၂၁ ရာစု ပင်လုံညီလာခံ တတိယ ကြိမ်အကြို နေပြည်တော်တွင် CSSU တွေ့ဆုံ
SHAN -
၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အတွက် သျှမ်းပြည် ညီညွှတ်ရေးကော်မတီ CSSU အဖွဲ့ဝင်ခေါင်းဆောင်များ နေပြည်တော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးကြသည်ဟုသိရသည်။ ဇူလိုင် ၁၀ ရက်နေ့က နေပြည်တော် Royal Lotus ဟိုတယ်တွင် သျှမ်းပြည် ညီညွှတ်ရေးကော်မတီ CSSU အဖွဲ့ဝင်များ အလှည့်ကျ အဖွဲ့ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးရာ...
ဇူလိုင်လ ၁၁ ရက် - ၁၆ ရက်နေ့ထိ ကျင်းပဖို့ ပြင်ဆင်နေချိန် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် မိုင်းကိုင်မြို့ နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် စစ်ကြောင်းယာယီအခြေချရာ နေရာသို့ ဒုတိယ အနေ့ အဖြစ် အစိုးရ တပ်မတော်မှ ဆက်လက်တိုက်ခိုက်သည်ဟု...
ကျောက်မဲမြို့နယ်အတွင်း တရုတ်ပို့မည့် နွားတင်ကား ပစ်ခတ်ခံရ ယာဉ်မောင်းတဦးသေ
သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တရုတ်ပြည်သို့တင်ပို့မည့် နွားတင်ယာဉ်တစီး ပစ်ခတ်ခံရကာ ယာဉ်မောင်းတဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ကျောက်မဲမြို့နယ် ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြောသည်။ “ ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်း ရ နာရီလောက်က တရုတ်နိုင်ငံ တင်ပို့မယ့် နွားအကောင် ၂၀...
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လားရှိုးမြို့တော်ခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
SHAN -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် သည် NLD အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် သျှမ်းပြည်နယ်သို့ရောက်ကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံမှုပြုခဲ့ရာ လားရှိုးမြို့သို့လည်းရောက်ရှိခဲ့ကြသည်။ ဇူလိုင်လ ၁၀ ရက်၊ ယနေ့နံနက်ပိုင်းက လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ဝင်များ၊ပြည်နယ်/ခရိုင်/မြို့နယ်ဆင့်ဌာဌဆိုင်ရာများ နှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သျှမ်းပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများကို...
သျှမ်းပြည်အလယ်ပိုင်းရှိ RCSS တပ်စခန်းတခုကို အစိုးရတပ်မတော် တက်တိုက်
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်း တခုကို အင်အား တရာခန့်ရှိ အစိုးရတပ်မတော်က ယနေ့ တက်တိုက်ခဲ့သည်ဟုသိရသည်။ ဇူလိုင် ၉ ရက် မွန်းတည့်ချိန်မှ စ၍ ညနေပိုင်း အထိ ပစ်ခတ်တိုက်ခိုက်သံ ကြားနေရသေး ကြောင်း၊ အစိုးရတပ်မတော်ဘက်တွင် မိုင်းပန်အခြေစိုက်...
မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် စင်္ကာပူနိုင်ငံတွင် တရားဟောမည်
မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် ခေါ် ဦးဉာဏသံဝရ သည် စင်္ကာပူသို့ တရားဟောရန် ကြွတော်မူမည်ဟု သတင်းရရှိသည်။ စင်္ကာပူတွင် ဇူလိုင် ၁၁ မှ ၁၂ ရက်ထိ တရားဟောကြားရန် အတွက် ဘန်ကောက်လေဆိပ်မှ ဇူလိုင် ၁၀ ရက်နေ့တွင် ကြွမည်ဟု မိုင်းဖုန်းဆရာတော် နှင့် နီးစပ်သည့်...
လားရှိုး-သိန္နီ လမ်းတွင် တပ်မတော်ယာဉ်တန်း ချိန်ကိုက်မိုင်းထိမှန် နှစ်ဦးဒဏ်ရာရ
သျှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် အတွင်း ယနေ့မနက် ၁နာရီခွဲဝန်းကျင်တွင် လားရှိုးမှ လောက်ကိုင်သို့ တက်မည့် တပ်မတော် ယာဉ်တန်းများကို အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ချိန်ကိုက်မိုင်းထောင်ဖောက်ခွဲခဲ့ရာ တပ်သားတဦးနှင့် အမျိုးသမီးငယ်တဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၉ ရက်...
၁၀ တန်းအောင် ထူးချွန်ကျောင်းသားလေးများအား နမ့်ခုံးပရဟိတအသင်းမှဂုဏ်ပြု
နမ့်ခုံး သျှမ်းများပရဟိတအသင်းဝင်သားသမီးများ၏ တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသူကျောင်းသားများအား ဂုဏ်ပြုပွဲတရပ်ကို တောင်ကြီးမြို့ တွင်ကျင်းပခဲ့သည်။ “ဒီနှစ် နမ့်ခုံးအသင်းကနေ ၁၀ တန်းကိုထူးချွန်စွာနဲ့အောင်မြင်ခဲ့တဲ့ ကျောင်းသား ၁၅ ဦးကို ဆုချီးမြှင့်တယ်။ ၆ ဘာသာဂုဏ်ထူးရှင် ၅ ဘာသာဂုဏ်ထူးရှင်တွေရှိတယ်။ ကလေးအများစုကတော့ တောင်ကြီးမြို့ထဲကဘဲ။ ”- ဟု နမ့်ခုံးသျှမ်းများပရိဟိတအသင်းဥက္ကဌ စိုင်းထွန်းမြ...
သီပေါမြို့နယ်အတွင်း ဆယ်အိမ်ခေါင်း အမျိုးသားတဦး သေနတ်ထပ်မံပစ်ခံရ
သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် မိုင်းလင်းကျေးရွာ အုပ်စု ခွန်ပန်ဟေးရွာ( ဆီဆုံရွာ) ဆယ်အိမ်ခေါင်း တဦးသည် သောကြာနေ့ သန်းခေါင်ယံအချိန်ခန့်တွင် သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ သေနတ်ပစ်ခံရသည့် ဒေသခံ အမျိုးသား သည်အသက် (၅၂) နှစ် အရွယ်ရှိ ဆီဆုံရွာ ဆယ်အိမ်ခေါင်း ဦးကျော်ဝင်းနိုင် ဆိုသူ သေနတ်...
လင်းခေးခရိုင် မျက်နှာခြင်းဆိုင် မယ်ဟောင်ဆောင်တွင် ထိုင်းစစ်လေယာဉ်ပျက်ကျ ၃ ဦးသေ
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့မျက်နှာခြင်းဆိုင် - ထိုင်းနိုင်ငံ မြောက်ပိုင်း မယ့်ဟောင့်ဆောင် ခရိုင် တွင် ထိုင်းစစ်တပ်၏ ကင်းလှည့်လေယာဉ်တစီး ပျက်ကျရာ စစ်သည် ၃ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ် ရာရရှိကြောင်းသိရသည်။ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက ထိုင်းဘုရင့်တပ်မတော် လေယာဉ်တစီးသည်...





