သျှမ်း၊မြောက် မူးယစ်ဆေးဝါး ပြသနာ အရေးယူရှင်းလင်းပေးရန် ဒေသခံများတောင်းဆို

0

သျှမ်းပြည် မြောက်ပိုင်း မူးယစ်ဆေးဝါး ပြသနာကို အရေးယူ ရှင်းလင်းမပြုလုပ်နိုင်ပါက လူမှု အသိုင်းအဝန်း ပျက်စီး ပျောက်ကွယ် သွားမည် ဖြစ်ကြောင်း သျှမ်းပြည်မြောက်ပိုင်းရှိ ဒေသခံလူထု၊ သံဃာတော်များ လူငယ်များကပြောဆိုလိုက်သည်။

သီပေါမြို့နယ် နမ္မဘုန်းကြီးကျောင်းတွင် သျှမ်းပြည်မြောက်ပိုင်းလူထုနှင့်သံဃာတော်များမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးမှု ဧပြီလ ၁၈ ရက်နေ့တွင်ပြုလုပ်
သီပေါမြို့နယ် နမ္မဘုန်းကြီးကျောင်းတွင် သျှမ်းပြည်မြောက်ပိုင်းလူထုနှင့်သံဃာတော်များမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးမှု ဧပြီလ ၁၈ ရက်နေ့တွင်ပြုလုပ်

ဧပြီလ ၁၈ ရက် ယမန်နေ့က သီပေါမြို့နယ် နမ္မကျေးရွာ အုပ်စု နမ္မကျေးရွာ ဘုန်းကြီးကျောင်းတွင် သျှမ်းပြည်မြောက်ပိုင်း သီပေါ၊ လားရှိုး၊ မိုင်းရယ်မြို့နယ်များမှ ကျေးရွာပေါင်း ၃၅၀၊ ဒေသခံလူထု လူငယ် ၁ ထောင်ကျော် နှင့် ကျောင်းထိုင်ဆရာတော် သံဃာတော်များ တွေ့ကာ မူးယစ်ဆေးဝါး ပြသနာ နှင့်ပတ်သက်ပြီး ဆွေးနွေး ကြပြီးနောက် ကြေငြာချက်တစောင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံမှု တွေ လက်ရှိတွင် မူးယစ်ဆေးဝါးကြောင့် လူငယ်များ ပျက်စီးလာခြင်း၊ မိသားစု စီးပွားရေး ယိုယွင်းလာခြင်း၊ လူမှုရေး နိမ့်ကျလာခြင်းနှင့် အမျိုးသမီး များ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များမြင့်လာသည့်အကြာင်းများဆွေးနွေးခဲ့ကြောင်းလည်း ဆွေးနွေးပွဲတွင် ပါဝင်သည့် သျှမ်းလူငယ် TYPU နမ္မရွာမှပြောရေးဆိုခွင့်ရှိသူ စိုင်းသိန်းမြင့်က သျှမ်းသံတော်ဆင့်အား ပြောသည်။

“ မူးယစ်ဆေးဝါး သုံးစွဲမှု က အရင်နှစ်ထက် ၃ဆ လောက် မြင့်တက်လာပါတယ်။ နမ္မ မှာဆို မူးယစ်ဆေးသုံးပြီး ကိုယ်အိမ်ကို မီးရှို့တာ၊ကိုယ့်သား၊သမီးကပြန်သတ်တာ စတဲ့အမှုတွေဖြစ်တာကိုမြင်ရတယ်။ နောက် မိန်းမတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တယ်။အနာဂတ် လူငယ်တွေ ပညာတွေ ကို လည်း ထိခိုက်တယ်။” ဟု စိုင်းသိန်းမြင့်က ဆိုသည်။

သီပေါမြို့နယ် နမ္မဘုန်းကြီးကျောင်းတွင် သျှမ်းပြည်မြောက်ပိုင်းလူထုနှင့်သံဃာတော်များမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးမှု ဧပြီလ ၁၈ ရက်နေ့တွင်ပြုလုပ်
သီပေါမြို့နယ် နမ္မဘုန်းကြီးကျောင်းတွင် သျှမ်းပြည်မြောက်ပိုင်းလူထုနှင့်သံဃာတော်များမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးမှု ဧပြီလ ၁၈ ရက်နေ့တွင်ပြုလုပ်

မူးယစ်ဆေးဝါး ပြသနာ နှင့် ပတ်သတ်ပြီး သီပေါမြို့နယ် ၊ လားရှိုး မြို့ နယ် နှင့် မိုင်းရယ်မြို့နယ် မှ ဒေသခံ များနှင့် သံဃာတော်များတို့ တွေ့ဆုံ ဆွေးနွေးမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ အဆိုပါတွေ့ဆုံပွဲသို့မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် Tai Youth Networkနှင့် သျှမ်းတောင်သူလယ်သမားများအဖွဲ့လည်း တက်ရောက်ကာ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဗဟုသုတများ ဖလှယ်ဆွေးနွေးပေးကြောင်း၊ ထိုသို့ဆွေးနွေးမှုမျိုး ရှေ့ဆက်တွင်လည်း ၃ လ တကြိမ် ပြုလုပ်သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား တိုက်ဖျက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ် နမ္မဘုန်းကြီးကျောင်းတွင် သျှမ်းပြည်မြောက်ပိုင်းလူထုနှင့်သံဃာတော်များမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးမှု ဧပြီလ ၁၈ ရက်နေ့တွင်ပြုလုပ်
သီပေါမြို့နယ် နမ္မဘုန်းကြီးကျောင်းတွင် သျှမ်းပြည်မြောက်ပိုင်းလူထုနှင့်သံဃာတော်များမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးမှု ဧပြီလ ၁၈ ရက်နေ့တွင်ပြုလုပ်

မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူများကို သက်ဆိုင်ရာ အာဏာပိုင်များ၊ ရပ်ရွာ အုပ်ချုပ်ရေးမှူးများ နှင့် လူငယ်များ ပူးပေါင်း ကာ ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန်လည်း ဆွေးနွေးပွဲ တက်ရောက်လာသူများက တောင်းဆို ထားကြောင်းလည်း စိုင်းသိန်းမြင့် က ပြောသည်။

“လူငယ်တွေ မူးယစ်ဆေးဝါး အရမ်းသုံးစွဲလာတဲ့အတွက် စိတ်ပူနေရတယ်။ လူငယ်တွေဆေးသုံးမှုကြောင့်အနာဂတ်အမျိုးသားရေး၊ နိုင်ငံရေးကိုပါထိခိုက်မယ်။ ဘာကြောင့်လဲဆိုတော့ အနာဂတ်မှာ ဦးဆောင်မှုအပိုင်းမှာ လူငယ်တွေနေရာယူလာရမှာကြောင့်မို့ပါဘဲ။ မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာက ရှင်းလင်းပေမယ့်လည်း ထိရောက်မှု မရှိဘူး” ဟု ၎င်း က ဆိုပြန်သည်။

ထို့အပြင် မူးယစ်ဆေးဝါး ပြသနာကို ဌာနဆိုင်ရာ များနှင့် မိဘပြည်သူများ မူးယစ်ဆေးဝါး အန္တရာယ်ကို ထိရောက်စွာ နှိမ်နင်းနိုင်ရန်အတွက် ပူးပေါင်ဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းများ ကို အမျိုးသားတာဝန်တရပ်အဖြစ်ထားရှိကာ တမျိုးသားလုံး မှ လက်ခံ ဆောက်ရွက်သွားရန် လည်း ယမန်နေ့ပြုလုပ်သည့် ဆွေးနွေးပွဲ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE