ပင်လောင်းမြို့ လူငယ် အမျိုးသမီးတစ်ဦး (၂) ပတ်ကြာ အဆက်အသွယ်မရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ အနောက်ရပ်ကွက်နေ လူငယ်အမျိုးသမီးတစ်ဦးသည် (၂) ပတ်ကျော်ကြာ အဆက်အသွယ်ပြတ်နေသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ပျောက်ဆုံးနေသည့် အမျိုးသမီးသည် သြဂုတ် ၃၀ ရက်၊နံနက် ၆ နာရီခွဲတွင် ပန်းချယ်ရီလိုင်ကားဖြင့် ပင်လောင်းမြို့မှ တောင်ကြီးမြို့သို့ အလုပ်ကိစ္စဖြင့် ထွက်သွားရာ ယနေ့အချိန်ထိ ဖုန်းအဆက်အသွယ် ပြန်မရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြောင်း ၎င်း၏မိခင်ဖြစ်သူ နန်းခင်ညွှန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သမီးက သူ့အလုပ်ကိစ္စနဲ့ ထွက်သွားမယ်လို့ပြောတယ်။ (၂) ပတ်ကြာမယ်လို့လည်း ပြောသွားတယ်။ သူသွားတဲ့ နေ့က ဖုန်းမဆက်လိုက်ရဘူး။ နောက်တစ်နေ့ ၃၁ ရက်နေ့မှာ ဖုန်းဆက်ကြည့်တော့ အဆက်သွယ် ပြတ်နေတယ်။ သူခါတိုင်း ညအိပ် ခရီးထွက်ရင်လည်း ဖုန်းအမြဲတမ်းဆက်တယ်။ အခုက ဖုန်းလည်းမဆက်တော့ သမီးကို စိတ်ပူနေတယ် “ ဟု ၎င်း မိဘဖြစ်သူ နန်းခင်ညွှန့်ကပြောသည်။

ပင်လောင်းမြို့က ပျောက်ဆုံးနေတဲ့ အမျိုးသမီး

အဆိုပါ နန်းခင်ညွှန့် သမီးဖြစ်သူမှာ နန်းအိသန္တာ ဟု အမည်ရပြီး အေးသာယာမြို့မှ နည်းပညာတက္ကကျောင်းတွင် နောက်ဆုံးနှစ် တက်ရောက်နေသူဖြစ်သဖြင့် ယခုအချိန်မှာ ကျောင်းဆက်မတက်တော့ဘဲ ပင်လောင်းမြို့မှ (Civil) သင်တန်း တက်နေပြီး ဆောက်လုပ်ရေး အလုပ်လုပ်နေကြောင်း ၎င်း မိဘဖြစ်သူက ဆက်ပြောသည်။

အလားတူ နန်းအိသန္တာသည် ကျန်းမာရေး အခြေအနေမကောင်းခြင်း၊ အစာအိမ်ရောဂါ ဖြစ်ပွားခဲ့ဖူးပြီး ပင်လောင်းမြို့မှ ဆေးရုံတွင် ဆေးဝါးကုသ ခံယူခဲ့ဖူးသူဖြစ်ပြီး ယခုလို အဆက်သွယ်မရသဖြင့် မိသားစုဝင်များက ကျန်းမာရေးအတွက် စိုးရိမ်နေကြောင်း ပြောသည်။

“သူက ကျန်းမာရေး အခြေနေမကောင်းဘူး။ သူ့မှာ အစာအိမ်ရောဂါ ဖြစ်နေတယ်။ ဒီလိုမျိုး (၂) ပတ်လောက်ကြာပြီး အဆက်သွယ်မရတော့ စိုးရိမ်တယ်။ အခုချိန်မှာ သမီးနဲ့တော့ အဆက်သွယ်ပြန်ရချင်တယ် “ ဟု ၎င်းမိဘဖြစ်သူက ထပ်လောင်းပြောသည်။

ထို့အပြင် နန်းအိသန္တာ မှာ (၂) ပတ်ကြာ အဆက်သွယ် ပြတ်တောက်နေသဖြင့် မိသားစုများနှင့် ဆွေးမျိုးများက စိုးရိမ်နေကြောင်း နန်းအိသန္တာ နှင့် အဆက်အသွယ်ရသူများ ရှိလျှင် ၎င်းမိသားစု ဝင်များထံသို့ အကြောင်းကြား ပေးပါရန် ၎င်း မိဘဖြစ်သူက တောင်းဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...