SNDP ဥက္ကဌ အပါအဝင် စစ်ကောင်စီက ပေးအပ်သည့် ဂုဏ်ထူးဆောင် ဘွဲ့ကို သျှမ်း ၅ ဦး လက်ခံရရှိ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP (ကျားဖြူပါတီ) ဥက္ကဌ လုံးစိုင်းအိုက်ပေါင်း အပါအဝင် စစ်ကောင်စီမှ ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူ သျှမ်းအစုအဖွဲ့ ခေါင်းဆောင် ၅ ဦး လက်ခံရရှိကြောင်း စုံစမ်း သိရသည်။

သီရိပျံချီဘွဲ့ ရရှိသည့် ဦးစိုင်းအိုက်ပေါင်း

ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဘွဲ့ရရှိသူများကို ဘွဲ့လက်မှတ်များ ပေးအပ်ရာ သျှမ်းအစုအဖွဲ့ခေါင်းဆောင် ၅ ဦး ရှိနေကြောင်း သိရသည်။

“ကျနော် ရရှိတဲ့ ဘွဲ့က သီရိပျံချီဘွဲ့ဖြစ်ပါတယ်၊ ဒါက ပြည်ထောင်စုအတွက် ကောင်းရာကောင်းကျိုး ဖြစ်ထွန်းအောင် ဆောင်ရွက်သူတွေကို ချီးမြှင့်တဲ့ ဆုဖြစ်တာပေါ့၊ ကျနော်နဲ့အတူ ဘွဲ့ရတဲ့ သျှမ်း အစုအဖွဲ့ခေါင်းဆောင်က ၅ ဦး ရှိပါတယ်၊ ဗိုလ်ချုပ်ကြီး ယွက်စစ် လည်းရတယ်။ ဒါပေမယ့် ဘွဲ့တက်ယူတာ မတွေ့ရဘူး၊ သူ့ကိုယ်စား တက်ယူတာလည်း မတွေ့ရဘူး” ဟု ကျားဖြူပါတီ ဥက္ကဌ လုံးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဘွဲ့တံဆိပ် ရရှိသည့် သျှမ်းအစုအဖွဲ့ခေါင်းဆောင်များအနက် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ခေါင်းဆောင်က ဘွဲ့တံဆိပ် တက်ယူမှု မရှိကြောင်း ဦးစိုင်းအိုက်ပေါင်းက ဆက်ပြောသည်။

စစ်ကောင်စီ ပေးအပ်သည့် ဘွဲ့ကို လက်ခံရရှိ သူများသည် ကျားဖြူပါတီ ဥက္ကဌ လုံးစိုင်းအိုက်ပေါင်း နှင့် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ဒုတိယ ဥက္ကဌ (၂) စိုင်းမျိုးသန့်၊ နမ့်ခမ်းကျားဖြူပါတီ ဥက္ကဌလည်းဖြစ် ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဒုဝန်ကြီးဟောင်း ဖြစ်ခဲ့သည့် ဒေါက်တာ စိုင်းကျော်အုန်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်လည်းဖြစ် သျှမ်းပြည်လွှတ်တော် ဥက္ကဌဟောင်းလည်းဖြစ်သည့် စိုင်းလုံးဆိုင် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ခေါင်းဆောင် ဖြစ်ကြောင်း သိရသည်။

ဝဏ္ဏကျော်ထင်ဘွဲ့ တက်ယူခြင်း မရှိသည့် RCSS ခေါင်းဆောင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်သည့် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် (NCA) လက်မှတ်ထိုးထားသော EAOs (၅) ဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲတွင်လည်း တက်ရောက်ခဲ့ခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...