သျှမ်း၊မြောက် မူးယစ်ဆေးဝါး ပြသနာ အရေးယူရှင်းလင်းပေးရန် ဒေသခံများတောင်းဆို
သျှမ်းပြည် မြောက်ပိုင်း မူးယစ်ဆေးဝါး ပြသနာကို အရေးယူ ရှင်းလင်းမပြုလုပ်နိုင်ပါက လူမှု အသိုင်းအဝန်း ပျက်စီး ပျောက်ကွယ် သွားမည် ဖြစ်ကြောင်း သျှမ်းပြည်မြောက်ပိုင်းရှိ ဒေသခံလူထု၊ သံဃာတော်များ လူငယ်များကပြောဆိုလိုက်သည်။ ဧပြီလ ၁၈ ရက် ယမန်နေ့က သီပေါမြို့နယ် နမ္မကျေးရွာ အုပ်စု နမ္မကျေးရွာ ဘုန်းကြီးကျောင်းတွင်...
တရုတ်နယ်စပ် နမ့်ခမ်းမှခြံထွက်သီးနှံများ တရုတ်ပြည်သို့တင်ပို့ခွင့် တရုတ်အစိုးရပိတ်
မြန်မာ တရုတ် နယ်စပ်ဒေသဖြစ်သည့် သျှမ်းမြောက် နမ့်ခမ်းဒေသ အတွင်း ထွက်ကုန်များ တရုတ်ပြည် သို့ တင်ပို့ရောင်းချရန် အခက်ကြုံနေရကြောင်း နမ့်ခမ်း တောင်သူများ၏ ပြောကြားချက်အရ သိရသည်။ နမ့်ခမ်းမြို့နယ် တောင်သူများ၏ တပိုင် တနိုင် ခြံထွက် သီးနှံများကို တရုတ်နိုင်ငံ နောင်တောင်းမြို့ စစ်ဆေးရေးဂိတ် မှတဆင့်...
တောင်ကြီးသင်္ကြန်ကာလ အကြိုလုံခြုံရေးဆောင်ရွက်ရာတစ်ပတ်အတွင်း (၁၄) မှု အရေးယူနိုင်ခဲ့ဟုဆို
တောင်ကြီးမြို့ပေါ်သင်္ကြန်ကာလ အကြိုလုံခြုံရေးအတွက်ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ရာ တစ်ပတ်အတွင်း လက်နက်မှု (၃) မှုနှင့် မူးယစ်ဆေးဝါး မှု (၁၁) မှုစုစုပေါင်း(၁၄) မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်ထံမှသိရ သည်။ " သင်္ကြန်ကာလမှာ ခိုက်ရန်ဖြစ် ပွားမှုတွေ ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ၊...
သင်္ကြန်ကာလအတွင်း ထိုင်းအစိုးရက ၄င်းနိုင်ငံအတွင်းရှိရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်ခွင့် ၁ လ ခွင့်ပေးထားရာ ၅ ရက်အတွင်း မယ်ဆိုင်-တာချီလိတ်နယ်ခြားဂိတ်တနေရာတည်းတွင်ပင် နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်စာရင်းမှာ ၄ သောင်းနီးပါးရှိကြောင်းသိရသည်။ “ဧပြီလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ လူတော်တော်များများထွက်တယ်။ ဂိတ်စောင့်အာဏာပိုင်တွေ ဆီမှာသိရတဲ့စာရင်းအရ ၄၀၀၀၀ နီးပါး...
၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ၏ ငြိမ်းချမ်းရေးခရီး နှစ် ၃၀ ပြည့်အခမ်းအနားကို သျှမ်းပြည်အရှေ့ပိုင်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့နှင့် သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်းရှိ အမှတ် ၁၇၁ စစ်ဒေသအခြေချရာ ဟွေ့အော့ရွာတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ပွဲကျင်းပမည့် ၂ နေရာစလုံးအတွက်...
ဘန်ကောက်မြို့ Central World ကုန်တိုက်မီးလောင် လူ ၃ ဦးသေ ၇ ဦး ဒဏ်ရာရ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ပရထွန်းဝမ်းမြို့နယ်ရှိ Central World ဟိုတယ်နှင့်ကုန်တိုက်တွင် မီးလောင်မှုဖြစ်ပွါးရာ လူ ၃ ဦးသေဆုံးမှုရှိပြီး ရ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်းသိရသည်။ ဧပြီလ ၁၀ ရက် ထိုင်းနိုင်ငံစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်တွင် အထပ်ပေါင်း ၁၆ ထပ်ရှိ...
သီပေါမြို့တွင် စစ်ဘေးရှောင်များနေရပ်ပြန်ကုန်ပြီဖြစ်ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ပြော
၂၀၁၈ နှောင်းပိုင်းကစပြီး တိုက်ပွဲစတင်ပြင်းထန်လာသော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တို့ကြား တိုက်ပွဲကြောင့် နေရပ်မှစစ်ဘေးတိမ်းရှောင်ကာ ဘုန်းကြီးကျောင်းများသို့ ခိုလှုံခဲ့ရသည့် သီပေါမြို့ရှိ လက်ကျန်စစ်ရှောင်များမှာ ယနေ့မနက်ပိုင်းက ပြန်သွားကြပြီဖြစ်ကြောင်းသိရသည်။ ဧပြီလ ၉ ရက် နံနက် ၉ နာရီအချိန်က သီပေါမြို့နယ် ၀မ့်နားလွယ်ရွာ လုံးလှဖွန်းဂိုဒေါင်တွင် ကျန်ရှိသော လက်ကျန်စစ်ရှောင်...
သျှမ်းပြည်တောင်ပိုင်းလဲချားမြို့ရှိ လဲချားစော်ဘွားကြီး စဝ်ခွန်နွံ၏ အုတ်ဂူတွင် သျှမ်း၊ မြန်မာ၊ အင်္ဂလိပ်ဘာသာ တို့ ပါသော စော်ဘွားကြီး၏ အမည်ဆိုင်းဘုတ်အား လဲချားလူငယ်များစုပေါင်းအင်အားဖြင့်ပြုလုပ်ကာ ဆိုင်းဘုတ်ပြားတပ်ဆင်ကြောင်းသိရသည်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် တဦးအပါအဝင်ဖြစ်သော လဲချားစော်ဘွားကြီး စဝ်နွံ အား အနာဂတ် လူငယ်များ အမှတ်ရစေရန်ရည်ရွယ်ကာ စော်ဘွားကြီး၏အုတ်ဂူအား လဲချားမြို့သျှမ်းလူငယ်အဖွဲ့က ၃ နှစ်ကြာ...
နမ္မတူမှကျေးလက်ရွာသူကြီးအိမ် ဗုံးပစ်ခံရ သံဃာတော်တပါးထိခိုက်ဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မန်စံရွာတွင် ရွာသူကြီးနေအိမ်ခြံဝင်း အတွင်း လက်ပစ်ဗုံးပေါက်ရာ ဖြတ်သန်းသွားသောသံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ ယမန်နေ့မနက် ဧပြီလ ၈ ရက် ညပိုင်းက မန်စံရွာသူကြီး ဦးဖိုးထောင်နေအိမ်အတွင်း အမည်မသိလူတဦးက လက်ပစ်ဗုံးပစ်ဝင်ရာ အိမ်ရှေ့ဖြတ်သွားသည့် သံဃာတော်တပါး ဗုံးပေါက်ကွဲထိမိသဖြင့် သံဃာတော်...
သီပေါတွင်လက်ကျန်စစ်ဘေးရှောင် ရ၀ ခန့် စစ်ရေးငြိမ်ပါက ရွာပြန်မည်ဟုဆို
သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့သို့ရောက်ရှိခိုလှုံနေကြသော ကျေးလက်မှစစ်ဘေးရှောင်များအနက် နောက်ဆုံးကျန်ရှိနေသေးသော ရ၀ နီးပါးမှာ စစ်ရေးအခြေအနေငြိမ်သက်ပါက နေရပ်ပြန်တော့ မည်ဖြစ်ကြောင်းသိရသည်။ သီပေါမြို့နားလွယ်ရွာရှိ ဦးလုံးလှဖွန်းဂိုဒေါင်တွင်ခိုလှုံနေသော စစ်ဘေးရှောင် ၆၉ ဦးအနက် ၁၈ ဦးမှာ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက နေရပ်သို့ပြန်သွားကြပြီး အခြေအနေကြည့်ရှုနေကြောင်းသိရသည်။ စစ်ဘေးရှောင်များကူညီရေးကော်မတီဝင်တဦးက - “တခြားစခန်းကစစ်ရှောင်တွေတော့နေရပ်ကိုအသီးသီးပြန်သွားကြပြီ။ ဦးလုံးလှဖွန်းဂိုဒေါင်ကကျန်နေတဲ့ ၆၉...






