Tuesday, January 27, 2026

“ နယ်စည်းမခြား ပရဟိတ (သီပေါ)” ကို ကျားခေါင်း ပါတီ မှ ဂုဏ်ပြု

လူသားချင်းစာနာမှုဖြင့် စစ်ဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ခဲ့သည့် “ နယ်စည်းမခြား ပရဟိတ (သီပေါ)” အား သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်းသိရသည်။

Photo Credit to SNLD“ နယ်စည်းမခြား ပရဟိတ (သီပေါ)” အား ကျားခေါင်း ပါတီ မှ ဂုဏ်ပြုသည့်အခမ်းအနား

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့တွင် စစ်ဘေးသင့် ပြည်သူများ အား လူမျိုးမရွေး လူသားချင်း စာနာမှု သက်သက်ဖြင့် အချိန်မရွေး သက်စွန့်ဆံဖျား ကူညီပေးသည့် “ နယ်စည်းမခြား ပရဟိတ (သီပေါ)” အသင်းအား သီပေါမြို့နယ် သျှမ်း တိုင်းရင်းသား များဒီမိုကရေစီ အဖွဲ့ချုပ် မှ မတ်လ ၉ ရက်နေ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးခဲ့ခြင်းဖြစ်သည်။

“ နာရေးကိစ္စတွေ ကူညီဆောင်ရွက်တဲ့နေရာကနေ ၃ နှစ်အတွင်းမှာ စစ်ဘေးရှောင်တွေရှိလာတော့လည်း ရှေ့တန်းမှာ မားမားမတ်မတ် ကူညီ ကယ်ဆယ်နိုင်ခဲ့တယ်။ နေ့ ည မနား၊ ဖြစ်ပြီးဆိုရင် အမြဲ အားကိုးရတဲ့အဖွဲ့ ဖြစ်တော့ ကျနော် တို့ပါတီကဂုဏ်ပြုရတာဖြစ်ပါတယ်။ ကျနော်တို့က အချင်းချင်း အားပေးတဲ့ သဘောပါ” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ သျှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။

Photo Credit to SNLD“ နယ်စည်းမခြား ပရဟိတ (သီပေါ)” အား ကျားခေါင်း ပါတီ မှ ဂုဏ်ပြုသည့်အခမ်းအနား

စစ်ဘေးသင့် ပြည်သူများကို တိုက်ပွဲများကြားမှ အသက်ကို ပမာန မထားဘဲ ကယ်ထုတ်ခြင်းသည် “ နယ် စည်းမခြား ပရဟိတ” အသင်း၏ ကောင်းမွန်သည့် စေတနာဖြစ်ကြောင်း စိုင်းဝမ်းလှိုင်းခမ်း က ပြောသည်။

“ တဖက်မှာလည်း တိုက်ကြ ခိုက်ကြ သတ်ဖြတ်မှုတွေရှိသလို လူမှု ကွန်ရက် စာမျက်နှာပေါ်မှာ သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေပေမယ့် တဖက်မှာ ဒုက္ခရောက်နေချိန် အသက်ကို စွန့်ပြီး ကယ်နေတာ တွေရှိနေပါတယ် ဆိုတာ မီးမှောင်းထိုးပြ ဖို့ လိုပါတယ်” ဟု သူက ထပ်လောင်း ပြောသည်။

Photo Credit to SNLD“ နယ်စည်းမခြား ပရဟိတ (သီပေါ)” အား ကျားခေါင်း ပါတီ မှ ဂုဏ်ပြုသည့်အခမ်းအနား

“ နယ်စည်းမခြား ပရဟိတ (သီပေါ) ” သည် နားရေ ကူညီမှုလုပ်ငန်းများ ကူညီဆောင်ရွက်နေသည့် အပြင် လက်ရှိမှာ သျှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ဘေးရှောင် များ အတွက် ဘေးကင်းလုံခြုံသည့်နေရာ ရောက်ရှိအောင် ကယ်ထုတ်ပေးခြင်း၊ တိုက်ပွဲများကြားတွင် လည်း အသက်ကို စွန့်ကာ ကူညီမှုများ ဆက်လက် လုပ်ဆောင်မှုများပြုလုပ်သည့် အသင်း တခုဖြစ်သည်။

“ ကိုယ့် တိုင်းရင်းသားအချင်းချင်းကနေပြီး ကျနော်တို့ကို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝမ်းသာပါတယ်။ ကျနော်တို့ အလိုချင်ဆုံးက ပြည်သူလူထုရဲ့ အားပါ။ အဲ့အား က အရမ်းအရေးကြီးပါတယ်။ အဲ့အားတွေနဲ့ပဲ ကျနော်တို့ ရှင်သန်နေရတဲ့အတွက် ကျေးဇူးပါ” ဟု နယ်စည်းမခြား ပရဟိတ (သီပေါ) မှ ကိုမျိုးက ပြောဆိုလိုက်သည်။

Photo Credit to SNLD“ နယ်စည်းမခြား ပရဟိတ (သီပေါ)” အား ကျားခေါင်း ပါတီ မှ ဂုဏ်ပြုသည့်အခမ်းအနား

လက်ရှိမှာ စစ်မြေပြင် တွင် ကွင်းဆင်းကာ စစ်ဘေးသင့်များကို ကယ်ထုတ်သည့် အခါ စိန်ခေါ်မှု၊ အခက်အခဲများစွာရှိသော်လည်း ဒုက္ခရောက်နေသည့် တိုင်းရင်းသားများအား သွားကူသည့်အခါ အတားအဆီးများမရှိစေချင်ကြောင်း၊ အားလုံးမှလည်း လူသားချင်း စာနာစိတ်ဖြင့် ဝိုင်းဝန်း ပြီး ကူညီပေးစေချင်ကြောင်းလည်း ကိုမျိုးက ဆိုသည်။

“သျှမ်းမြောက် ဒေသအတွင်း တိုက်ပွဲများ အမြန်းဆုံး ရပ်တန့်ကာ၊ ကိုယ့်ဒေသ ကိုယ်နေရပ် အမြန်ပြန်ပြီး အလုပ်လုပ်စေချင်ပြီ ” ဟုလည်း ကိုမျိုးက ပြောသည်။

သျှမ်းမြောက် သီပေါမြို့နယ် အတွင်းတိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့နယ် အတွင်း စစ်ဘေးရှောင် ၂ ထောင်ကျော် ရှိနေကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...

သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော်...