Tuesday, January 27, 2026

ဒုတိယအကြိမ် ထိုင်းဝန်ကြီးချုပ် ရွေးချယ်ရာမှာ အနိုင်မရခဲ့လျှင် တခြားပါတီကို ထောက်ခံသွားမည်ဟုဆို

ဒုတိယအကြိမ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် လွှတ်တော်အတွင်း မဲခွဲဝေ ဆုံးဖြတ်ရာမှာ ဝန်ကြီးချုပ်ဖြစ်ရန်အတွက် လုံလောက်သည့် မဲပမာဏ မရခဲ့လျှင် Pheu Thai Party ကို ဝန်ကြီးချုပ်အဖြစ် အမည် စာရင်းတင်သွားမည်ဟု Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် မှ ပြောကြားသည်။

Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ်

ဒီနေ့ ဇူလိုင် (၁၅) ရက် နေ့လည်ပိုင်းအချိန်မှာ Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် မှ အထက်လွှတ်တော်အမတ်များထဲမှ ဖိထားကို (၁၃) မဲ ထောက်ခံခြင်း နှင့် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် လွှတ်တော်အတွင်း ထောက်ခံသူ (၃၂၄) မဲ ကို ထောက်ခံမဲ ပေးသူကို ကျေးဇူးတင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူ့ မဲအများဆုံး အနိုင်ရခဲ့သည့် Move Forward Party မှ အစိုးရသစ်ဖွဲ့ရန် တာဝန်ရှိသည့်အတွက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

လာမယ့် ဇူလိုင် (၁၉) ရက်မှာလည်း ဒုတိယအကြိမ် ဝန်ကြီးချုပ် ကို အထက်လွှတ်တော်အတွင်း မဲခွဲ ဆုံးဖြတ်သွားမှာြဖစ်ပြီး ၎င်း ရက်မတိုင်ခင်မှာ MFP အနေဖြင့် အထက်လွှတ်တော်ရှိ အမတ်များကို ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ပြောသည်။

အစိုးရသစ် ဖွဲ့စည်းနိုင်ရန်အတွက် ညွှန့်ပေါင်းပါတီ (၈) ဖွဲ့မှ ပူးပေါင်း ဖွဲ့စည်းရမည်ဖြစ်ပြီး ဒုတိယမဲ အများဆုံး အနိုင်ရသည့် Pheu Thai Party မှလည်း ဝန်ကြီးချုပ် ဝင်ရောက်ရွေးချယ်သွားမည်ကို အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် (၁၃) ရက်နေ့က ပထမအကြိမ် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် အတွက် လွှတ်တော်မှ သတ်မှတ်ထားသည့် မဲပမာဏက (၃၇၆) မဲ ဖြစ်ပြီး လွှတ်တော်အမတ် ၇၀၀ ကျော်က ဝင်ရောက် မဲခွဲဆုံးဖြတ်ရာမှာ (၃၂၀) ကျော် သာ ထောက်ခံမဲရရှိခဲ့ပြီး ကန့်ကွက်မဲ (၁၄၈) မဲ၊ အထက်လွှတ်တော်ကိုယ်စားလှယ်မဲ (၁၂) မဲ နဲ့ ကြားနေမဲ (၁၉၈) မဲ ရှိခဲ့ပါသည်။

စစ်တပ်မှ ခန့်အပ်ထားသည့် အထက်လွှတ်တော် အမတ် (၂၅၀) ရှိခဲ့သည့်အတွက် ဖိထားအတွက် ဝန်ကြီးချုပ်ဖြစ်ရန် ရင်ဆိုင်နေရသည့် အဟန့်အတားတစ်ခုဖြစ်သည်။

ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားသည့် ဥပဒေကို ပြင်မယ်လို့ ကြုံးဝါးထားသည့် Move Forward Party ခေါင်းဆောင် ဖိထား ကို ထိုင်းဒီမိုကရေစီစနစ်ကို ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟုဆိုပြီး စစ်တပ်၏ အထက်လွှတ်တော်အမတ်များက စွပ်စွဲပြီး တခြားသော အမှုများနှင့် အရေးယူရန် ပြင်ဆင်ထားသည်။

ထို့အပြင် ဖိထား လင့်ဂျရုန်းရတ် ကို ဖျက်သိမ်းခံရပြီဖြစ်သည့် မီဒီယာကုမ္ပဏီ တစ်ခုမှာ အစုရှယ်ယာဝင်ထားသူဖြစ်သဖြင့် ရွေးကောက်ပွဲ စည်းကမ်းကို ဖောက်ဖျက်ခြင်း၊ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း မပြည့်မှီကြောင်း ဆိုပြီး အစိုးရဟောင်းအဖွဲ့က ဝိုင်းပြီး တိုင်ကြားတာတွေလည်း ရှိနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...