CATEGORY

နိုင်ငံရေး

“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင်...

ဆီဆိုင်မြို့ မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်၊ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူများကိုခေါ်စောင့်ခိုင်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းနှင့်နီးစပ်သူများကို ခေါ်ယူပြီးစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာမှ မဲရုံများ၌ ကြိုတင်ဆန္ဒမဲများ...

ကွန်ဟိန်း ရွေးကောက်ပွဲမဲပေးရန် စစ်ကော်မရှင်က အိမ်ထိ မဲတိုကင်ကတ် လိုက်ပေးနေ

သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲအတွက် မဲနံပါတ် (တုံကင်ကတ်) သွားမယူသည့် ဒေသခံများကို စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်ပေးနေကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် တောင်ပိုင်း ကွန်းဟိန်းမြို့နယ်လည်း ပါဝင်သည်။ ၂၀၂၆ ဇန်နဝါရီလဆန်းပိုင်မှ...

ရွေးကောက်ပွဲပြီးလျှင် စစ်မှုထမ်းတိုးခေါ်မည်ဟုဆို

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီးလျှင် စစ်မှုထမ်းတိုးခေါ်ရန် စစ်ကော်မရှင်က ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန် စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှာ လာမည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ “ရွေးကောက်ပွဲပြီးရင် စစ်မှုထမ်းတိုးခေါ်မယ်။ လာမယ့် ဧပြီလမှာ စစ်မှုထမ်း...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

မိုင်းယောင်းတွင် ရွေးကောက်ပွဲအတွက် မဲထည့်ပေးကြရန် စစ်တပ်ခြိမ်းခြောက်ထားဟု ဒေသခံများပြော

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲထည့်ပေးကြရန် စစ်တပ်က ခြိမ်းခြောက်ထားကြောင်း ဒေသခံများကပြောသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း အပါအဝင် သျှမ်းပြည်...

ရွေးကောက်ပွဲ ဥပဒေဖြင့် ဖမ်းဆီးခံရသူ ၃၃၅ အထိရှိလာ

စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားသည်ဟုဆိုကာ ဇန်နဝါရီလ ၅ ရက်အထိ ပြည်သူ ၃၃၅ ဦးကို အမှုအဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။ ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) က ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

သီပေါတံတားမှ MNDAA ဆုတ်ခွာသွားသော်လည်း စစ်ကော်မရှင်ဘက်မှ ယာဉ်ဖြတ်သန်းခွင့်မပြုသေး

သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးမှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာသွားခဲ့သော်လည်း စစ်ကော်မရှင်ဘက်မှ ယာဉ်ဖြတ်သန်းခွင့် မပြုသေးဘဲ ဆက်လက်ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး သီပေါမြို့နှင့် လားရှိုးမြို့ကြား ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များ ဆုတ်ခွာပိတ်သိမ်းခဲ့ပြီးနောက် သီပေါတံတားတွင် တပ်စွဲထားခဲ့သည့်...

ခေါင်းနှင့်ပန်းလို တစ်သားတည်း ဖြစ်နေသော စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ

စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည် (၁၂) မြို့နယ်၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မြို့နယ်အများစုတွင် အနိုင်ရ ဦးဆောင်နေကြောင်း သိရသည်။ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်က အတုအယောင် ရွေးကောက်ပွဲ...

Latest news