ဒုတိယအကြိမ် ထိုင်းဝန်ကြီးချုပ် ရွေးချယ်ရာမှာ အနိုင်မရခဲ့လျှင် တခြားပါတီကို ထောက်ခံသွားမည်ဟုဆို

ဒုတိယအကြိမ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် လွှတ်တော်အတွင်း မဲခွဲဝေ ဆုံးဖြတ်ရာမှာ ဝန်ကြီးချုပ်ဖြစ်ရန်အတွက် လုံလောက်သည့် မဲပမာဏ မရခဲ့လျှင် Pheu Thai Party ကို ဝန်ကြီးချုပ်အဖြစ် အမည် စာရင်းတင်သွားမည်ဟု Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် မှ ပြောကြားသည်။

Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ်

ဒီနေ့ ဇူလိုင် (၁၅) ရက် နေ့လည်ပိုင်းအချိန်မှာ Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် မှ အထက်လွှတ်တော်အမတ်များထဲမှ ဖိထားကို (၁၃) မဲ ထောက်ခံခြင်း နှင့် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် လွှတ်တော်အတွင်း ထောက်ခံသူ (၃၂၄) မဲ ကို ထောက်ခံမဲ ပေးသူကို ကျေးဇူးတင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူ့ မဲအများဆုံး အနိုင်ရခဲ့သည့် Move Forward Party မှ အစိုးရသစ်ဖွဲ့ရန် တာဝန်ရှိသည့်အတွက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

လာမယ့် ဇူလိုင် (၁၉) ရက်မှာလည်း ဒုတိယအကြိမ် ဝန်ကြီးချုပ် ကို အထက်လွှတ်တော်အတွင်း မဲခွဲ ဆုံးဖြတ်သွားမှာြဖစ်ပြီး ၎င်း ရက်မတိုင်ခင်မှာ MFP အနေဖြင့် အထက်လွှတ်တော်ရှိ အမတ်များကို ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ပြောသည်။

အစိုးရသစ် ဖွဲ့စည်းနိုင်ရန်အတွက် ညွှန့်ပေါင်းပါတီ (၈) ဖွဲ့မှ ပူးပေါင်း ဖွဲ့စည်းရမည်ဖြစ်ပြီး ဒုတိယမဲ အများဆုံး အနိုင်ရသည့် Pheu Thai Party မှလည်း ဝန်ကြီးချုပ် ဝင်ရောက်ရွေးချယ်သွားမည်ကို အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် (၁၃) ရက်နေ့က ပထမအကြိမ် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် အတွက် လွှတ်တော်မှ သတ်မှတ်ထားသည့် မဲပမာဏက (၃၇၆) မဲ ဖြစ်ပြီး လွှတ်တော်အမတ် ၇၀၀ ကျော်က ဝင်ရောက် မဲခွဲဆုံးဖြတ်ရာမှာ (၃၂၀) ကျော် သာ ထောက်ခံမဲရရှိခဲ့ပြီး ကန့်ကွက်မဲ (၁၄၈) မဲ၊ အထက်လွှတ်တော်ကိုယ်စားလှယ်မဲ (၁၂) မဲ နဲ့ ကြားနေမဲ (၁၉၈) မဲ ရှိခဲ့ပါသည်။

စစ်တပ်မှ ခန့်အပ်ထားသည့် အထက်လွှတ်တော် အမတ် (၂၅၀) ရှိခဲ့သည့်အတွက် ဖိထားအတွက် ဝန်ကြီးချုပ်ဖြစ်ရန် ရင်ဆိုင်နေရသည့် အဟန့်အတားတစ်ခုဖြစ်သည်။

ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားသည့် ဥပဒေကို ပြင်မယ်လို့ ကြုံးဝါးထားသည့် Move Forward Party ခေါင်းဆောင် ဖိထား ကို ထိုင်းဒီမိုကရေစီစနစ်ကို ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟုဆိုပြီး စစ်တပ်၏ အထက်လွှတ်တော်အမတ်များက စွပ်စွဲပြီး တခြားသော အမှုများနှင့် အရေးယူရန် ပြင်ဆင်ထားသည်။

ထို့အပြင် ဖိထား လင့်ဂျရုန်းရတ် ကို ဖျက်သိမ်းခံရပြီဖြစ်သည့် မီဒီယာကုမ္ပဏီ တစ်ခုမှာ အစုရှယ်ယာဝင်ထားသူဖြစ်သဖြင့် ရွေးကောက်ပွဲ စည်းကမ်းကို ဖောက်ဖျက်ခြင်း၊ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း မပြည့်မှီကြောင်း ဆိုပြီး အစိုးရဟောင်းအဖွဲ့က ဝိုင်းပြီး တိုင်ကြားတာတွေလည်း ရှိနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...