နမ့်လန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ကျည်စ ထိမှန်

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့နယ် နားမခေါ် ကျေးရွာ အနောက်ဘက် နမ့်မော်လုံ ရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ အမျိုးသားတဦး ကျည်စ ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

Photo credit to Zawnyi Nyikyi- မတ်လ ၁၂ ရက်နေ့က နမ့်လန်မြို့ နားမခေါ်ရွာအနီး ပစ်ခတ်မှုကြောင့် ကျည်စ ထိမှန်ဒဏ်ရာရသည့် အသက် ၂၅ နှစ် အရွယ် စိုင်းကာလိန်

မတ်လ ၁၂ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ကျည်စ ထိမှန်သူသည် အသက် ၂၅ နှစ် အရွယ် စိုင်းကာလိန် ဆိုသူဖြစ်ကြောင်း၊ ကုန်းဆော့အုပ်စု မန်မိုင်ရွာသား ဖြစ်ကြောင်း၊ ကျည်စသည် ၄င်း၏ ကုတ် တွင်ထိမှန် ခဲ့ကြောင်း Dear Ranger အခမဲ့လူမှု ကူညီရေးအဖွဲ့ မှ ကိုဇော်ညီညီ က ပြောသည်။

“မနေ့က ကျည်စမှန်တာပါ။ ဒါပေမယ့် ကျနော်တို့ က ဒီနေ့ မနက် ၆နာရီ မှ သွားခေါ်တယ်။ ၉ နာရီ မှ နမ့်လန် ဆေးရုံရောက်တယ်။ သူကို လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်စရာ ရှိတာ လုပ်ပြီး သီပေါ ဆေးရုံ ကို ပြန်ပို့လိုက်ပါပြီ” ဟု ဇော်ညီညီ က ဆိုသည်။

ကျည်စ ထိမှန်သည့် မောင်ကာလိန် ၏ ဒဏ်ရာသည် မပြင်းထန်သော်လည်း ကုတ်တွင်ရှပ်မှန်သဖြင့် ဒဏ်ရာရသဖြင့် နမ့်လန်ဆေးရုံ မှ သီပေါမြို့ ဆေးရုံသို့ ပို့ဆောင်ရခြင်းဖြစ်ကြောင်း လူမှု ကူညီရေး အသင်းမှ ဇော်ညီညီ က ဆိုသည်။

လတ်တလော သီပေါမြို့နယ် နမ့်လန် မြို့ အတွင်း ဆက်တိုက်ဖြစ်ပွါးသော တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့ကြောင်း သိရသည်။

နမ့်လန်မြို့   နားမခေါ် ကျေးရွာ တွင် ယမန်နေ့ ညနေထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲသည် မည်သည့်အဖွဲ့များမှဖြစ်ပွားသည်ကို မသိရှိကြောင်းလည်း လူမှု ကူညီရေး အသင်းမှ ပြောကြားသည်။ သို့သော်အဆိုပါဒေသတွင် RCSS ၊ SSPP နှင့်အစိုးရတပ်များ လှုပ်ရှားသွားလာ သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

“ တယောက်နဲ့ တယောက် ခံယူချက် မတူပေမယ့် လူဆိုတဲ့ စာနာ စိတ်ရှိရင်တော့ ကောင်းတာပေါ့။ အခုဆို မိုးတွင်းရောက်တော့မယ်။ စားဝတ်နေရေးလည်း မလုပ်နိုင်။ မိသားစုလည်း ဟိုပြေး ဒီပြေး ဖြစ်နေကြတယ်” ဟု စစ်ဘေးရှောင် ကူညီပေးနေသည့် ကိုဇော်ညီညီ ကဆိုသည်။

တိုက်ပွဲကြောင့် နမ့်လန်မြို့နယ် မန်လီကျေးရွာတွင် စစ်ဘေးရှောင် ၁၄၀၀ ကျော်ထိ ရှိလာပြီး၊ ယမန်နေ့ တိုက်ပွဲကြောင့် နားမခေါ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၁၇၀ ကျော် ရောက်ရှိလာကြောင်း သိရသည်။

“လက်ရှိမှာတော့ စားဝတ်နေရေး မှာ အခက်အခဲ မရှိပေမယ့် ရက်ရှည်လာရင် စားဝတ်နေရေး အတွက် ခက်ခဲလာနိုင်ပါတယ်။ မိုးတွင်းဆိုရင် ပိုပြီး အခက်အခဲ ဖြစ်လာနိုင်တယ်” လည်း ကိုဇော်ညီညီ က ဖြည့်စွက််ပြောကြားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

မိုးကုတ် စစ်ကော်မရှင်တပ် အင်အားဖြည့် စစ်ကြောင်းထိုး၊ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့တွင် စစ်ကော်မရှင်တပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းထိုးခြင်းကြောင့် တော်လှန်ရေးအင်အားစု PDF တပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်းမှ စတင်၍ မိုးကုတ်မြို့နယ်ရှိ ချောင်းကြီးနှင့် ရှမ်းကုန်းစံ ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု PDF တပ်များ...
MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...