ပင်လောင်းမြို့နယ် ကျေးရွာလုံခြုံရေးအတွက် ဒေသခံများ စောင့်ဆိုင်းရမည်ဟု PNO အမိန့်ထုတ်
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျေးရွာလုံခြုံရေးအတွက် ဒေသခံများကို ၂၄နာရီအတွင်း ဂိတ်ဆောက်လုပ်ခိုင်းပြီး စောင့်ဆိုင်းရန် အမိန်စာထုတ် ပြန်ခဲ့ကြောင်း သတင်းသိရှိရသည်။ အဆိုပါ အမိန့်ထုတ်ပြန်စာစောင်ကို (မတ်လ ၂၅) ရက်က ထုတ်ပြန်ခဲ့ပြီး ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၏ လုံခြုံရေးကို ဒေသခံများအနေဖြင့် ရွာအဝင်အထွက်ကို ၂၄နာရီ ဂိတ်ဆောက်လုပ်ခိုင်းပြီး ဂိတ်စောင့်ခိုင်းကြောင်း၊ မစောင့်ဆိုင်းနိုင်ပါက တစ်ရက်လျှင် ကျပ် (၂၀,၀၀၀) ဒဏ်ငွေဆောင်ရန် ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားသည်။ “ ရွာအဝင် သံပန်းနဲ့တောင် လုပ်ခိုင်းတယ်။ PNO ကကျည်ဆံ ဝယ်ဖို့လည်း တစ်အိမ်ကို ၆ သောင်း ကောက်တယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး “ ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အလားတူ ပြည်သူ့စစ်တပ်ဖွဲ့ PNO အသုံးပြုရန် ကားဝယ်ဖို့အတွက် တစ်အိမ်ကို ကျပ်ငွေ ၂၀၀၀ နှင့် ရေပိုက်ဝယ်ရန် ကျပ်ငွေ ၅၀၀ မထည့်မနေရကောက်ခံမည်ဖြစ်ကြောင်း၊ ယခု (မတ်လ ၃၀) ရက်နောက်ဆုံးထားပြီး ထည့်ပေးရန် ရေးသားဖော်ပြထားသည်။ ထို့အပြင် ဒေသခံများအနေဖြင့် ရွာလုံခြုံရေးအတွက် ဂိတ်ဖွင့်ပြီး စောင့်ဆိုင်းရန်၊ ကျည်ဆံဖို့အတွက် ပိုက်ဆံ ထည့်ရန် ငွေရေးကြေးရေး အခက်ခဲရှိနေကြောင်း သိရသည်။ “ ဒီလိုအချိန်က ပိုက်ဆံရှာရခက်တဲ့အချိန်လေ။ အခုနောက်ပိုင်း PNO က ခေါင်းစဥ်အမျိုးမျိုးနဲ့ ပြည်သူဆီ ပိုက်ဆံကောက် တယ်” ဟု ပအိုဝ်း လူငယ်တစ်ဦးက ပြောသည်။ PNO သည် စစ်ကောင်စီ၏ လက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ လက်ရှိ သျှမ်း-ကရင်နီ( ကယားပြည်) ဘက်...
အပစ်ရပ် (၇) ဖွဲ့နှင့် NSPNC တို နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO) ၇ ဖွဲ့ နှင့်အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီNSPNC တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၂၈) ရက်တွင် NSPNC ၏ ဗဟိုဌာနရှိရာ နေပြည်တော်၌ တွေ့ဆုံခြင်းဖြစ်ပြီး NCA – S – EAO (၇) ဖွဲ့ အနေဖြင့်သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေးကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ငြိမ်းချမ်းရေး အဆင့်ဆင့် နှင့် ဖက်ဒရယ် အခြေခံမူများ စသည့် အကြောင်းအရာအများကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်းလည်း NCA – S – EAO (၇) က ထုတ်ပြန်ထားသည်။ အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် NCA – S – EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စဝ်စိုင်းငင်း (RCSS /SSA) ၊ ဒုတိယ အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် စောမြရာဇာလင်း (ALP) နှင့်နိုင်အောင်မငေး (NMSP) ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး စောကျော်သန်းဌေး (DKBA) ၊ ဗိုလ်မှူးကြီး စောကျော်ညွှန့်(KNU/KNLA-PC) ၊ ကျာဖူး (LDU) ဗိုလ်မှူးခွန်သိန်းမင်းသိန်း (PNLO) နှင့် အထောက်အကူပြု ကိုယ်စားလှယ် (၅) ဦး၊ စုစုပေါင်း(၁၂) ဦးဖြင့် NSPNC နှင့် တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။ ထို့နည်းတူပင် စစ်ကောင်စီ လက်အောက်ခံ NSPNC ဘက်မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့က တက်ရောက်ခဲ့ကြောင်း လည်း သိရသည်။ အပစ်ရပ် NCA – S – EAO နှင့် NSPNC တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသည် မတ်လ (၂၉) ရက်နေ့ အထိ ရှိမည်ဖြစ်ကြောင်းလည်း NCA – S –...
နိုင်ငံကူးလက်မှတ် PJ စာအုပ် ကိုယ်တိုင်သက်တမ်းတိုးရန် ခက်ခဲနေကြ
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံကူးလက်မှတ် PJ စာအုပ်ကို မြန်မာသံရုံးထံ ကိုယ်တိုင်သွားရောက် သက်တမ်းတိုးရာတွင် မကြာခဏ ရက်ရွှေ့မှုကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၄) ရက်က မြန်မာသံရုံးမှ ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်သူများ အနေဖြင့် ဖောဖော်ဝါရီလ ၁၃ ရက်တွင်...
ကျောက်မဲမြို့နယ်အတွင်း ဒေသခံများကို TNLA တပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု နမ့်ဟူးကျေးရွာ အတွင်းသို့...
မိုင်းစစ်ဆင်ရေး သို့မဟုတ် စစ်အုပ်စု အကြောက်ဆုံးအရာ
SHAN -
နိဒါန်း ၂၀၁၃ ခုနှစ်မှသည် ယနေ့အချိန် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်စဉ်ဖြစ်ရပ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရွေ့အပြောင်းများအား အစဉ်တစိုက်လေ့လာစောင့်ကြည့်လာခဲ့သည့် BNI-Myanmar Peace Monitor အနေ ဖြင့် စစ်အာဏာသိမ်းကာလအတွင်း ခုခံတော်လှန်စစ်အခြေအနေနှင့် အလားအလာဦးတည်ရာများ၊ စစ်ကောင် စီ၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ အပေါ် သက်ရောက်မှုများ၊ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲခုခံတော်လှန်စစ်ကြောင့်...
အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ NUG ၊ PDF များ နှင့် ကူညီထောက်ပံ့ပေးနေသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင်...
လက်ခုပ်ကိုတစ်ဖက်ထဲတီးတဲ့ထုံးကိုရပ်ကြစို့
SHAN -
၁၉၈၈-၉၀ တစ်ဝိုက်တွင် ဒီမိုကရေစီသည် ပဌမလား၊ ဖက်ဒရယ်သည် ပဌမလား၊ အကြိတ်အနယ်ဆွေးနွေးမှုဖြစ်ခဲ့ရာတွင် အဆုံး၌နှစ်ဖက်စလုံးက ဒီမိုကရေစီနှင့်ဖက်ဒရယ် သည် ဒင်္ဂါးပြား၏ခေါင်းနှင့်ပန်းပမာခွဲ၍မရကြောင်း၊ တူတူယှဥ်တွဲလုပ်ဆောင်မှသာ အောင်ပွဲ ခံရမည်ဖြစ်ကြောင်းသဘောတူသုံးသပ်ချက်ချခဲ့သည်ဟုသိရပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင်လက်ခုပ်ကိုနှစ်ဖက်တီးမှ အသံမြည်မည်ဖြစ်ကြောင်း သဘောတူခဲ့ကြခြင်းဖြစ်သည်။ သို့သော်တော်လှန်ရေးအနှစ် ၅၀ ကျော်အတွေ့အကြုံရှိခဲ့သောပအိုဝ်းခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ အဆိုအရ သမိုင်း၏ခါးသီးသည့်အတွေ့အကြုံမှသင်ခန်းစာကို ယခုထိယူရန်ခက်ခဲနေသေးကြောင်းတွေ့ရပါသည်။ ပဌမအတွေ့အကြုံမှာ ၁၉၆၉-၁၉၇၃ အတွင်း...
ပြည်ထောင်စုသမိုင်းဝင် လင်းခေးဦးထွန်းမြင့်
SHAN -
ရှမ်းအမျိုးသားသစ္စာဖေါက်လား? ရှမ်းမျိုးချစ် ပဒေသရာဇ်ဆန့်ကျင်ရေးသမားလား? လင်းခေးဦးထွန်းမြင့် သို့မဟုတ် ထွန်းမြင့်ကြီးမှာ သူနှင့်အမည်တူ တောင်ကြီးဦးထွန်းမြင့် သို့မဟုတ် ထွန်းမြင့်လေးနှင့် မတူသည်မှာ သူ့အကြောင်းကိုကိုယ်တိုင်သော်၄င်း၊ အခြားမိတ်ဆွေများကသော်၄င်း၊ ရေးသားမှုနည်းပါးခြင်းဖြစ်ပါသည်။ သူ့အကြောင်းကို စုံစုံစေ့စေ့ရေးသားသည်မှာသာယာဝတီအောင်ရှင်းက သူကွယ်လွန်ပြီး နောက်ထုတ်ဝေခဲ့သော အတ္ထုပ္ပတ္တိစာအုပ်သာရှိပါသည်။ ဤစာအုပ်ကိုရန်ကုန်စာအုပ်ဆိုင် ဟောင်းတစ်ခုတွင်အမှတ်မထင်တွေ့မိ၍ ဝယ်ခဲ့သော်လည်း ယခုမှ ဖတ်ရှုရခြင်းဖြစ်ပါ သည်။ သူ့အမြင်နှင့်စာရေးသူ၏အမြင်ပေါင်း၍ရေးသားသောကြောင့် အဓိပ္ပါယ်ကောက်...
SSPP အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီ နေပြည်တော် တွင်တွေ့ဆုံ
ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA အပါအဝင် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ကောင်စီ တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စုံစမ်း သိရသည်။ စစ်ကောင်စီ၏ လက်အောက်ခံ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး...
နမ္မတူ – ကျားစခန်း ရထားသံလမ်းဖြုတ်မှု ယာယီရပ်ဆိုင်း
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့ နှင့် ကျားစခန်းကို ဆက်သွယ်ထားသည့် ရထားသံလမ်းဖြုတ်မှု လုပ်ငန်းစဉ်သည် ယနေ့ (မတ်လ ၂၂ ) ရက်မှာ ယာယီ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (မတ်လ ၂၀ ရက်) မနက်ပိုင်း အချိန်မှစပြီး ဝင်းမြင့်မိုရ် ကုမ္ပဏီမှ ဦးဆောင်ပြီး...





