Saturday, February 14, 2026

CATEGORY

နိုင်ငံရေး

မူဆယ် M2 ဟိုတယ်ရှေ့ လင်မယားနှစ်ဦး သေနတ်ပစ်ခံရ၊ အမျိုးသားသေဆုံးပြီး အမျိုးသမီး ဒဏ်ရာရ

သျှမ်းပြည် မူဆယ်မြို့ M2 ဟိုတယ်ရှေ့တွင် လင်မယားနှစ်ဦးကို ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ သေနတ်ကိုင်ဆောင်သူများမှ သေနတ်ပစ်ခတ်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) မွန်းလွဲ ၂ နာရီခန့်တွင် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ M2 ဟိုတယ်ရှေ့တွင် လင်မယားနှစ်ဦးကို ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ သေနတ်ကိုင်ဆောင်သူနှစ်ဦးမှ...

ပုံးအင်း ဒေသ အမျိုးသားတစ်ဦး အသတ်ခံရသည့် အလောင်းတွေ့

သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် အမျိုးသားတစ်ဦး သေဆုံးနေသည့် အလောင်းကို ဒေသခံများက ရွာအနီး တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ ဖိုင်လင်းကျေးရွာရှိ စာသင်ကျောင်းအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) နံနက်ပိုင်း၌ အမျိုးသားတစ်ဦး ညိုမည်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းကို ဒေသခံများက...

မူဆယ်စာအုပ်အနီ ပြုလုပ်သူများ အခက်ကြုံ၊ မာရှယ်လော အကျုံးမဝင်

သျှမ်းပြည် မူဆယ်မြို့နယ်တွင် တရုတ်နယ်စပ် ဖြတ်သန်းခွင့်စာအုပ် ပြုလုပ်သူများအတွက် လူဝင်မှုကြီးကြပ်ရေး လဝက အရာရှိများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်က မူဆယ် ခရိုင်လဝကရုံးမှ တရုတ်နယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်အနီ) ကိုင်ဆောင်ပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလကုန်တွင် ၁ နှစ်သက်တမ်း...

PNO အမိန့်အရ ဆိုက်ခေါင်ဒေသခံများ စစ်ဝတ်စုံနှင့် သေနတ်ကိုင်ဆောင်ကင်းလှည့်ပေးနေရ

သျှမ်းပြည်ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် PNOအဖွဲ့၏ အမိန့်အာဏာအရ ဒေသခံများသည် စစ်ဝတ်စုံနှင့်သေနတ်ကိုင်ဆောင်ပြီး လုံခြုံရေးကင်းလှည့်ပေးနေရကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင် ဦးခွန်သန်းထိုက်အောင် (ခ) ဦးထိုက်အောင်နှင့် ဦးကောပိတမှ ဦးဆောင်ပြီး တစ်အိမ်လျှင် ၁ ဦး မဖြစ်မနေ ကင်းလှည့်စောင့်ပေးရန် (ဇန်နဝါရီလ ၁၅ ရက်)...

ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်း ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်း ၈ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယမန် (ဖေဖော်ဝါရီလ ၁၇ ရက်) ညပိုင်း ၈ နာရီဝန်းကျင်မှစပြီး ဘန်းယဉ်ကျေးရွာအခြေစိုက် ခမရ ၄၂၅၊ ၄၂၆...

ဆီဆိုင်မြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ် အရပ်သား ၂ဦးသေ၊ ၇ဦးဒဏ်ရာရ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဘန်းယဉ်ကျေးရွာ စစ်ကောင်စီ၏ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၂၅ နှင့် ၄၂၆ တပ်ရင်းမှနေ၍ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ဘန်းယဉ်ကျေးရွာအရှေ့ဘက်ရှိ...

မိုင်းဖုန်းဆရာတော်ထံ စက်လှေ လှူဒါန်းခဲ့သည့် SSPP

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖ အမှူးပြုသော အရာရှိစစ်သည်များက မိုင်းဖုန်းဆရာတော်ထံသို့ စက်လှေ လှူဒါန်းခဲ့ကြောင်း သတင်းသိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်တွင် တာချီလိတ်မြို့နယ် ရွှေတြိဂံနယ်မြေရှိ မိုင်းဖုန်းဆရာတော် စံကျောင်းတွင် SSPP/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖ အမှူးပြု၍ SSPP ပြောရေးဆိုခွင့်ရှိသူ...

စစ်ကောင်စီဒရုန်းဖြင့်တိုက်ခိုက် ကျောက္ကဆျား ဒေသခံများပြင်းထန်ဒဏ်ရာရရှိ

သျှမ်းတောင်၊ ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာတွင် စစ်ကောင်စီမှ ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် ရွာသားတစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိိကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၁၅ရက်တွင် ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီတပ်မှ ဒရုန်ဖြင့် ပစ်သဖြင့် ရွာသားများဝိုင်းဖွဲ့ထိုင်နေစဥ် ရွာသားတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။ "ရွာသားတွေက ထိုင်ပြီး စကားပြောနေကြတာ။ စစ်တပ်က...

သျှမ်းလူထုကို သွားရောက်တွေ့ဆုံသည့် RCSS ဥက္ကဌ

သျှမ်းပြည် မိုင်းပန်မြို့နယ်တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်မှ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီခန့်မှ စတင်ပြီး မိုင်းပန်မြို့နယ် နားမွန်(ၼႃးဝွၼ်) ကျေးရွာတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်မှ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး...

လူငယ် ၂၀၀ လျှင် ၁ ဦး စစ်မှုထမ်းရမည်၊ ဧည့်စာရင်းစစ် ဖမ်းဆီးမှုများရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံ

၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ် ၁၄ သန်းနီးပါးရှိပြီး ယခုနှစ် လူငယ် ၂၀၀ လျှင် ဦးနှုန်း စစ်မှုထမ်းရန် ခေါ်ယူမည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်)...

Latest news