Monday, May 20, 2024

ဆီဆိုင်တွင် ဒေသခံ နှစ်ဦး မိုင်းနင်းမိပြီး တစ်ဦးသေဆုံး၊တစ်ဦး ဒဏ်ရာပြင်းထန်ရ

Must read

သျှမ်းပြည်နယ်တောင်ပိုင်း ၊ဆီဆိုင်မြို့ နယ်တွင် နေအိမ်ပြန်လာကြည့်ကြသော ဒေသခံနှစ်ဦး မိုင်းနင်းမိကြပြီး တစ်ဦး သေဆုံးပြီး နောက်တစ်ဦးပြင်းထန်စွာဒဏ်ရာရသည့်အပြင် ခြေထောက်တစ်ဖက်လည်း ပြတ်သွားခဲ့ကြောင်း သိရသည်။

မေလ ပထမပတ်အတွင်းတွင် မြကန်သာရပ်ကွက်နေ အသက်၃၂နှစ်အရွယ် မောင်နျားသည် နေအိမ်ပြန်လာရင်း မွှေတော်ဘုရားအနီးတွင် မိုင်းနင်မိပြီး ဒဏ်ရာရရှိပြီးနောက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၄၂၃တပ်မှ တပ်သားများ သယ်ဆောင်သွားခဲ့ပြီး နောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုနောက် မေလ၈ရက်နေ့တွင်အသက်၃၀ကျော်နောင်ရင်းရွာနေ အမျိုးသားတစ်ဦးသည်လည်း ရွာပြန်ရင်း ရွာမရောက်ခင်ရေချောင်းနား မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“မောင်နျားက ချက်ချင်းမသေဘူး ဗမာစစ်သားတွေ လာသယ်ပြီးမှ ၄၂၃တပ်မှာ သေသွားတယ်။သေဆုံးသွားတော့ သူ့အလောင်းကိုလည်း ပြန်မရဘူး။နောက်တစ်ယောက်ကတော့ ခြေတစ်ဖက် လုံးလုံးပျက်စီး၊ကြေမွသွားတယ်။ခု တောင်ကြီးမြို့ဆေးရုံမှာ ဆေးကုသနေရတယ်”ဟု ဆီဆိုင်မြို့ခံအမျိုးသားတစ်ဦးကပြောသည်။

ဆီဆိုင်မြို့တွင် ယခုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မပေါက်ကွဲသေးသည့် စစ်ကျန် အသုံအဆောင်ပစ္စည်းများ၊လက်နက်ကြီးများနှင့်မြေမြုပ်မိုင်းများစွာ ကျန်ရှိခဲ့ကြောင်း သိရသည်။

ရှမ်းတောင်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ရှောင်ရင်း နေအိမ် ရိက္ခာ ပြန်လာယူသဖြင့် မြေမြုပ်မိုင်းနင်းမိသည့် ဒေသခံမှာ ၁၀ဦးထက်မနည်းရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article