Wednesday, January 28, 2026

ပင်လောင်းမြို့ လူငယ် အမျိုးသမီးတစ်ဦး (၂) ပတ်ကြာ အဆက်အသွယ်မရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ အနောက်ရပ်ကွက်နေ လူငယ်အမျိုးသမီးတစ်ဦးသည် (၂) ပတ်ကျော်ကြာ အဆက်အသွယ်ပြတ်နေသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ပျောက်ဆုံးနေသည့် အမျိုးသမီးသည် သြဂုတ် ၃၀ ရက်၊နံနက် ၆ နာရီခွဲတွင် ပန်းချယ်ရီလိုင်ကားဖြင့် ပင်လောင်းမြို့မှ တောင်ကြီးမြို့သို့ အလုပ်ကိစ္စဖြင့် ထွက်သွားရာ ယနေ့အချိန်ထိ ဖုန်းအဆက်အသွယ် ပြန်မရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြောင်း ၎င်း၏မိခင်ဖြစ်သူ နန်းခင်ညွှန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သမီးက သူ့အလုပ်ကိစ္စနဲ့ ထွက်သွားမယ်လို့ပြောတယ်။ (၂) ပတ်ကြာမယ်လို့လည်း ပြောသွားတယ်။ သူသွားတဲ့ နေ့က ဖုန်းမဆက်လိုက်ရဘူး။ နောက်တစ်နေ့ ၃၁ ရက်နေ့မှာ ဖုန်းဆက်ကြည့်တော့ အဆက်သွယ် ပြတ်နေတယ်။ သူခါတိုင်း ညအိပ် ခရီးထွက်ရင်လည်း ဖုန်းအမြဲတမ်းဆက်တယ်။ အခုက ဖုန်းလည်းမဆက်တော့ သမီးကို စိတ်ပူနေတယ် “ ဟု ၎င်း မိဘဖြစ်သူ နန်းခင်ညွှန့်ကပြောသည်။

ပင်လောင်းမြို့က ပျောက်ဆုံးနေတဲ့ အမျိုးသမီး

အဆိုပါ နန်းခင်ညွှန့် သမီးဖြစ်သူမှာ နန်းအိသန္တာ ဟု အမည်ရပြီး အေးသာယာမြို့မှ နည်းပညာတက္ကကျောင်းတွင် နောက်ဆုံးနှစ် တက်ရောက်နေသူဖြစ်သဖြင့် ယခုအချိန်မှာ ကျောင်းဆက်မတက်တော့ဘဲ ပင်လောင်းမြို့မှ (Civil) သင်တန်း တက်နေပြီး ဆောက်လုပ်ရေး အလုပ်လုပ်နေကြောင်း ၎င်း မိဘဖြစ်သူက ဆက်ပြောသည်။

အလားတူ နန်းအိသန္တာသည် ကျန်းမာရေး အခြေအနေမကောင်းခြင်း၊ အစာအိမ်ရောဂါ ဖြစ်ပွားခဲ့ဖူးပြီး ပင်လောင်းမြို့မှ ဆေးရုံတွင် ဆေးဝါးကုသ ခံယူခဲ့ဖူးသူဖြစ်ပြီး ယခုလို အဆက်သွယ်မရသဖြင့် မိသားစုဝင်များက ကျန်းမာရေးအတွက် စိုးရိမ်နေကြောင်း ပြောသည်။

“သူက ကျန်းမာရေး အခြေနေမကောင်းဘူး။ သူ့မှာ အစာအိမ်ရောဂါ ဖြစ်နေတယ်။ ဒီလိုမျိုး (၂) ပတ်လောက်ကြာပြီး အဆက်သွယ်မရတော့ စိုးရိမ်တယ်။ အခုချိန်မှာ သမီးနဲ့တော့ အဆက်သွယ်ပြန်ရချင်တယ် “ ဟု ၎င်းမိဘဖြစ်သူက ထပ်လောင်းပြောသည်။

ထို့အပြင် နန်းအိသန္တာ မှာ (၂) ပတ်ကြာ အဆက်သွယ် ပြတ်တောက်နေသဖြင့် မိသားစုများနှင့် ဆွေးမျိုးများက စိုးရိမ်နေကြောင်း နန်းအိသန္တာ နှင့် အဆက်အသွယ်ရသူများ ရှိလျှင် ၎င်းမိသားစု ဝင်များထံသို့ အကြောင်းကြား ပေးပါရန် ၎င်း မိဘဖြစ်သူက တောင်းဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...