SSPP တပ်စခန်းကို အစိုးရတပ်မတော် စစ်လေယာဉ်ဖြင့်တိုက်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ၊ မိုင်းကိုင်မြို့နယ်၊ မိုင်းရယ်မြို့နယ် နှင့် သီပေါမြို့နယ်ကြား လွယ်ပန်ခါးတောင်ကြောရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို အစိုးရတပ်မတော် စစ်ကြောင်းက စစ်လေယာဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက တိုက်ခိုက်သည်ဟုသိရသည်။

Photo Google Map- တိုက်ပွဲဖြစ်ပွါးသည့် လွယ်ပန်ခါးဒေသ

၂၀၁၉ မတ် ၁၀ ရက်နေ့ နံနက် ရ အချိန်မှ စ၍ အစိုးရတပ်မတော် စစ်ကြောင်းက မိုင်းတုံကျေးရွာ အုပ်စုဘက်မှ စစ်ကြောင်းတကြောင်း၊ ၀မ်လီဘက်မှ စစ်ကြောင်းတကြောင်းဖြင့်ထိုးစစ်ဆင်သည့်အပြင် ညနေပိုင်း ၄ နာရီ အချိန်တွင် လေကြောင်းမှလည်းကူတိုက်သည်ဟု သိရှိရသည်။

“စစ်ရဟတ်ယာဉ်နဲ့ လာတိုက်တာ လူထု နှစ်ယောက် ထိမှန်တယ်။ ပန်ခါးရွာသား။ တိုက်ပွဲပြင်းထန်တယ် ဒီနေ့။ အစိုးရတပ်က စစ်ကြောင်း နှစ်ကြောင်းနဲ့ တက်တိုက်တယ်။ အာစီအက်စ်အက်စ်က ပါကန်းကနေ တက်တိုက်တယ်။ အစိုးရတပ်ကော အာစီတပ်ကော စုပေါင်း အင်အား ၅၀၀ လောက်ရှိမယ်။ ရ ရက်နေ့က တည်းက သူတို့ စုပေါင်းပြီး လာတိုက်နေတာ”- ဟု SSPP/SSA တပ်မှူး တဦးဖြစ်သည့် စိုင်းကွန်း က ပြောသည်။

တောင်ကြီးမြို့ RCSS ဆက်ရုံးရေးရုံးအရာရှိချုပ်လည်းဖြစ်၊ ပြောရေးဆိုခွင့်လည်းဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီးစိုင်းဦးက – “ကျနော်တို့တပ်မပါဘူး။ တိုက်ပွဲက အစိုးရ တပ်မတော် နဲ့ SSPP/SSA တို့ ဘဲ တိုက်ပွဲဖြစ်တာ” – ဟု သျှမ်းသံတော်ဆင့်သို့ မတ်လ ၈ ရက်နေ့ကပြောသည်။

Photo by Tai Hun Mai: ကျည်စထိမှန်ဒဏ်ရာရသည့်ဒေသခံရွာသူတဦး

ယနေ့တိုက်ပွဲကြောင့် ဒေသခံရွာသား ၃ ဦးလည်း ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

သျှမ်းလက်နက်ကိုင်တပ်များဖြစ်သည့် သျှမ်းပြည်တပ်မတော် – SSPP နှင့် RCSS တို့သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ် နှင့် နမ္မတူမြို့နယ် အတွင်း နယ်မြေအငြင်းပွား မှုကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည်။ တိုက်ပွဲကြောင့် ဒေသခံ ၂၅၀၀ ကျော် နေရပ်မှ စွန့်ခွါနေရသည်။

သျှမ်းလက်နက်ကိုင်နှစ်တပ် တိုက်ပွဲဖြစ်ပွားနေချိန် အစိုးရတပ်မတော်က ဒီဇင်ဘာ ၂၁ ရက်နေ့မှ စ၍ တဘက်သတ် အပစ်ခတ် ၄ လ ရပ်နားထားမည်ဟု ကြေငြာထားသော်လည်း SSPP တပ်စခန်းများအား ဦးတည်တိုက်ခိုက်လာခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...