သျှမ်း တောင်-မြောက် နယ်စပ်ကြား SSPP/SSA ၏တပ်စခန်းတခုအား အစိုးရတပ်မတော် အင်အားသုံးတက်တိုက်

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ်အတွင်း လွယ်ပန်ခါးအရပ်ဘက်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။

Photo Google Map- တိုက်ပွဲဖြစ်ပွါးသည့် လွယ်ပန်ခါးဒေသ

၂၀၁၉ မတ်လ ၈ ရက် မွန်းတည့်ချိန်မှစပြီး မွန်းလွဲပိုင်းအထိ သီပေါမြို့နယ် ၊ ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်စပ်အကြား လွယ်ပန်ခါးတွင် တိုက်ပွဲဖြစ်ပွါးနေကြောင်း၊ မိုင်းကိုင် – တုံလောဘက်မှ တပ်များအင်အားထပ်မံဖြည့်တင်းမှုပြုနေကြောင်း မျက်မြင်ဒေသခံများပြောပြချက်အရသိရသည်။

သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသော SSPP/SSA အရာရှိတဦးက- “ ဒီနေ့တိုက်ပွဲက မွန်းတည့်ချိန်က စ တယ်။ မွန်းလွဲပိုင်းအထိ တိုက်ပွဲကပြင်းထန်နေတုန်းပါဘဲ။ တုံလောဘက်က စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်အင် အားတွေထပ်ဖြည့်နေတယ်။ မနေ့ကတိုက်ပွဲမှာကော ဒီနေ့တိုက်ပွဲမှာကော အစိုးရတပ်နဲ့အတူ RCSS/SSA တပ်တွေပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

SSPP ၏လွယ်ပန်ခါးတပ်စခန်းမှာ နမ့်လန် – ကျေးသီး – မိုင်းကိုင်ကြား သီပေါမြို့အရှေ့တောင်ဘက် အရပ်တွင် တည် ရှိပါသည်။ အဆိုပါတိုက်ပွဲသည် လူနေရပ်ရွာနှင့် ဝေးသော တောတွင်း တောင်ကုန်းတွင်ဖြစ်ပွါး ခဲ့ခြင်း ဖြစ် ကြောင်း ဆိုပါသည်။

၄င်းနှင့်ပတ်သက်ပြီး RCSS/SSA ကပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဦး က – “နားမခေါ်ဘက်မှာ SSPP နဲ့ အစိုးရစစ်တပ် တိုက်နေတယ်ဆိုတာတော့ တကယ်ဟုတ်တယ်။ ဒါပေမယ့် RCSS/SSA တပ်တော့မပါဘူး။ အစိုးရစစ်တပ်နဲ့ပေါင်းပြီး တက်တိုက်တယ်ဆိုတာလုံးဝ မဟုတ်ပါဘူး။ ကျနော်တို့တိုက်ပွဲဖြစ်ရင် အစိုးရစစ်တပ်က မနီးမဝေးနေ စောင့်နေတတ်ပါတယ်။ ဒါကြောင့် ထင်ယောင်ထင်မှားတွေဖြစ် လေ့ရှိပါတယ် ”- ဟု သျှမ်းသံတော် ဆင့်အားပြော သည်။

SSPP ၏ လွယ်ပန်ခါးတပ်စခန်းအား မတ်လ ရ ရက် ယနေ့မနက်ပိုင်းက အစိုးရတပ်က ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် အစိုးရတပ်၏ တပ်ကြပ်ကြီး တစ်ဦး ၊ တပ်ကြပ် တစ်ဦးနှင့် တပ်သား တစ်ဦး တို့၏အလောင်းများတွေ့ရကြောင်း SSPP ကပြောသည်။

အစိုးတပ်မတော်သည် ၂၀၁၈ ဒီဇင်ဘာလမှ ၂၀၁၉ ဧပြီလအထိ ၄ လ တာကာလအတွင်း တဖက်သတ်အပစ်ရပ်ထားမည်ဟု ကြေငြာထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...