Wednesday, January 28, 2026

CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး ဖမ်းဆီးခံရဟုဆို

သမဝါယမဘဏ် လိမိတက် (CB ဘဏ်) ဥက္ကဋ္ဌ ဦးခင်မောင်အေး ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း နေပြည်တော် သတင်းရင်းမြစ်က ယနေ့ (မေလ ၁၀ ရက်) တွင် ပြောသည်။

နာမည်ကျော် ခရိုနီဖြစ်သူ ဦးခင်မောင်အေး ကို ယခုရက်ပိုင်း အတွင်းက ဖမ်းဆီးပြီး နေပြည်တော်တွင် စစ်ဆေးနေကြောင်း၊ မည်သည့် ကိစ္စဖြင့် ဖမ်းဆီးသည်ကိုမူ မသိရှိရသေးကြောင်း ၎င်းကဆိုသည်။

“ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်လို့တော့ ကြားတယ်။ အဲဒီကိစ္စလား တခြား ကိစ္စလားတော့ သေချာမသိရသေးဘူး။ ဒီနေ့ သောကြာနေ့မှာ ပြန်လွတ်နိုင်တယ်။ မလွတ်ရင်တော့ အမှုဖွင့်ခံရနိုင်တယ်” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသည့် ဦးခင်မောင်အေး ၏ ပိုင်ဆိုင်မှုများအား စာရင်း ပြုစုရန် စစ်ကောင်စီက အမိန့်ပေးထားကြောင်း တခြားသတင်းရင်းမြစ်က ဆိုသည်။

“သူ့ပိုင်ဆိုင်မှုတွေက အများကြီး၊ တနိုင်ငံလုံးမှာ သူ့နာမည်ပေါက် အိမ်ခြံမြေတွေ မနည်းဘူး။ ပိုင်ဆိုင်မှုအားလုံး စာရင်းလုပ်ခိုင်းထားတယ်။ ဘာကြောင့် လုပ်ခိုင်းတာလဲတော့ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။

ဦးခင်မောင်အေး ဖမ်းဆီးခံရမှု နောက်ဆက်တွဲကို သျှမ်းသံတော်ဆင့် အနေဖြင့် ထပ်မံ စုံစမ်းနေဆဲ ဖြစ်သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ မွေးထုတ်ခဲ့သည့် ခရိုနီ ဦးခင်မောင်အေးသည် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် သမ္မတ အကြံပေးအဖြစ် ပိုမိုချမ်းသာကြွယ်ဝလာပြီး NLD အစိုးရကိုမူ ဘက်ပေါင်းစုံမှ တိုက်ခိုက်ခဲ့ရာ မီဒီယာ တချို့အား နောက်ကွယ်မှ ထောက်ပံ့ခဲ့သူ အဖြစ် သတင်းထွက်ခဲ့ဖူးသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင် အမိန့်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဧဒင်ဦးချစ်ခိုင်၊ ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟ၊ မြန်မာသူရကျောက်စိမ်း ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရ စသည့် နာမည်ကျော် လုပ်ငန်းရှင်များ ဖမ်းဆီးထောင်ချ ခံထားရသည်မှာ ယနေ့တိုင်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...