Wednesday, January 28, 2026

သျှမ်း တောင်-မြောက် နယ်စပ်ကြား SSPP/SSA ၏တပ်စခန်းတခုအား အစိုးရတပ်မတော် အင်အားသုံးတက်တိုက်

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ်အတွင်း လွယ်ပန်ခါးအရပ်ဘက်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။

Photo Google Map- တိုက်ပွဲဖြစ်ပွါးသည့် လွယ်ပန်ခါးဒေသ

၂၀၁၉ မတ်လ ၈ ရက် မွန်းတည့်ချိန်မှစပြီး မွန်းလွဲပိုင်းအထိ သီပေါမြို့နယ် ၊ ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်စပ်အကြား လွယ်ပန်ခါးတွင် တိုက်ပွဲဖြစ်ပွါးနေကြောင်း၊ မိုင်းကိုင် – တုံလောဘက်မှ တပ်များအင်အားထပ်မံဖြည့်တင်းမှုပြုနေကြောင်း မျက်မြင်ဒေသခံများပြောပြချက်အရသိရသည်။

သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသော SSPP/SSA အရာရှိတဦးက- “ ဒီနေ့တိုက်ပွဲက မွန်းတည့်ချိန်က စ တယ်။ မွန်းလွဲပိုင်းအထိ တိုက်ပွဲကပြင်းထန်နေတုန်းပါဘဲ။ တုံလောဘက်က စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်အင် အားတွေထပ်ဖြည့်နေတယ်။ မနေ့ကတိုက်ပွဲမှာကော ဒီနေ့တိုက်ပွဲမှာကော အစိုးရတပ်နဲ့အတူ RCSS/SSA တပ်တွေပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

SSPP ၏လွယ်ပန်ခါးတပ်စခန်းမှာ နမ့်လန် – ကျေးသီး – မိုင်းကိုင်ကြား သီပေါမြို့အရှေ့တောင်ဘက် အရပ်တွင် တည် ရှိပါသည်။ အဆိုပါတိုက်ပွဲသည် လူနေရပ်ရွာနှင့် ဝေးသော တောတွင်း တောင်ကုန်းတွင်ဖြစ်ပွါး ခဲ့ခြင်း ဖြစ် ကြောင်း ဆိုပါသည်။

၄င်းနှင့်ပတ်သက်ပြီး RCSS/SSA ကပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဦး က – “နားမခေါ်ဘက်မှာ SSPP နဲ့ အစိုးရစစ်တပ် တိုက်နေတယ်ဆိုတာတော့ တကယ်ဟုတ်တယ်။ ဒါပေမယ့် RCSS/SSA တပ်တော့မပါဘူး။ အစိုးရစစ်တပ်နဲ့ပေါင်းပြီး တက်တိုက်တယ်ဆိုတာလုံးဝ မဟုတ်ပါဘူး။ ကျနော်တို့တိုက်ပွဲဖြစ်ရင် အစိုးရစစ်တပ်က မနီးမဝေးနေ စောင့်နေတတ်ပါတယ်။ ဒါကြောင့် ထင်ယောင်ထင်မှားတွေဖြစ် လေ့ရှိပါတယ် ”- ဟု သျှမ်းသံတော် ဆင့်အားပြော သည်။

SSPP ၏ လွယ်ပန်ခါးတပ်စခန်းအား မတ်လ ရ ရက် ယနေ့မနက်ပိုင်းက အစိုးရတပ်က ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် အစိုးရတပ်၏ တပ်ကြပ်ကြီး တစ်ဦး ၊ တပ်ကြပ် တစ်ဦးနှင့် တပ်သား တစ်ဦး တို့၏အလောင်းများတွေ့ရကြောင်း SSPP ကပြောသည်။

အစိုးတပ်မတော်သည် ၂၀၁၈ ဒီဇင်ဘာလမှ ၂၀၁၉ ဧပြီလအထိ ၄ လ တာကာလအတွင်း တဖက်သတ်အပစ်ရပ်ထားမည်ဟု ကြေငြာထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...