မိုးဗြဲမြို့ PDF မှစစ်တပ်ထုတ်ကုန်မရောင်းရန် သတိပေးပြီးနောက် ရောင်းသူနည်းလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေး PDF မှ စစ်ကောင်စီ ထုတ်ကုန်ကို မရောင်းချရန်အတွက် သတိပေးစာထုတ်ပြီးနောက် ရောင်းသူနည်းပါးလာကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၁၁) ရက်တွင်လည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော် (MB PDF) က စစ်ကောင်စီ ထုတ်ကုန်များကို မရောင်းချရန် သတိပေးစာများကို လိုက်လံကပ်ပေးခဲ့ကြောင်းသိရသည်။ “ ကျနော်တို့ ဈေးဆိုင်ခန်းတွေမှာ သွားကပ်တယ်။ ကုန်စုံဆိုင်ကြီးတွေမှာသွားကပ်ပေးတယ်။ ပညာပေးစည်းရုံးတယ်။ ထုတ်ပြန်ချက်စာစောင်တွေကို...
ပင်လောင်းမြို့နယ် ကက်သလစ် ဘုရားကျောင်းနှင့် မယ်တော်ရုပ်ထု ဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ တတန်ကူးကျေးရွာ ကယန်းကသလစ် တတန်ကူးမယ်တော် နှင့် ဘုရားကျောင်းကို PNO/PNA က ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၀ )ရက် မနက်ပိုင်းတွင် PNA အဖွဲ့က ပင်လောင်းမြို့နယ် တတန်ကူးကျေးရွာရှိ မယ်တော်ကို လာရောက် ဖျက်ဆီးခဲ့ပြီး လွန်ခဲ့သည့်...
တိုက်ပွဲများဆင်နွှဲဖို့ အသင့်ဖြစ်နေ ပြည်သူများ သတိထားသွားလာကြရန် SYFDA Rangers သတိပေး
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် တိုက်ပွဲ နှင့် တိုက်ခိုက်ရေးများ ဆင်နွှဲရန် အဆင်သင့် ဖြစ်နေသဖြင့် ပြည်သူများ သတိထားသွားလာကြန်ရန် SYFDA Rangers သတိပေး ထုတ်ပြန်ထားသည်။ ယနေ့ (မေလ ၁၁) ရက်တွင် SYFDA Rangers လူမှုကွန်ယက် Facebook Page စာမျက်နှာမှ တစ်ဆင့်...
မုံးကိုးမြို့နယ် တိုက်ပွဲများငြိမ်သက် စစ်ရှောင်များနေရပ်မပြန်နိုင်သေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာ ၃ ရွာမှ ဒေသခံများသည် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ မုံးကိုးမြို့နယ်ရှိ နမ့်ဟကျေးရွာ၊ နမ့်ယန်းကျေးရွာ နှင့် ကောင်းလုံကျေးရွာတို့မှ ပြည်သူများသည် တိုက်ပွဲများ ပြင်းထန်စဥ် ကာလတွင် ရွာတွင်းမှရှောင်တိမ်းရန် ကိုးကန့်တပ်မတော် MNDAA မှ ညွှန်ကြားခြင်း...
အသိတရားနဲ့ သတိအမြဲထားသင့်တဲ့ စကစ ငြိမ်းချမ်းရေး
SHAN -
ဧပြီလ ၂၂ ရက်နေ့တုန်းက အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ သက်ဆိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တွေ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပို့ဖို့ ရုပ်မြင်သံကြားကနေ အသိပေး ဖိတ်ကြားလိုက်ပါတယ်။ မေလ ၉ ရက်နေ့မှာတော့ အာဏာသိမ်း စစ်ကောင်စီ...
ငြိမ်းချမ်းရေးဆွေးနွေးပွဲ သျှမ်းတပ်နှစ်ဖွဲ့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့တက်မည်
အာဏာသိမ်းစစ်ကောင်စီမှ ဦးစီးပြီး ပြုလုပ်မည့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို သျှမ်းတပ်မတော် နှစ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ စုစုပေါင်း ၉ ဖွဲ့တက်ရောက်မည်ဟု စုံစမ်းသိရသည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဟု အကြောင်းပြကာ ပြုလုပ်မည့် အဆိုပါ စစ်ကောင်စီ၏ ဖိတ်ခေါ်ဆွေးနွေးမှု တွင် စစ်ရေးပဠိပက္ခရှိနေသည့် သျှမ်းတပ်မတော်နှစ်ဖွဲ့(SSA) လည်း တက်ရောက်မည်ဟု စစ်ကောင်စီဘက် တာဝန်ရှိသူများက မီဒီယာများထံဖြေဆိုထားသည်ကို တွေ့ရသည်။ သို့သော်လည်း သျှမ်းတပ်နှစ်ဖွဲ့နှင့် နီးစပ်သည့်...
မူဆယ်ခရိုင်အတွင်း တရက်တည်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ယမန်နေ့ (မေလ ၈ )ရက် ညနေခင်း အချိန်ပိုင်းအတွင်း စစ်ကောင်စီတို့သည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက် ညနေပိုင်း ၅ နာရီကျော်ဝန်းကျင်တွင် သျှမ်းပြည်မြောက်ပိုင်း သန္နီမြို့ အလွန် မန်ပိန်းကျေးရွာ အနီး၌ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး၊တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုတို့...
တာချီလိတ်နယ်စပ်ဂိတ်ဖွင့်ရန် ပြည်သူများ မျှော်လင့်နေ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ မြန်မာ - ထိုင်းနယ်စပ် ဂိတ်တံခါး ပိတ်ထားနေမှုကြောင့် မြန်မာဘက်မှ နယ်စပ်ဒေသခံများအတွက် ကုန်သွယ်ရေး စီးပွားရေးအပြင် ပညာရေး၊ကျန်းမာရေး အပိုင်းများလည်း ထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ပြီးခဲ့သည့် မေလ ၁ ရက်တွင် ထိုင်းအစိုးရဘက်မှ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းများမှ နယ်စပ်ဂိတ် များကို...
ကွတ်ခိုင်မြို့နယ် စစ်ရှောင်များ နေရာအသစ်ပြောင်းရန် အခက်အခဲရှိနေ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်းရှိနေသည့် စစ်ဘေးရှောင်များသည် နေရာအသစ်ကို ပြောင်းရွှေ့ရန်အတွက် အခက်ခဲများစွာရှိနေကြောင်း စုံစမ်းသိရှိရသည်။လက်ရှိ စစ်ဘေးရှောင်များနေထိုင်နေသည့် အသင်းတော် နယ်မြေနေရာတွင် နေထိုင်လာရာ ၁၀ နှစ်ကျော်ရှိနေပြီ ဖြစ်သည့်အတွက် နေရာအသစ်ကို ပြောင်းရွှေ့ရန် မြေနေရာ အခက်ခဲရှိနေကြောင်း သိရသည်။ “ ကျမတို့ အခုနေတဲ့ နေရာကလည်း အသင်းတော်တွေရဲ့...
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး ဖမ်းဆီးခံရပြီး နောက်ထပ်အမျိုးသားလူငယ်တစ်ဦးကိုလည်း အလိုရှိနေကြောင်း သီပေါမြို့မှ ရဲစခန်းအနီးတွင် ဗွီနိုင်းဖြင့် ချိတ်ထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၄ ရက် တွင် သီပေါမြို့ အနောက်ဘက် ရပ်ကွက်အတွင်းမှ အမျိုးသမီး...





