Tuesday, January 27, 2026

တီကျစ်ကျောက်မီးသွေး စက်ရုံအကြောင်း ရိုက်ကူးထားသည့် မျက်နှာမဲကြီးရဲ့ကျိန်စာ ရုပ်ရှင်ပြပွဲ ပြုလုပ်

ဒေသခံများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း များက အပြင်းအထန်ကန့်ကွက်နေသည့် သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသတွင်းရှိ “ တီကျစ်ကျောက်မီးသွေးလျှပ်စစ်ဓာတ်အား ပေးစက်ရုံ” အကြောင်း ပါ၀င်သည့် (မျက်နှာမဲကြီးရဲ့ ကျိန်စာ ) စုံစမ်းဖော်ထုတ် မှတ်တမ်းရုပ်ရှင်ပြပွဲ တရပ် ပြုလုပ်ကျင်းပခဲ့သည်။

Photo by SHAN- ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပသော မျက်နှာမဲကြီးရဲ့ ကျိန်စာ မှတ်တမ်းရုပ်ရှင်ပြပွဲ

အဆိုပါရုပ်ရှင်မှတ်တမ်းပြပွဲအား မတ်လ (၉) ရက်နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့ပါသည် ။

“ ကျနော်ဒီကားကို (၈) လကျော်နီးပါးလောက်လုပ်ခဲ့တယ် ၊ ကျောက်မီးသွေးအကြောင်း အရာကို ကျောရိုးထားပြီး တော့မြန်မာနိုင်ငံမှာရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတွေ ပြည်တွင်းကလုပ်ငန်း ရှင်ကြီးတွေက မြန်မာနိုင်ငံကချမှတ်ထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာမှုရှိရဲ့လား ၊ စီးပွား ရေးသမားတွေရဲ့ ကျင့်ဝတ်အတိုင်းတကယ်လုပ်ဆောင်နေလား ၊ အစိုးရကိုယ်တိုင်က ဒေသခံတွေ ၊ ပြည်သူလူထုတွေ နဲ့ပတ်သက်လာရင် ဘယ်လောက်အထိအရေးတယူ ထားပြီးတော့ဂရုစိုက် ပြီးတော့ ကျင့် ကြံ ပြုမှုနေလည်းဆိုတဲ့ အကြောင်းအရာတွေကို တင်ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီကားကိုလုပ်ဖြစ်တာပါ’’ ဟု အဆိုပါမှတ်တမ်းရုပ်ရှင် ရိုက်ကူးသူဒါရိုက်တာ ကိုဉာဏ်ကြီးက ရှင်းပြသည် ။

တီကျစ်ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ ပိတ်သိမ်းဖို့ အစိုးရဖက်မှနှောင့်နှေးနေမှုသည် ပြည်သူလူထု အကျိုးစီးပွါး၊ နိုင်ငံအကျိုးစီးပွားအတွက် မဟုတ်သော နောက်ကွယ်မှအကျိုးစီးပွားများပါ၀င်နေသည်ဟု MATA သျှမ်းပြည်နယ်အဖွဲ့ခွဲ မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်မိုးက ပြောသည် ။

“ တကယ်လို့ အစိုးရအနေနဲ့ ဒီနောက်ကွယ်က အကျိုးစီးပွားတွေကို အကာအကွယ်ပေးနေမယ်ဆိုရင် ဒါဟာ လူထုအစိုးရမဟုတ်ဘူး ။ ဒီနေ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးအတွက်ဆိုပြီးကျောက်မီးသွေးတွေ တူးဖော်အသုံး ပြုနေကြတယ် ။ အဲ့ဒီ ကျောက်မီးသွေးအသုံးပြုတဲ့နေရာကြောင့် ပဲ လူထုတွေ အခက်အခဲ ဒုက္ခတွေကြုံတွေ့ နေရတယ် ။ ဒီကျောက်မီးသွေးတူးဖော်တဲ့ တစ်ဖက်က ကုမ္ပဏီတွေကလည်း လက်ရှိတည်ဆဲ ဥပဒေတွေကို ပါးပါးနပ်နပ် နဲ့ချိုးဖောက်နေတယ် ။ အစိုးရရဲ့တာဝန်ရှိသူ တွေကလည်းဒီချိုးဖောက်မှုတွေပေါ်မှာ တာဝန်ယူမှုတာဝန်ခံမှှု ပျက်ကွက်နေကြတယ်ဆိုတဲ့ ဖြစ်ရပ်မှန်ကို ဒါရိုက်တာကနေစုံစမ်း ထောက်လှမ်းပြီးတော့မှ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုပေါ့ ” ဟု ၄င်းကဆက်လက်ပြောသည် ။

Photo by villager / တီကျစ် ကျောက်မီးသွေးစက်ရုံအလိုမရှိကြောင်း 2016 က လူထုဆန်ဒပြပုံ

တီကျစ်ကျောက်မီးသွေးစက်ရုံ စီမံကိန်းအနီးတစ်ဝိုက်ရှိ ရေနှင့် လေအရည်အသွေးကို တိုင်းတာရာတွင် လူကို အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းပါ၀င်မှုနှုန်းမြင့်မားနေသည်ဟုအရပ်ဘက်လူမှုအဖွဲ့အစည်း တစ်ခု ဖြစ်သည့် MATA ၏ သုတေသနစာတမ်း ပြုချက်ပါရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ပေးပို့ခဲ့ပြီးဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါအစီရင်ခံစာနှင့် ပက်သက်၍ ဆက်လက်လုပ်ဆောင်သင့်ကြောင်း ဌာနတွင်းအကြံပြုစာ ကို MATA မှလက်ခံရရှိထားကြောင်း သိရသည် ။

“ တီကျစ်ကျောက်မီးသွေးစက်ရုံ နောက်ဆုံးအခြေအနေကတော့ လွန်ခဲ့တဲ့ တလလောက်က နေ့လည် ၁၁ လောက်မှာပေါက်ကွဲသံတွေကြားတယ် ၊ ကလေးတွေ စာမေးပွဲဖြေချိန်ပါ ။ ပေါက်ကွဲသံကို ရ မိုင်အထိကြား တယ် ၊ နာရီဝက်လောက်ပေါက်ကွဲတယ် ။ စက်ရုံရဲ့ဆိုးကျိုးကတော့ အဲ့ဒီကထွက်တဲ့ ပြာတွေလွင့်တယ် ၊ သတ္တုအမှုန်တွေပေါ့ ။ စိုက်ခင်းတွေထဲလွင့်တယ် ၊ လူတွေရဲ့အသက်ရှူလမ်းကြောင်းထဲ ၀င်တာကြောင့် ကလေးငယ်တွေ အာရုံကြော ဖွံ့ဖြိုးမှုနှောင့်နှေးတယ် ၊ ယားယံတာတွေဖြစ်တယ် ။ ကိုယ်ဝန်ဆောင် မိခင် တွေဆိုရင် သန္ဓေသား ပျက်ကျမှုနှုန်းမြှင့်မားလာတယ် အဲ့တာကျနော်တို့ လက်တွေ့ခံစားနေရတာပဲ ။ ဒီစီမံကိန်းကြီးကို လုပ်မှဖြစ်မယ်ဆိုရင် နိုင်ငံတော်အဆင့်ကအကြီးအကဲတွေ ဒီအောက်ခြေအထိဆင်းပြီးတော့ ထိထိရောက်ရောက်ဆောင်ရွက်ပေးပါလို့ ပြောချင်ပါတယ် ” ဟု တီကျစ်ဒေသခံတစ်ဦးဖြစ်သူ ဦးစိန်သောင်းကပြောသည် ။

ကျောက်မီးသွေး ထုတ်လုပ်ခွင့်ကို ပြည်ထောင်စုအစိုးရကခွင့်ပြုချက်ပေးခြင်းဖြစ်ပြီး ကျောက်မီးသွေးသယ် ယူခွင့်ကိုတော့ကို ပြည်နယ်အစိုးရမှ ခွင့်ပြုပေးရကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီးတွင်ထုတ်လုပ်သယ်ယူ ပို့ဆောင်ခွင့် စာရွက်အတုများဖြင့် လုပ်ကိုင်နေ ကြကြောင်း အဆိုပါမှတ်တမ်းရုပ်ရှင် ပါအချက်အလက် များအရသိရသည် ။

တီကျစ်ကျောက်မီးသွေး သတ္ထုတွင်းမှာ မျက်နှာပြင် ဧက ၅၀၀ အထိ ကျယ်ဝန်းသော မြန်မာနိုင်ငံ၏ အကြီးဆုံး ကျောက်မီးသွေးတွင်းဖြစ်ပြီး တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၀၁ ခုနှစ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးကောင်စီ (နဝတ) အစိုးရလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့ သည်။ တရုတ်နိုင်ငံ အမျိုးသားအကြီးစား စက်မှုလုပ်ငန်းကော်ပိုရေးရှင်း ကုမ္ပဏီ (China National Heavy Machinery Corporation-CHMC) က ၂၀၀၂ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် စက်ပျက်ခြင်း၊ နည်းပညာအားနည်းခြင်း ၊ ဒေသခံပြည်သူ များက ရပ်ဆိုင်း ရန် တောင်းဆိုးခြင်းများကြောင့် ခေတ္တရပ်နားခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့တွင် ဓာတ်အားပေးစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ Wuxi Huanggaung Electric Power Engineering ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ယူပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် ရောင်းချ

0
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ...

ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းတို့ကြောင်း ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ကျေးသီးဘက်မှာက...

တာချီလိတ် ရေကြီးမှု အဆိုးရွားဆုံးကြုံတွေ့နေရ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ရေလျှံသည် ယခုနှစ်အတွင်း ၈ကြိမ်တိုင်ခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေဖြစ်ကာ ပိတ်မိနေသူများရှိနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့ပတ်လည်ရှိဒေသများတွင် ရေကြီး၊ရေလျှံမှုကြောင့် နေအိမ်အဆောက်အဉီး အားလုံးနီပါး မြှုပ်ကုန်ပြီး၊ အများစုသည် ရှောင်တိမ်းရန် ခက်ခဲသဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်နေရသည်။ ထို့ပြင် ရေကြီးမှု ရုတ်တရက်ဖြစ်ပွားသဖြင့် အိမ်ထဲပိတ်မိနေသည့် ပြည်သူများရှိကြောင်း တာချီလိတ်မြို့ဒေသခံ တစ်ဉီးက...

ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ...

သီပေါမြို့နယ် ကျောက်မီးသွေးတူးသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျောက်မဲခရိုင်အတွင်းမှ လူငယ်များ စုပေါင်းကာ သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုအတွင်း ကျောက်မီးသွေး တူးနေသည့် ငွေရည်ပုလဲ...