UWSA ၀ တပ်ဖွဲ နှစ် ၃၀ ပြည့်ငြိမ်းချမ်းရေးပွဲတော် မြောက်ပိုင်း ပန်ဆန်းနှင့် တောင်ပိုင်း ဟွေ့အော့တို့တွင် ကျင်းပမည်

၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ၏ ငြိမ်းချမ်းရေးခရီး နှစ် ၃၀ ပြည့်အခမ်းအနားကို သျှမ်းပြည်အရှေ့ပိုင်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့နှင့် သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်းရှိ အမှတ် ၁၇၁ စစ်ဒေသအခြေချရာ ဟွေ့အော့ရွာတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Photo by SHAN- ၀ တပ်ဖွဲ့၏ နှစ် ၂၀ ပြည့်ငြိမ်းချမ်းရေးပွဲတော်အခမ်းအနားမှ စစ်ရေးပြနေသည့် တပ်သားကေဒါများအားတွေ့ရစဉ်
Photo by SHAN- ၀ တပ်ဖွဲ့၏ နှစ် ၂၀ ပြည့်ငြိမ်းချမ်းရေးပွဲတော်အခမ်းအနားမှ စစ်ရေးပြနေသည့် တပ်သားကေဒါများအားတွေ့ရစဉ်

ပွဲကျင်းပမည့် ၂ နေရာစလုံးအတွက် အခမ်းအနားကို ဧပြီလ ၁၅ မှ ၁၇ ရက်နေ့အထိ ၃ ရက်ကျင်းပမည်ဖြစ်ပြီး စစ်ရေးပြအခန်းအနားနှင့် ၀ ရိုးရာအက တခြားတိုင်းရင်းသားရိုးရာအက များဖြင့်လည်း ဖျော်ဖြေသွား မည်ဖြစ်ကြောင်း ၊ လက်ရှိတွင် အခမ်းအနားအတွက် ပြင်ဆင်နေကြဆဲဖြစ်ကြောင်း သိရသည်။

မိုင်းတုံဒေသခံတဦးက -“ သူတို့ သွားလာပြင်ဆင်နေတာတော့တွေ့တယ်။ ပန်ဆန်းလောက်တော့ ကြီးကြီးကျယ်ကျယ်ကြီးဖြစ်ပုံမရဘူး။ ဒါမယ့် ဒီဘက်ကလည်း သူတို့နေရာဆိုတော့ သူတို့ပွဲ ကျင်းပမှာလို့တော့ပြောနေတယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အလားတူ ကမ္ဘောဇတိုင်း သတင်းဌာနကလည်း တောင်ပိုင်း ၀ တပ်ဖွဲ့ စစ်ဒေသ ဆက်ဆံရေးရုံးအဖွဲ့ဝင် ဦးအိုက်ပလိပ် နှင့်ဆက်သွယ်မေးမြန်းပြီး သတင်းဖော်ပြထားရာတွင် – “အားလုံးကိုဖိတ်ပါတယ်။ မီဒီယာတွေရောပါ။ ဒီမှာ နေ့လည်စာနဲ့ဧည့်ခံပါမယ်” ဟု ပြောဆိုကြောင်း ပါရှိပါသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နေ ဒေသခံတဦးကလည်း – “ပန်ဆန်း ၀ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်ပွဲတော် သွားဖို့ ကျနော်တို့ပြင်ဆင်ထားပါတယ်။ အမည်စာရင်းတောင်ပေးထားပြီးပါပြီ။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၀ တပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်နေ့ တွင် အာဏာ သိမ်း စစ်အစိုးရ နှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့သည်။ လက်မှတ်ထိုးစဉ်ကတည်းက အာဏာရ လာမည့် လူထု ဒီမိုကရေစီ အစိုးရ နှင့်နိုင်ငံရေးဆွေးနွေးကြ မည်ဟု သဘောတူထားကြသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အား အတည်ပြုပြီးနောက် ထိုစဉ်စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အသွင်ပြောင်းရန် ဖိအားပေးရာ ၀ တပ်ဖွဲ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်မခံခဲ့ပေ။

၀ တပ်ဖွဲ့သည် ၂၀၁၁ ခု စက်တင်ဘာ ၆ ရက်နေ့ တွင် ဦးသိန်းစိန် အစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ် ထပ်မံရေးထိုးခဲ့သည်။ သို့သော် ဦးသိန်းစိန် ဦးဆောင်ခင်းကျင်းလာသည့် NCA လမ်းစဉ်ကို လက်မခံပဲ ဒီမိုကရေစီအစိုးရနှင့် နိုင်ငံရေး တိုက်ရိုက်ဆွေးနွေးရန်နည်းလမ်းရှာကြိုးပမ်းနေသည့် တပ်ဖွဲ့တဖွဲ့ဖြစ်ပါသည်။

တဖက်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ထိုစဉ်စစ်အစိုးရက သျှမ်းပြည်မြောက်ပိုင်း ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) ၆ မြို့နယ် အား ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ပေးထားသည်။ မိုင်းဆတ်ခရိုင် ထိုင်းနယ်စပ်တစ်လျှောက်တွင်မူ အမှတ် (၁၇၁) စစ်ဒေသ တောင်ပိုင်းအနေဖြင့် ၁၉၉၁ ခုနှစ်ကတည်းက ရောက်ရှိခြေကုတ်နေရာယူထားပြီး တပ်မဟာ ၂၄၈၊ ၅၁၈၊ ၇၇၂၊ ၇၇၅၊ ၇၇၈ တို့ဖြင့် ထိုင်းနယ်စပ် တွင် စခန်းချနေရာယူထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...

မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ...

UWSA ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် အရာရှိနှစ်ဦး ကျားဖြန့်မှုဖြင့် ထောင်ချခံရ

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လက်ခံကာကွယ်ပေးခဲ့သည့် ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် ‘ဝ’အရာရှိနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မဟာ တစ်ခုတွင် ဒုတပ်ရင်မှူး တာဝန်ထမ်းဆောင်နေသူ အသက် (၃၀) နှစ်အရွယ် ကျိုးရှီးကုန်း (Zhou Xigong)...

မိုင်းပေါက် ဓားပြတိုက် ပြစ်မှုကျူးလွန်သည့် အမျိုးသား ၃ ဦး ကို UWSA က သေဒဏ်ချ

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် ဓားပြတိုက်ကာ လူကိုသေစေသည့်အထိ ကျူးလွန်ခဲ့သော အမျိုးသား ၃ ဦးကို သေဒဏ်ချမှတ်ကြောင်း သတင်းရရှိသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) မနက်ပိုင်းတွင် မိုက်ပေါက်မြို့၌ UWSA က ဓားပြတိုက်သည့် ပြစ်မှုကကျူးလွန်ခဲ့သူ အမျိုးသား ၃...