Wednesday, January 28, 2026

နမ့်စန်မြို့ မီတာခ ၃ ဆ ပိုပေးဆောင်နေရ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် မီးများပုံမှန်လာခြင်းမရှိဘဲ EPC ရုံးကို လစဉ်ကြေးမီတာခ ကို ၃ဆ ပိုပေးဆောင် နေရ ကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီး (၁) နှစ်ကျော်ကာလအတွင်း လျှပ်စစ်မီးများ ပုံမှန်လာခြင်းမရှိသည့်အပြင် လစဉ်ကြေး မီတာခများကို EPC ရုံးက ကောက်ယူခဲ့ပြီး ယခင်တွင် တစ်လကို (၅,၀၀၀) ကျပ် ကောက်ယူသော်လည်း သြဂုတ်လမှစ၍ မီတာခ တစ်လလျှင် (၃) ဆ ပို ကောက်နေကြောင်း နမ့်စန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်တိုင်းတိုးကောက်ပါတယ်။ ခါတိုင်း (၅,၀၀၀) ကျပ် ကျရင် အခု (၂၀,၀၀၀) ကျော်အထိ ပေးနေရတယ်။ မီးလာတဲ့ချိန်က ထမင်းဟင်းချက်ဖို့ မပြောနဲ့ ဖုန်းအားသွင်းရင်တောင် မပြည်တော့ဘူးဗျ။ လာကောက်တဲ့သူကို မေးတော့ အထက်လူက ကောက်ခိုင်းတယ် လို့ပြောတယ် “ ဟု ၎င်း အမျိုးသားတစ်ဦး ပြောသည်။

နမ့်စန်မြို့ တွင်း တစ်နေရာ

ယခုရက်ပိုင်းတွင် မီးလာချိန်တစ်နေ့လျှင် ပျှမ်းမျှ (၄) နာရီသာလာပြီး၊ ပြည်သူများက လျှပ်စစ်မီးများကို အပြည့်အဝ မသုံးရကာ မီတာခများကို ပိုဆောင်နေရသဖြင့် စားဝတ်နေရေးအတွက် ပိုခက်ခဲလာကြောင်း နမ့်စန်ဒေသခံ အိမ်ရှင်မ တစ်ဦးက သျှမ်းတော်ဆင့်ကို ပြောသည်။

“မီးကလည်း ပုံမှန်မလာပေးဘူး။ လကုန်ရင်တော့ မီတာခ ပုံမှန်လာကောက်နေတယ်။ အခု ကုန်ပစ္စည်း ဈေးနှုန်းမြင့်တက်ချိန်မှာ ပြည်သူတွေ ဒုက္ခရောက်နေတယ်။ အခုက ပိုကောက်ခံနေတော့ ပိုဒုက္ခရောက်တာပေါ့ “ ဟု ၎င်း အိမ်ရှင်မတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ကြီးမြို့တွင်လည်း မီးမကြာခဏ ပြတ်လပ်မှုရှိနေသောကြောင့် မီးဖိုချောင်သုံး Gas များကိုသာ ပိုအသုံးပြုနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...