Friday, April 19, 2024

SSPP တပ်စခန်းကို အစိုးရတပ်မတော် စစ်လေယာဉ်ဖြင့်တိုက်

Must read

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ၊ မိုင်းကိုင်မြို့နယ်၊ မိုင်းရယ်မြို့နယ် နှင့် သီပေါမြို့နယ်ကြား လွယ်ပန်ခါးတောင်ကြောရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို အစိုးရတပ်မတော် စစ်ကြောင်းက စစ်လေယာဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက တိုက်ခိုက်သည်ဟုသိရသည်။

Photo Google Map- တိုက်ပွဲဖြစ်ပွါးသည့် လွယ်ပန်ခါးဒေသ

၂၀၁၉ မတ် ၁၀ ရက်နေ့ နံနက် ရ အချိန်မှ စ၍ အစိုးရတပ်မတော် စစ်ကြောင်းက မိုင်းတုံကျေးရွာ အုပ်စုဘက်မှ စစ်ကြောင်းတကြောင်း၊ ၀မ်လီဘက်မှ စစ်ကြောင်းတကြောင်းဖြင့်ထိုးစစ်ဆင်သည့်အပြင် ညနေပိုင်း ၄ နာရီ အချိန်တွင် လေကြောင်းမှလည်းကူတိုက်သည်ဟု သိရှိရသည်။

“စစ်ရဟတ်ယာဉ်နဲ့ လာတိုက်တာ လူထု နှစ်ယောက် ထိမှန်တယ်။ ပန်ခါးရွာသား။ တိုက်ပွဲပြင်းထန်တယ် ဒီနေ့။ အစိုးရတပ်က စစ်ကြောင်း နှစ်ကြောင်းနဲ့ တက်တိုက်တယ်။ အာစီအက်စ်အက်စ်က ပါကန်းကနေ တက်တိုက်တယ်။ အစိုးရတပ်ကော အာစီတပ်ကော စုပေါင်း အင်အား ၅၀၀ လောက်ရှိမယ်။ ရ ရက်နေ့က တည်းက သူတို့ စုပေါင်းပြီး လာတိုက်နေတာ”- ဟု SSPP/SSA တပ်မှူး တဦးဖြစ်သည့် စိုင်းကွန်း က ပြောသည်။

တောင်ကြီးမြို့ RCSS ဆက်ရုံးရေးရုံးအရာရှိချုပ်လည်းဖြစ်၊ ပြောရေးဆိုခွင့်လည်းဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီးစိုင်းဦးက – “ကျနော်တို့တပ်မပါဘူး။ တိုက်ပွဲက အစိုးရ တပ်မတော် နဲ့ SSPP/SSA တို့ ဘဲ တိုက်ပွဲဖြစ်တာ” – ဟု သျှမ်းသံတော်ဆင့်သို့ မတ်လ ၈ ရက်နေ့ကပြောသည်။

Photo by Tai Hun Mai: ကျည်စထိမှန်ဒဏ်ရာရသည့်ဒေသခံရွာသူတဦး

ယနေ့တိုက်ပွဲကြောင့် ဒေသခံရွာသား ၃ ဦးလည်း ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

သျှမ်းလက်နက်ကိုင်တပ်များဖြစ်သည့် သျှမ်းပြည်တပ်မတော် – SSPP နှင့် RCSS တို့သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ် နှင့် နမ္မတူမြို့နယ် အတွင်း နယ်မြေအငြင်းပွား မှုကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည်။ တိုက်ပွဲကြောင့် ဒေသခံ ၂၅၀၀ ကျော် နေရပ်မှ စွန့်ခွါနေရသည်။

သျှမ်းလက်နက်ကိုင်နှစ်တပ် တိုက်ပွဲဖြစ်ပွားနေချိန် အစိုးရတပ်မတော်က ဒီဇင်ဘာ ၂၁ ရက်နေ့မှ စ၍ တဘက်သတ် အပစ်ခတ် ၄ လ ရပ်နားထားမည်ဟု ကြေငြာထားသော်လည်း SSPP တပ်စခန်းများအား ဦးတည်တိုက်ခိုက်လာခြင်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article