CATEGORY

သတင်း

ကျောက်မီးသွေးတွင်းတွင် အောက်စီဂျင်ပြတ်၍ လူ ၃ ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာအုပ်စု၊ လွိုင်လုံ တောင်အရှေ့ဖက် ရှိကျောက် မီးသွေးတွင်း၌ မိုင်းတွင်း အလုပ်သမားများ အောက်ဆီဂျင်ပြတ်ကာ ၃ ဦး သေဆုံးကြောင်းသိရသည်။ ဧပြီလ ၅ ရက်နေ့က သေဆုံးမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့၏ အလောင်းများအား ဧပြီလ ၆ ရက်နေ့က ဆွေမျိုးမိဘများက အသုဘချ...

နှစ်ပေါင်း ၃၀ နီးပါး တပ်မှသိမ်းသွားသောလယ်ယာမြေများအား လူထု ၂၀၀ ကျော်လမ်းလျှောက်ဆန္ဒဖော်ထုတ်ပြန်တောင်း 

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် သိမ်းဆည်းခံထားရသောလယ်ယာမြေများအား လူထုထံပြန်လည်အပ်နှံပေးဖို့ တောင်သူလယ်သမားရာနှင့်ချီ လမ်းလျှောက်ဆန္ဒဖော် ထုတ်ခဲ့ကြကြောင်းသိရသည်။ ဧပြီလ ၅ ရက် ယနေ့နံနက် ၉ နာရီမှ မွန်းတည့်ချိန်အထိ လားရှိုးမြို့ ခေးနင်း ဘူတာမှ မြို့တော်ခန်းမအထိ လူထု ၂၀၀ ကျော်သည် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး လားရှိုးမြို့ တပ်ရင်း...

ထမ်ဖီမျဲန်းရှာပုံတော် ဒုတိယအကြိမ်

(ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းလေ့လာပြီး ပြုစုရေးသားထားတဲ့ ဆောင်းပါးရှင် – စိုင်းမျိုး မိန်းနိုင်း (phimenologist)) ထမ်ဖီမျဲန်းလော ၊ လွယ်ဖီမျဲန်းလော ထမ်ဖီမျဲန်းရှာဖွေရေးမုဆိုးများဖြစ်ကြသည့် ကျွနု်ပ်တို့သည် နံနက်စောစီးစွာအိပ်ယာထကာ မိမိတို့၏ စွမ်းအင်လိုအပ်ချက်ရိက္ခာများထုပ်ပိုးပြီးနောက် ထမ်ဖီမျဲန်းရှိသည်ဟု သတင်းအချက်အလက်ရထားသော နေရာဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။ ကျွနု်ပ်တို့သွားလေ့လာကြမည့် ထမ်ဖီမျဲန်းနေရာသစ်နှင့် ကျွနု်ပ်တို့ရောက်ခဲ့ဖူးသော ထမ်ဖီမျဲန်းရှိသည့်နေရာသည် များစွာဝေးကွာခြင်းမရှိပါ ။ ရောက်ခဲ့ဖူးသောနေရာ နှင့်ထပ်မံရှာဖွေသောနေရာသည်...

ရှင်ပြုခါနီးမောင်ရင်လောင်းနှစ်ဦးအား ဌာနေပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား 

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တွင်းရှိ တဘက်ကျေး ရွာအုပ်စု ၊ မဲဟဲရွာ ဘုန်းတော် ကြီးကျောင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ လူတဦးက သေနတ်ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းပေါ်အထိတက်ပြီး အိပ်ပျော်နေသော ကလေး ၂ ဦးအား ပစ်သတ်ခဲ့သည့်အမှုဖြစ်ပွါးခဲ့သည်။ မတ်လ (၃၁) ရက်နေ့ ၊ ည ၁၁...

သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN၏ ကံစမ်းမဲ ၅၀ ခန့် အားလုံးဆုမဲပေါက်

သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN တည်ထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနားတွင်ဖွင့်လှစ်သော ကံစမ်းမဲများအားလုံး ကံထူးရှင်များက လက်ခံရရှိသွားသည်ဟုသိရသည်။ SWAN ၏ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အခမ်းအနားအား သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် မတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီး ကံစမ်းမဲများကိုလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ SWAN မှပေးသော...

အတွေးများစွာပေါက်ဖွားနိုင်စွမ်းလှတဲ့ လွယ်ဖီမျဲန်း

(ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းလေ့လာပြီး ပြုစုရေးသားထားတဲ့ ဆောင်းပါးရှင် - စိုင်းမျိုး မိန်းနိုင်း (phimenologist)) မိုးနဲမြို့နယ်တလျှောက်မှာရှိတဲ့ရှေးဟောင်းဗိသုကာအနုပညာတွေအပါအဝင် တွေးခေါ်စဉ်းစားအဖြေထုတ်နိုင်စွမ်းငှာမတတ်နိုင်တဲ့ ထူးဆန်းအံ့ဖွယ်တွေလည်းရှိနေပါတယ် ။ ကျွန်တော်တို့စွန့်လွတ်စွန့်စားရှာဖွေစူးစမ်းလေ့လာတဲ့အဖွဲ့က ခက်ခဲကြမ်းတမ်းတဲ့ မိုးနဲ ထမ်ဖီမျဲန်းခရီးကိုတော့ အောင်မြင်စွာဖြတ်သန်းခဲ့ကြပြီးပြီ။ ထမ်ဖီမျဲန်းခရီးစဉ်အကြောင်းကို ကျွန်တော်ရဲ့ပိုစ့်ချစ်သူတွေ သိမြင်ခံစားနိုင်ဖို့လည်း ပိုစ့်ရေးသားခဲ့ပြီးပါပြီ ။ ဒီတခါတော့ ထမ်ဖီမျဲန်း (ကြတ်ဂူ) အကြောင်းမဟုတ်ဘဲနဲ့ လွယ်ဖီမျဲန်း...

TYN လူငယ်များအဖွဲ့ ၁၀ ကြိမ်မြောက် တောင်တက်လှုပ်ရှားမှုတွင် စာပေဟောပြောပွဲ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ

သျှမ်းလူငယ်ကွန်ရက် TYN က သျှမ်းပြည်သဘာဝပတ်ဝန်းကျင်းကို လေ့လာဖို့နဲ့ လူငယ်တွေ မူးယစ်ဆေးဝါး ကင်းဝေးဖို့ ပင်လောင်းမြို့က လွယ်မောင်းတောင်ကို စုပေါင်းတက်ခဲ့ကြပါတယ်။ သျှမ်းပြည်တွင်း အနယ်နယ်ကလာတဲ့ သျှမ်းလူငယ် ၃၀၀ ကျော်ဟာ မတ်လ ၂၉ ရက်နေ့မှာ ပင်လောင်းမြို့ ဖောင် တော်ဦးဘုန်းကြီးကျောင်းကို ရောက်ရှိခဲ့ကြပြီး မတ်လ ၃၀...

တာချီလိတ်မြို့တွင်းရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရတန်ဖိုးကျပ်သိန်းပေါင်းထောင်ချီဆုံးရှုံး 

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့မနက်အစောပိုင်းက ရွှေဆိုင်တဆိုင်အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ၀င်ရောက်ဓါးပြတိုက်မှုဖြစ်ပွါးရာ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ဆုံးရှုံးမှုရှိကြောင်းသိရသည်။ မတ်လ ၂၉ ရက် မနက် ရ နာရီအချိန်ခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း က ရပ်ကွက် ရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်အား အမည်မသိလူ ၆...

သီပေါမြို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ ၁၅၀ ကျော်ကျန်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေကြသော စစ်ဘေးရှောင်များအနက် စစ်ရေးတင်းမာမှုကြောင့်နေရပ်မပြန်နိုင်သေးသူ ၁၅၇ ဦးကျန်နေသေးကြောင်းသိရသည်။ မတ်လ ၂၈ ရက် ယနေ့မနက် ၁၀ နာရီခန့်က သီပေါမြို့နယ် လုံးလှဖွန်းဂိုဒေါင်တွင် ခိုလှုံနေသော လွယ်မောက်ရွာသား ၄၂ ဦးနှင့် နမ့်ဟူးနွဲ့ကျောင်းတိုက်တွင်ခိုလှုံနေသော နမ္မတူမြို့နယ် ပန်လုံအုပ်စုမှ ရွာသား ၅၁...

မြောက်ပိုင်းတပ်များအား အစိုးရတပ် လေယာဉ်ဖြင့်တိုက်ခိုက်ပြီး စစ်ရေးဆက်လက်တင်းမာနေ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တောင်ဘက် လွယ်ဟန်းရွာတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော်မှ လေယာဉ်ဖြင့် ဆက်တိုက် တိုက်ခိုက်ကြောင်းသိရသည်။ ၂၀၁၉ မတ်လ ၂၆ -၂၈ ရက် နေ့အထိ အစိုးရတပ်မတော်မှ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ရဟတ်ယာဉ်ဖြင့်လည်း ဝေဟင်မှ အကြိမ်ကြိမ်ပစ်ကူကြောင်း၊ တိုက်ပွဲကြောင့် ဒေသခံများ နေရပ်မှ စွန့်ခွါကာ နီးစပ်ရာသို့...

Latest news