ဝဏ္ဏကျော်ထင်ဘွဲ့ ယူရန်အတွက် RCSS ခေါင်းဆောင် ကိုယ်တိုင် တက်ရောက်မည် မဟုတ်

စစ်ကောင်စီမှ ပေးအပ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ ယူရန်အတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင်တက်ယူမည် မဟုတ်ကြောင်း စုံစမ်းသိရသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်

လာမည့် ဇန်နဝါရီလ ၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့်အတူ ဝဏ္ဏကျော်ထင် ဘွဲ့ရသူများကို ဘွဲ့လက်မှတ် ချီးမြှင့်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

“ဝဏ္ဏကျော်ထင် ဘွဲ့ယူဖို့အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုယ်တိုင်တော့ တက်မှာမဟုတ်ဘူး။ ဘွဲ့ယူဖို့အတွက် သူ့ကိုယ်စား တခြား တာဝန်ရှိသူတစ်ဦးနဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို လွတ်မယ်လို့ သိရတယ်” ဟု ခိုင်မာသည့် သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းသိရှိရန်အတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၏ ပြောရေးဆိုခွင့် ရှိသူများနှင့် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့ရာ “အခုကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်မှာ ဘာမှ ဖြေကြားဖို့ မရှိဘူး” ဟု ဆိုသည်။

လက်ရှိတွင် သျှမ်းသံတော်ဆင့်၏ ခိုင်မာသည့် သတင်းရင်းမြစ်အရ ဗိုလ်ချုပ်ကြီးယွက်စစ် အစား နေပြည်တော်သို့ ဝဏ္ဏကျော်ထင်ဘွဲ့ရယူရန်အတွက် RCSS/SSA မှ ဗိုလ်မှူးကြီး သျှောင်းဟန်ကို အစားထိုး လွတ်မည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်သည့် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် NCA လက်မှတ်ထိုးထားသော EAOs တို့ ဆွေးနွေးပွဲတွင် EAOs ၅ ဖွဲ့ တက်ရောက်ခဲ့ပြီး RCSS/SSA နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

ယင်းကဲ့သို့ ဆွေးနွေးပွဲ တက်ရောက်ခြင်း မရှိသလို ဝဏ္ဏကျော်ထင်ဘွဲ့ ရယူရန်အတွက်လည်း ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင် တက်ရောက်မည် မဟုတ်ကြောင်း သတင်းလည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ပေးအပ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူများမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ALP မှ ဦးခိုင်စိုးနိုင်အောင်၊ NMSP ဥက္ကဋ္ဌဟောင်း ဦးနိုင်ထောမွန်၊ NMSP ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်၊ PNLO ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ KNU/KNLA-PC ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဌေးမောင် (ခ) စောဌေးမောင်၊ KIO(ခွဲထွက်) ဦးလဆန်အောင် ဝါအဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ၊ KNU ဖဒိုအောင်ဆန်းအဖွဲ့မှ ဖဒိုအောင်ဆန်း၊ KNU တပ်မ ဟာ(၂) သံတောင် အထူးဒေသအဖွဲ့မှ စောဖယ်ရီမိုး၊ KNU တပ်မတော်(၆) တပ်ရင်း(၁၆)မှ ဦးစောသမူဟဲ တို့ ဖြစ်သည်။

ထို့ပြင် ကချင်ပြည်နယ် အထူးဒေသ – ၁ NDAK ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဋ္ဌ ဦးအောင်ခမ်းထီ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (PSLA) ဥက္ကဋ္ဌ ဦးအိုက်မုန်း၊ ကယားပြည်နယ် အထူးဒေသ-၁ (ကယန်းအဖွဲ့ – KNG)ခေါင်းဆောင် ဦးကေဘရယ်ပျံ၊ ကယားပြည်နယ် အထူးဒေသ – ၂ (ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးအဖွဲ့-ကလလတ) ခေါင်းဆောင် ဦးစန္ဒာ၊ DKBA ဆရာတော်ဟု နာမည်တွင်သော မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ကရင်တော်လှန်ရေးကောင်စီ ဗဟိုအာဏာပိုင်အဖွဲ့ခေါင်းဆောင် စောဟန်တာသာမွေး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ တို့ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...