သီပေါမြို့တွင် စစ်ဘေးရှောင်များနေရပ်ပြန်ကုန်ပြီဖြစ်ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ပြော

၂၀၁၈ နှောင်းပိုင်းကစပြီး တိုက်ပွဲစတင်ပြင်းထန်လာသော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တို့ကြား တိုက်ပွဲကြောင့် နေရပ်မှစစ်ဘေးတိမ်းရှောင်ကာ ဘုန်းကြီးကျောင်းများသို့ ခိုလှုံခဲ့ရသည့် သီပေါမြို့ရှိ လက်ကျန်စစ်ရှောင်များမှာ ယနေ့မနက်ပိုင်းက ပြန်သွားကြပြီဖြစ်ကြောင်းသိရသည်။

Photo by Ko Sai /နားလွယ်ရွာ လုံးလှဖွန်းဂိုဒေါင်မှ စစ်ဘေးရှောင်များ ပျော်ပျော်ပါးပါးနေရပ်ပြန်ကြစဉ်
Photo by Ko Sai /နားလွယ်ရွာ လုံးလှဖွန်းဂိုဒေါင်မှ စစ်ဘေးရှောင်များ ပျော်ပျော်ပါးပါးနေရပ်ပြန်ကြစဉ်

ဧပြီလ ၉ ရက် နံနက် ၉ နာရီအချိန်က သီပေါမြို့နယ် ၀မ့်နားလွယ်ရွာ လုံးလှဖွန်းဂိုဒေါင်တွင် ကျန်ရှိသော လက်ကျန်စစ်ရှောင် ၅၁ ဦး နေရပ်သို့ပြန်ကြခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီရေးကော်မတီကပြောသည်။

“သီပေါမြို့စစ်ရှောင်စခန်းကိုရောက်ရှိနေတဲ့စစ်ရှောင်အားလုံးဒီကနေ့ဘဲပြန်ကုန်ပြီဖြစ်ပါတယ်။ တိုက်ပွဲတွေငြိမ်သွားတာ တပတ် ၂ ပတ်လောက်ရှိပါပြီ။ ဒေသတွင်းမှာ အကုန်အေးချမ်းငြိမ်သက်ပြီလို့ ယုံကြည်ပါတယ်” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လက်ကျန်စစ်ရှောင် ၅၀ ကျော်မှာ ကွန်းဆော့အုပ်စု လွယ်မောက်ရွာမှ ရွာသားများဖြစ်ကြသည်။ လွန်ခဲ့သောမတ်လဆန်းကတည်းက အဆိုပါ လုံးလှဖွန်းဂိုဒေါင်သို့ရောက်ရှိခိုလှုံခဲ့ကြခြင်းဖြစ်သည်။

Photo by Ko Sai /နားလွယ်ရွာ လုံးလှဖွန်းဂိုဒေါင်မှ စစ်ဘေးရှောင်များ ပျော်ပျော်ပါးပါးနေရပ်ပြန်ကြစဉ်
Photo by Ko Sai /နားလွယ်ရွာ လုံးလှဖွန်းဂိုဒေါင်မှ စစ်ဘေးရှောင်များ ပျော်ပျော်ပါးပါးနေရပ်ပြန်ကြစဉ်

“နေရပ်ပြန်ရတော့ပျော်တာပေါ့။ တိုက်ပွဲတွေထပ်မဖြစ်ပါစေနဲ့လို့ဘဲကျမတို့ ဆုတောင်းပါတယ်။ ဒါမှကောင်းကောင်းလုပ်ကိုင် ရှာဖွေစားသောက်နိုင်မှာ”- ဟုလည်း နေရပ်ပြန်သည့် စစ်ရှောင်တဦးကပြောသည်။

၂၀၁၉ နှစ်ဆန်းပိုင်းမှ မတ်လအထိ ၃ လ တာကာလအတွင်း တိုက်ပွဲများ စစ်ရေးတင်းမာမှုများကြောင့် နေရပ်မှစွန့်ခွါထွက်ပြေးရသော ကျေးလက်ဒေသခံ ၃၀၀၀ ကျော်ရှိခဲ့ပါသည်။ သီပေါမြို့ရှိ စစ်ရှောင်စခန်း ၉ နေရာတွင် အသီးသီးခိုလှုံခဲ့ကြသည်။ တိုက်ပွဲများဖြစ်ပွါးစဉ် စစ်ဘေးရှောင်များရှိသကဲ့သို့ သေကြေဒဏ်ရာ ရရှိသော ဒေသခံများလည်းရှိခဲ့ပါသည်။

သို့သော် မတ်လ လယ်ပိုင်း သျှမ်းလက်နက်ကိုင်တပ်အချင်းချင်း အပစ်ရပ်နိုင်ရေးဆွေးနွေးရန် ၂ ဖက်တပ်များ ပစ်ခတ်မှုရပ်စဲထားဖို့ညွှန်ကြားချက်ထုတ်ပြီးနောက်ပိုင်း တိုက်ပွဲများတဖြည်းဖြည်းစဲသွားကာလက်ရှိအချိန်တွင် လုံးဝနီးပါး ငြိမ်သက်သွားပြီဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...