CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး ဖမ်းဆီးခံရဟုဆို

သမဝါယမဘဏ် လိမိတက် (CB ဘဏ်) ဥက္ကဋ္ဌ ဦးခင်မောင်အေး ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း နေပြည်တော် သတင်းရင်းမြစ်က ယနေ့ (မေလ ၁၀ ရက်) တွင် ပြောသည်။

နာမည်ကျော် ခရိုနီဖြစ်သူ ဦးခင်မောင်အေး ကို ယခုရက်ပိုင်း အတွင်းက ဖမ်းဆီးပြီး နေပြည်တော်တွင် စစ်ဆေးနေကြောင်း၊ မည်သည့် ကိစ္စဖြင့် ဖမ်းဆီးသည်ကိုမူ မသိရှိရသေးကြောင်း ၎င်းကဆိုသည်။

“ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်လို့တော့ ကြားတယ်။ အဲဒီကိစ္စလား တခြား ကိစ္စလားတော့ သေချာမသိရသေးဘူး။ ဒီနေ့ သောကြာနေ့မှာ ပြန်လွတ်နိုင်တယ်။ မလွတ်ရင်တော့ အမှုဖွင့်ခံရနိုင်တယ်” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသည့် ဦးခင်မောင်အေး ၏ ပိုင်ဆိုင်မှုများအား စာရင်း ပြုစုရန် စစ်ကောင်စီက အမိန့်ပေးထားကြောင်း တခြားသတင်းရင်းမြစ်က ဆိုသည်။

“သူ့ပိုင်ဆိုင်မှုတွေက အများကြီး၊ တနိုင်ငံလုံးမှာ သူ့နာမည်ပေါက် အိမ်ခြံမြေတွေ မနည်းဘူး။ ပိုင်ဆိုင်မှုအားလုံး စာရင်းလုပ်ခိုင်းထားတယ်။ ဘာကြောင့် လုပ်ခိုင်းတာလဲတော့ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။

ဦးခင်မောင်အေး ဖမ်းဆီးခံရမှု နောက်ဆက်တွဲကို သျှမ်းသံတော်ဆင့် အနေဖြင့် ထပ်မံ စုံစမ်းနေဆဲ ဖြစ်သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ မွေးထုတ်ခဲ့သည့် ခရိုနီ ဦးခင်မောင်အေးသည် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် သမ္မတ အကြံပေးအဖြစ် ပိုမိုချမ်းသာကြွယ်ဝလာပြီး NLD အစိုးရကိုမူ ဘက်ပေါင်းစုံမှ တိုက်ခိုက်ခဲ့ရာ မီဒီယာ တချို့အား နောက်ကွယ်မှ ထောက်ပံ့ခဲ့သူ အဖြစ် သတင်းထွက်ခဲ့ဖူးသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင် အမိန့်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဧဒင်ဦးချစ်ခိုင်၊ ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟ၊ မြန်မာသူရကျောက်စိမ်း ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရ စသည့် နာမည်ကျော် လုပ်ငန်းရှင်များ ဖမ်းဆီးထောင်ချ ခံထားရသည်မှာ ယနေ့တိုင်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...