CATEGORY

နိုင်ငံရေး

ဆီဆိုင်မြို့ကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ဖျက်ဆီး၊ စစ်သား အလောင်းများ PNLA သင်္ဂြိုဟ် ပေးနေရ

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ဖျက်ဆီးနေပြီး မြို့တွင်း တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်သား အလောင်းအများအပြား ကျန်ခဲ့၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်နေ့)...

ကံဆိုးမိုးမှောင်ကျစေသည့် ပင်လုံစာချုပ်နှင့် လမ်းပျောက်နေသည့် သျှမ်းလူထု

အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နေသည်ဟု ကြွေးကြော်သည့် မြန်မာ စစ်တပ်သည် ဒေသခံများ အထွဋ်အမြတ်ထားသည့်ဘုရားကျောင်းကန်များကို လက်နက်ကြီးသာမက လေကြောင်းကပါ ပစ်ခတ်ဖျက်ဆီး၍ ၄င်းတို့၏ အမျက်ဒေါသကို ဖော်ပြနေသည်။

ဆီဆိုင်မြို့နယ် အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် PNLA စစ်ရေးတင်းမာ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအတွင်းသို့ အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ် နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်တို့သည် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဆိုက်ခေါင်ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံတပ်များသည် ဖေဖော်ဝါရီလ ၅ ရက်ကတည်းက ဆိုက်ခေါင်ကျေးရွာ၏ အရှေ့ဘက်သို့ အမြှောက်တပ်များ လာရောက်တပ်စွဲထားသကဲ့သို့ ဇောတိကရာမကျောင်းတိုက်အတွင်း အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီလက်အောက်ခံတပ်သားများ...

စစ်ရှုံးနေသည့် စစ်ကောင်စီက နိုင်ငံသားတိုင်း စစ်မှုထမ်းရမည့်ဉပဒေ ကျင့်သုံးတော့မည်ဟု ကြေညာ

စစ်ရေးအဖက်ဖက် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အားနည်းပါးလာသည့်အတွက်ကြောင့် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဉပဒေကို စတင်ကျင့်သုံး တော့မည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၁၀ )တွင် ကြေညာလိုက်သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်တွင် နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့်...

“ဝ”တပ်ဖွဲ့ UWSA မှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ဦး ကို မိုင်းရှူး အထိ လာရောက်ရှာဖွေ

သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် တရုတ်က အလိုရှိနေသည့် “ဝ”တပ်ဖွဲ့ UWSAမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် အရာရှိ ၂ ဦးကို တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းရှူးမြို့နယ်တွင် တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသခံ လက်နက်ကိုင်...

ငွေတောင်းကြမ်းသည့် လားရှိုး ခမရ (၆၈) တပ်က ဗိုလ်ကြီး မိုင်းနင်းမိ ခြေထောက်ဖြတ်လိုက်ရ

သျှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှ မိုင်းယော် အထွက်ဘက်ရှိ စစ်ကောင်စီ ခမရ (၆၈) တပ်ရင်းမှ ဗိုလ်ကြီး ဦးဆောင်၍ မိုင်းခင်းပြီးနောက် ဦးဆောင်သူ ဗိုလ်ကြီး မိုင်းနင်းမိသဖြင့် ခြေထောက် ဖြတ်လိုက်ရကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်တွင် ခမရ...

ရွာငံစစ်ရှောင် ကူညီသူမဲ့ ဆေးဝါးများနှင့် ရိက္ခာ လိုအပ်နေ

သျှမ်းပြည် ရွာငံမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်များ ဆေးဝါးနှင့် စားဝတ်နေရေး အတွက် အခက်အခဲ ကြုံတွေ့နေရပြီး ကူညီသူများမရှိကြောင်း သိရသည်။ သျှမ်းပြည် ရွာငံမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူများသည် ဒေသခံ အစွန်းအဖျားတွင်း စစ်ဘေးရှောင်နေရသူဦးရေ ၅၀ခန့်ရှိပြီး ဆေးဝါးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့ နေရပြီး တောထဲတွင်ရှာဖွေစားသောက်နေကြရကာ ကူညီသူများမရှိကြောင်း...

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် PNLA တိုက်ပွဲထပ်မံဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLA) တို့အကြား ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဖေဖော်ဝါရီလ ၈) ရက်တွင် ဆီဆိုင်မြို့နယ်၊ ဘန်းယဥ်တိုက်နယ်၊ ထီဗီကျေးရွာအနီး၌ အာဏာသိမ်း စစ်ကောင်စီ...

နမ့်ဖတ်ကာ KIA တပ်ဖွဲ့က စစ်ကောင်စီတပ်နှင့် နီးစပ်သူများကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ စစ်ကောင်စီတပ်နှင့် နီးစပ်သူများကို လိုက်လံဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေကြောင်း စုံစမ်းသိရသည်။ နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီတပ် ခလရ-၁၂၃ ကို ကချင်လွတ်မြောက်ရေးတပ် KIA က ဇန်နဝါရီလ ၂၅ ရက်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KIA တပ်ဖွဲ့မှ စစ်ကောင်စီတပ်နှင့်...

သိန္နီမြို့သို့ နေရပ်ပြန် စစ်ရှောင်များ အိမ်ခြံဝန်းထဲ စစ်သားအလောင်းများတွေ့

သျှမ်းပြည်သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆အနီးရှိ နေအိမ်များတွင် စစ်သားအလောင်းများတွေ့ရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ သိန္နီမြို့နယ်တွင် တိုက်ပွဲများငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များသည် မိမိနေအိမ်သို့ ပြန်သွားကြည့်ချိန် နေအိမ်ခြံဝန်းအတွင်း စစ်သားအလောင်းများအား တွေ့ရှိပြီး ပြန်လည်တူးဖော်ကာ အခြားနေရာသို့သွားမြုပ်ပေးနေရကြောင်း သိန္နီမြို့ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ အဆိုပါ စစ်သားအလောင်းများသည် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တိုက်ပွဲကြောင့် ကျဆုံးသွားသည့်...

Latest news