Tuesday, January 27, 2026

ဝဏ္ဏကျော်ထင်ဘွဲ့ ယူရန်အတွက် RCSS ခေါင်းဆောင် ကိုယ်တိုင် တက်ရောက်မည် မဟုတ်

စစ်ကောင်စီမှ ပေးအပ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ ယူရန်အတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင်တက်ယူမည် မဟုတ်ကြောင်း စုံစမ်းသိရသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်

လာမည့် ဇန်နဝါရီလ ၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့်အတူ ဝဏ္ဏကျော်ထင် ဘွဲ့ရသူများကို ဘွဲ့လက်မှတ် ချီးမြှင့်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

“ဝဏ္ဏကျော်ထင် ဘွဲ့ယူဖို့အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင်တော့ တက်မှာမဟုတ်ဘူး။ ဘွဲ့ယူဖို့အတွက် သူ့ကိုယ်စား တခြား တာဝန်ရှိသူတစ်ဦးနဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို လွတ်မယ်လို့ သိရတယ်” ဟု ခိုင်မာသည့် သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းသိရှိရန်အတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၏ ပြောရေးဆိုခွင့် ရှိသူများနှင့် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့ရာ “အခုကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်မှာ ဘာမှ ဖြေကြားဖို့ မရှိဘူး” ဟု ဆိုသည်။

လက်ရှိတွင် သျှမ်းသံတော်ဆင့်၏ ခိုင်မာသည့် သတင်းရင်းမြစ်အရ ဗိုလ်ချုပ်ကြီးယွက်စစ် အစား နေပြည်တော်သို့ ဝဏ္ဏကျော်ထင်ဘွဲ့ရယူရန်အတွက် RCSS/SSA မှ ဗိုလ်မှူးကြီး သျှောင်းဟန်ကို အစားထိုး လွတ်မည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်သည့် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် NCA လက်မှတ်ထိုးထားသော EAOs တို့ ဆွေးနွေးပွဲတွင် EAOs ၅ ဖွဲ့ တက်ရောက်ခဲ့ပြီး RCSS/SSA နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

ယင်းကဲ့သို့ ဆွေးနွေးပွဲ တက်ရောက်ခြင်း မရှိသလို ဝဏ္ဏကျော်ထင်ဘွဲ့ ရယူရန်အတွက်လည်း ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင် တက်ရောက်မည် မဟုတ်ကြောင်း သတင်းလည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ပေးအပ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူများမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ALP မှ ဦးခိုင်စိုးနိုင်အောင်၊ NMSP ဥက္ကဋ္ဌဟောင်း ဦးနိုင်ထောမွန်၊ NMSP ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်၊ PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ KNU/KNLA-PC ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဌေးမောင် (ခ) စောဌေးမောင်၊ KIO(ခွဲထွက်) ဦးလဆန်အောင် ဝါအဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ၊ KNU ဖဒိုအောင်ဆန်းအဖွဲ့မှ ဖဒိုအောင်ဆန်း၊ KNU တပ်မ ဟာ(၂) သံတောင် အထူးဒေသအဖွဲ့မှ စောဖယ်ရီမိုး၊ KNU တပ်မတော်(၆) တပ်ရင်း(၁၆)မှ ဦးစောသမူဟဲ တို့ ဖြစ်သည်။

ထို့ပြင် ကချင်ပြည်နယ် အထူးဒေသ – ၁ NDAK ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ ဦးအောင်ခမ်းထီ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (PSLA) ဥက္ကဋ္ဌ ဦးအိုက်မုန်း၊ ကယားပြည်နယ် အထူးဒေသ-၁ (ကယန်းအဖွဲ့ – KNG)ခေါင်းဆောင် ဦးကေဘရယ်ပျံ၊ ကယားပြည်နယ် အထူးဒေသ – ၂ (ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးအဖွဲ့-ကလလတ) ခေါင်းဆောင် ဦးစန္ဒာ၊ DKBA ဆရာတော်ဟု နာမည်တွင်သော မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ကရင်တော်လှန်ရေးကောင်စီ ဗဟိုအာဏာပိုင်အဖွဲ့ခေါင်းဆောင် စောဟန်တာသာမွေး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ တို့ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

စစ်ကောင်စီက ဒေါ်စောမြရာဇာလင်းကို ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်

0
မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယနေ့ ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...