ခိုလမ်တွင် နေအိမ်တလုံးမီးလောင်
သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲတွင် စျေးအနီးနေအိမ်တလုံးမီးလောင်မှုဖြစ်ပွါးရာ ဒေသခံများစိုးရိမ်ထိတ်လှန့်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ မတ်လ ၁၃ ရက် ယနေ့နေ့လည်ပိုင်းက ရပ်ကွက် ၄ ရှိ ဦးလုံးဆုပညာ ပါ့နန်းခမ်းအောင်တို့၏နေအိမ်အား မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် လူထုထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ကြောင်း မီးလောင်သည့်အိမ်အနီးတွင်နေထိုင်သည့် ခိုလမ်ဒေသခံလူငယ် စိုင်းဆေ က သျှမ်းသံတော်ဆင့်အားပြောသည်။ "၂ ထပ်ခွဲရှိတယ်သူတို့အိမ်က။ အိမ်အပေါ်ထပ်မှာဝုန်းခနဲမြည်ပြီး မီးထ လောင်တာ။...
နမ့်လန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ကျည်စ ထိမှန်
သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့နယ် နားမခေါ် ကျေးရွာ အနောက်ဘက် နမ့်မော်လုံ ရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ အမျိုးသားတဦး ကျည်စ ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၁၂ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ကျည်စ ထိမှန်သူသည် အသက် ၂၅ နှစ် အရွယ် စိုင်းကာလိန်...
တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် RCSS/SSA ကိုယ်စားလှယ်များတွေ့ဆုံ
တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာ သျှမ်းပြည်မြောက်ပိုင်း တွင်ဖြစ်ပွါး နေသော ကိစ္စရပ်များအပြင်တခြားအချက်အလက်များဆွေးနွေးခဲ့ကြောင်းသိရသည်။ မတ်လ ၁၂ ရက်နေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာ၌ တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။ ထိုသို့တွေ့ဆုံရာတွင် တပ်မတော်၊ RCSS/SSA နှင့် SSPP/SSA အဖွဲ့တို့ သုံးပွင့်ဆိုင် ဆွေးနွေးရေး...
“ နယ်စည်းမခြား ပရဟိတ (သီပေါ)” ကို ကျားခေါင်း ပါတီ မှ ဂုဏ်ပြု
လူသားချင်းစာနာမှုဖြင့် စစ်ဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ခဲ့သည့် “ နယ်စည်းမခြား ပရဟိတ (သီပေါ)” အား သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်းသိရသည်။ သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့တွင် စစ်ဘေးသင့် ပြည်သူများ အား လူမျိုးမရွေး လူသားချင်း စာနာမှု သက်သက်ဖြင့် အချိန်မရွေး...
NRPC နှင့် RCSS/SSA တို့နေပြည်တော်တွင် ခေါင်းစဉ်ကြီး ၇ ခု ဆွေးနွေး
အစိုးရ၏ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန NRPC နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရာ အဓိက ခေါင်းစဉ်ကြီး ၇ ခုအားဆွေးနွေးခဲ့ကြကြောင်းသိရသည်။ မတ်လ ၁၁ ရက်နေ့က ပြုလုပ်သော တွေ့ဆုံပွဲတွင် အဓိက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက် သောခေါင်းစဉ်နှင့် RCSS/SSA နှင့်ပတ်သက်သည်ဟုဆိုကာ...
တီကျစ်ကျောက်မီးသွေး စက်ရုံအကြောင်း ရိုက်ကူးထားသည့် မျက်နှာမဲကြီးရဲ့ကျိန်စာ ရုပ်ရှင်ပြပွဲ ပြုလုပ်
ဒေသခံများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း များက အပြင်းအထန်ကန့်ကွက်နေသည့် သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသတွင်းရှိ “ တီကျစ်ကျောက်မီးသွေးလျှပ်စစ်ဓာတ်အား ပေးစက်ရုံ” အကြောင်း ပါ၀င်သည့် (မျက်နှာမဲကြီးရဲ့ ကျိန်စာ ) စုံစမ်းဖော်ထုတ် မှတ်တမ်းရုပ်ရှင်ပြပွဲ တရပ် ပြုလုပ်ကျင်းပခဲ့သည်။ အဆိုပါရုပ်ရှင်မှတ်တမ်းပြပွဲအား မတ်လ (၉) ရက်နေ့က ရန်ကုန်မြို့ Orchid...
SSPP တပ်စခန်းကို အစိုးရတပ်မတော် စစ်လေယာဉ်ဖြင့်တိုက်
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ၊ မိုင်းကိုင်မြို့နယ်၊ မိုင်းရယ်မြို့နယ် နှင့် သီပေါမြို့နယ်ကြား လွယ်ပန်ခါးတောင်ကြောရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို အစိုးရတပ်မတော် စစ်ကြောင်းက စစ်လေယာဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက တိုက်ခိုက်သည်ဟုသိရသည်။ ၂၀၁၉ မတ် ၁၀ ရက်နေ့ နံနက် ရ အချိန်မှ...
အစိုးရတပ်အား TNLA ချောင်းပစ် မိုင်းငေါ့မြို့ခံတဦးထိမှန်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ အတွင်း အစိုးရတပ်မတော် စစ်ကြောင်း တခုအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကစောင့်ကြပ်ပစ်ခတ်ရာ စျေးရောင်းဖို့သွားသည့် ဒေသ ခံ အမျိုးသမီး တဦးအားထိမှန်ကြောင်း သတင်းရရှိသည်။ မတ်လ ၉ ရက် နံနက် ၁၀ နာရီကျော်အချိန် မိုင်းငေါ့မြို့ အနောက်ဘက် ရန်ကင်းတောင်ဘုရားကုန်းပေါ်တွင်...
သျှမ်း တောင်-မြောက် နယ်စပ်ကြား SSPP/SSA ၏တပ်စခန်းတခုအား အစိုးရတပ်မတော် အင်အားသုံးတက်တိုက်
သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ်အတွင်း လွယ်ပန်ခါးအရပ်ဘက်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။ ၂၀၁၉ မတ်လ ၈ ရက် မွန်းတည့်ချိန်မှစပြီး မွန်းလွဲပိုင်းအထိ သီပေါမြို့နယ် ၊ ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်စပ်အကြား လွယ်ပန်ခါးတွင် တိုက်ပွဲဖြစ်ပွါးနေကြောင်း၊ မိုင်းကိုင် - တုံလောဘက်မှ တပ်များအင်အားထပ်မံဖြည့်တင်းမှုပြုနေကြောင်း မျက်မြင်ဒေသခံများပြောပြချက်အရသိရသည်။ သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသော SSPP/SSA အရာရှိတဦးက-...
တိုင်းရင်းသားချင်း တိုက်ပွဲကြား ပျောက်ဆုံးနေသည့် မန်လီဒေသခံများပြန်လွှတ်ရန် ဆုတောင်းပွဲပြုလုပ်
သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် မန်လီ ရွာသား ၁၀ ဦးကျော် ပြန်လွှတ်မြောက်လာရေး အတွက် ယမန်နေ့ မနက်ပိုင်းတွင် စစ်ဘေးရှောင်များ က ဆုတောင်းပွဲ ပြုလုပ်ကြကြောင်း သိရသည်။ အဆိုပါ မန်လီ ကျေးရွာ ဒေသခံ ၁၀ ဦးကျော် သည် မတ် ၁...






