ရပ်စောက်မြို့နယ် စစ်ကောင်စီတပ်သားကို ဓားဖြင့်ခုတ်သတ်သူ ကိုဖမ်းဆီးရန် မိသားစုဝင်များခြိမ်းခြောက်နေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ် ထမင်းပေါင်းကျေးရွာတွင် စစ်ကောင်စီတပ်သား တစ်ဦးကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် လူငယ်ကို ယနေ့ထိ မဖမ်းဆီးနိုင်သေးကြောင်း စုံစမ်းသိရသည်။

ကျောက်ဂူ

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် ညနေပိုင်းတွင် ကျောက်ဂူတိုက်နယ်၊ ထမင်းပေါင်းကျေးရွာကို စစ်ကောင်စီ တပ်သားများက ရောက်လာပြီး ကျွဲရောင်းသူ အသက် ၅၀ ဝန်းကျင် ဦးအောင် (နာမည်လွဲ) ဖမ်းချုပ်ပြီး ကားပေါ်တင်သည့်အတွက် အနီးရှိနေသည့် သားဖြစ်သူမှ ဓားဖြင့်ခုတ်လိုက်ရာ စစ်ကောင်စီ ဆေးမှူးတစ်ဦး သေဆုံးခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီတပ်သားကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် လူငယ်ကို မဖမ်းဆီးနိုင်သေးသဖြင့် စစ်ကောင်စီ အုပ်စုမှ ၎င်း၏ မိသားစုဝင်များကို နည်းမျိုးစုံဖြင့် လာရောက်ခြိမ်းခြောက်နေကြောင်းလည်း သိရသည်။

“စကစတွေက ကားတစ်စီးနဲ့ ငါးယောက်၊ ဆိုင်ကယ်တစ်စီးနဲ့ နှစ်ယောက်လာတယ်၊ ကျွဲကြည့်ချင်တယ် ဆိုပြီး အဲ့မှာ သူ့ ဖခင်ကိုဖမ်းသွားတာ။ ကောင်လေးက ရွာလူကြီးကိုလည်း ခေါ်သင့်တယ်လို့ပြောတာ၊ အဲ့ချိန်မှာသူ့ကိုပါ ဖမ်းဖို့ လုပ်လို့ ဓားနဲ့ပိုင်းခုတ်လိုက်တာ စကစ ဆေးမှူး တစ်ယောက် က အဲ့နေရာမှာတင်ပွဲချင်းပြီးသေသွားတယ်၊ ကောင်လေးက ထွက်ပြေး လွှတ်သွားတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါစစ်ကောင်စီ တပ်သားများသည် ရပ်စောက်မြို့နယ်အတွင်း လှုပ်ရှားနေသည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၂၉၂ ခြေလျင်တပ်ရင်းမှ စစ်သားများဖြစ်ကြပြီး ဓားချက်ကြောင့် သေဆုံးရသည့် စစ်ကောင်စီ ဆေးမှူး ၏ ရုပ်အလောင်းကို ရွာသားများက တပ်အတွင်းသို့ ပို့ဆောင်ပေးခဲ့သည်။

လက်ရှိတွင် ဖခင်ဖြစ်သူ ဦးအောင်က စစ်ကောင်စီတပ်ဖွဲ့တို့၏ ဖမ်းဆီးခြင်းကို ခံထားရပြီး ထွက်ပြေးလွှတ်မြောက်နေသည့် သားဖြစ်သူကိုဖမ်းဆီးနိုင်ခြင်းမရှိပါက မိသားစုဝင်တွေ အသတ်ခံရမည်ဟု ကျန်ရစ်သူ မိသားစုဝင်များကို ထပ်မံလာရောက် ခြိမ်းခြောက်ပြောဆို ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဖခင်ဖြစ်သူကိုတော့ သူတို့ဖမ်းထားတယ်၊ ကောင်လေးကိုလည်း အသည်းအသန်လိုက်ရှာနေတယ်၊ မိသားစုဝင် တွေလည်း သူ့ကို (လွတ်မြောက်နေသောသူ) ရှာမတွေ့ရင် အသတ်ခံရမယ်လို့ ခြိမ်းခြောက်ခံထားရတယ်၊ လက်ရှိသူ့အမေဖုန်းကို စကစ က သိမ်းသွားပြီး အဲ့ဖုန်းနဲ့ ကောင်လေးကို အချိတ်အဆက်လုပ်နေတယ် လို့ ကြားတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် ယခုလ (စက်တင်ဘာ ၁) ရက် နံနက် ၁၀ နာရီတွင်လည်း အင်အား ၁၀ယောက်ရှိသည့် စစ်ကောင်စီ တပ်သားတို့သည် စစ်ကားတစ်စီးဖြင့် ရောက်လာပြီး ဖုန်းများနှင့် အိမ်တွင်းပစ္စည်းတချို့ကို မွေနှောက်ရှာဖွေကာ အမေဖြစ် သူ၏ ဖုန်းကို သိမ်းယူသွားပြီး TVတစ်လုံးနှင့် မှန်ဗီဒိုကို ရိုက်ခွဲသွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ထမင်းပေါင်းရွာ ဒေသခံများသည် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးရွာအတွင်း လာရောက်သောင်းကျန်းခြင်း အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခြင်း ရှိမည်ကို ကြောက်လန့်နေကြကြောင်းလည်း သိရသည်။

ကျောက်ဂူဒေသည် စစ်ကောင်စီတပ်ဖွဲ့အပြင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် SSPP နှင့် RCSS များလည်း သွားလာလှုပ်ရှား သည့် နယ်မြေဖြစ်သည်။

ထိုဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် နယ်မြေဖြစ်ပြီး ဒေသခံနေအိမ်များ၊ ဂိုဒေါင်၊ ဆောက်လက်စ ဘုန်းကြီးကျောင်းတို့ လက်နက်ထိမှန် ပျက်စီးမှုများလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...