CATEGORY

နိုင်ငံရေး

မိုင်းပွန်မြို့ အထိ PNO/PNA မှ စစ်သားနှင့် ငွေသားကောက်ယူမှုများ ပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့နယ်တွင် ပအိုဝ်းအမျိုးသားတပ်မတော်နှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO/PNA) တို့မှ တပ်သားကောက်ယူခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ မိုင်းပွန်မြို့တွင် PNO/PNA မှ စစ်သင်တန်းတက်ရောက်ရန်အတွက် ဒေသခံ အမျိုးသား / အမျိုးသမီးများ၏ လူဦးရေ နာမည်စာရင်းကို ကောက်ယူတောင်းခံမှုများ ရှိနေကြောင်း...

စစ်ကောင်စီ တပ်ဆုတ်ခိုင်းသည့် SSPP စခန်း (၃) နေရာကို တပ်ဆုတ်ခွာမည် မဟုတ်

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ နယ် နှင့် တန့်ယန်းမြို့နယ်ကြားရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း (၃) နေရာကို စစ်ကောင်စီက ဇွန်လ (၁၀) ရက် နောက်ဆုံးထားပြီး တပ်ဆုတ်ခွာခိုင်းသော်လည်း SSPP မှ တပ်ဆုတ်သွားမည် မဟုတ်ကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး...

အဝေးပြေးလိုင်းကားခများ ဈေးတက် လိုင်းကားပုံမှန်ပြေးဆွဲမှုမရှိ

မြန်မာပြည်တဝှမ်း စက်သုံးဆီဈေးတက်လာသည့်နောက်ပိုင်း တောင်ကြီးမြို့မှ တခြားမြို့သို့ ပြေးဆွဲနေသည့် အဝေးပြေးကားများသည် ကားခ ဈေးနှုန်းတက်လာသဖြင့် လိုင်းကား ပုံမှန်ပြေးဆွဲမှုမရှိတော့ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၊ ကန်ရှေ့ရပ် ၊ ရွှေရုပ်လေးကားဂိတ်တွင် တောင်ကြီးကနေ ရန်ကုန်ထိ တစ်ယောက်ကိုကားခ ၂၅၀၀၀ ကျပ် ပေးရပြီး တစ်ရက်ကိုခရီးသည် ၁၀...

နမ့်ခမ်းမြို့ ရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီ လက်အောက်ခံများ လာရောက်စောင့်ဆိုင်းနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်းရှိ စာသင်ကျောင်းများ အားလုံးကို စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ နှင့် ပြည်သူ့စစ် တို့က လုံခြုံရေးအပြည့် ယူထားကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့  ဇွန် ၆ ရက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဈေးထဲဝင်ရောက်လာသည့်  သတင်းထွက်ပေါ်လာပြီးနောက် ယနေ့ ဇွန် (၇) ရက်နေ့တွင်...

ရွှေညောင်မြို့ ရာအိမ်မှူး သေနတ်ပစ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ မင်္ဂလာအောင်မြေ ရပ်ကွက် (၁) ရာအိမ်မှူးဖြစ်သည့် ဦးကိုကိုမြင့် (ခ) ကိုဂျိုး ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု သိရသည်။ယမန်နေ့ ဇွန် (၆) ရက် နေ့လည်ပိုင်း ၂ နာရီခွဲတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဦးကိုကိုမြင့် (ခ)...

ရန်ကုန် – တောင်ကြီးသွား ကားသမားတစ်ဦး (၅) လကြာ ပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းသို့ ရန်ကုန်မှ အလည်လာသွားသူများကို လိုက်ပို့သည့် ကားသမားတစ်ဦး ၅ လ ကြာထိ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။လွန်ခဲ့သည့် ဒီဇင်ဘာ ၂၇ ရက် ၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြို့မှ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့သွားလည်မည့် ခရီးသည်များကို လိုက်ပို့သည့် ကားသမားတစ်ဦးသည် ယနေ့ထိ ပျောက်ဆုံးနေကြောင်း၊...

စာသင်ကျောင်းများ ဓားစားခံ မပြုလုပ်သင့်

“လူတိုင်း ပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံး မူလတန်း ပညာကို အခမဲ့ သင်ခွင့်ရှိသည်”။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်း ရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေး များကို လူ့အခွင့်အရေး ကြေညာ စာတမ်းအဖြစ် အတည်ပြု ကြေညာခဲ့သည်။  ယင်းကြေညာစာတမ်းပါ...

နမ့်ခမ်းဈေးသည်များ ထိတ်လန့်တုန်လှုပ်ကြပြီး ဆိုင်ခန်းတွေ ပိတ်သိမ်းကြ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ခမ်းမြို့ရှိ မြို့မဈေးမှ ဈေးသည်များ ထိတ်လန့်တုန်လှုပ်နေကြပြီး ဆိုင်ခန်း ပိတ်သိမ်းမှုများ ပြုလုပ်နေကြကြောင်း သတင်းသိရသည်။ယနေ့ ဇွန်လ ၆ ရက်နေ့ တွင် နမ့်ခမ်းမြို့အတွင်းသို့ တအာင်း (ပလောင် ) အမျိုးသား တပ်မတော် TNLA စစ်သားများ မြို့ထဲဝင်လာသည့် သတင်းများကြောင့်...

အထူးဒေသ (၄) က ဒုတိယဥက္ကဌ ဦးဆောင်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးရန် ကျိုင်းတုံလေဆိပ်မှ ထွက်ခွာ

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မှ ဒုတိယ ဥက္ကဌ ဦးဆောင်သည့် အဖွဲ့သားများသည် အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကျိုင်းတုံလေဆိပ်မှ ခရီးစဥ်ထွက်ခွာသွားကြောင်း သတင်းသိရသည်။ယနေ့ ဇွန် ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် သျှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄)...

တောင်ကြီးမြို့အတွင်း ဧည့်သည် နှင့် လူငယ်များ လက်မခံရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြော

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း ဧည့်သည် နှင့် အထူးသဖြင့် လူငယ်များကို ညအိပ် လက်မခံရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆယ်အိမ်မှူးများကို လိုက်လံပြောဆိုနေကြောင်း စုံစမ်းသိရှိရသည်။ပြီးခဲ့သည့် မေလ ၂၈ ရက်က တောင်ကြီးမြို့  ပြည်တော်သာ ရပ်ကွက်ထဲတွင် ဆယ်အိမ်မှူးက ဧည့်သည်လက်ခံထားသည့် နေအိမ်ကို ဧည့်သည်လက်မခံရန် နှင့် အထူးသဖြင့်...

Latest news