Tuesday, January 27, 2026

သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN၏ ကံစမ်းမဲ ၅၀ ခန့် အားလုံးဆုမဲပေါက်

သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN တည်ထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနားတွင်ဖွင့်လှစ်သော ကံစမ်းမဲများအားလုံး ကံထူးရှင်များက လက်ခံရရှိသွားသည်ဟုသိရသည်။

Photo by SWAN- သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN၏ ကံစမ်းမဲ ၅၀ ခန့် အားလုံးဆုမဲပေါက်

SWAN ၏ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အခမ်းအနားအား သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် မတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီး ကံစမ်းမဲများကိုလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ SWAN မှပေးသော ပေါက်ဆူး ၄၉ ခုစလုံး ကံထူးရှင်များကရရှိသွားကြောင်း ကံစမ်းမဲလက်မှတ်များစီစဉ်ခဲ့သည့်တာဝန်ရှိပုဂ္ဂိုလ်နန်းခမ်းယတ်က သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by SWAN- သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN တည်ထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနား

“ဆုတွေအကုန်ပေါက်သွားကြတယ်။ ကျမတို့ကံစမ်းမဲစာရွက်ရောင်းလို့ရတဲ့ပိုက်ဆံတွေကို ကျမတို့တောင်ကြီးမှာဆောက်ထားတဲ့ ရုံးမှာ သင်တန်းသားတွေအတွက် ချက်စားဖို့မီးဖိုချောင် လုပ်မယ်။ ပိုရင် ရုံးဝန်ထမ်းတွေအတွက်နေရာမလုံလောက်သေးတာကိုဆက်လုပ်သွားဖို့စီစဉ်ထားပါတယ် “ – ဟု နန်းခမ်းယတ် က ပြောသည်။

Photo by SWAN- သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN၏ ကံစမ်းမဲ

ကံစမ်းမဲ ၄၉ ခုမှာ ပထမဆု Toyota Wish ကားတစီးအား သီပေါမြို့နယ်မှ မအေးမီးကဆုမဲပေါက်ပြီး ဒုတိယဆုဖြစ်သော Hi Jet ကားကိုမူ တောင်ကြီးမြို့မှ မခိုင်ဖူး က ပေါက်ကြောင်း၊ တတိယဆုနှင့် စတုတ္ထဆုဖြစ်သော လယ်ထွန်စက်ကိုလည်း နမ့်ခမ်းနှင့် စယ်လန့်မှ ကံထူးရှင်များကလက်ခံရရှိကြောင်းသိရသည်။

နန်းခမ်းယတ်က – “ကျမတို့  SWAN ကံစမ်းမဲကို အားပေးကြတဲ့ ပြည်တွင်းပြည်ပမှ ပရိသတ်များကိုကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကံစမ်းမဲမပေါက်တဲ့သူတွေအားလုံး ကျမတို့ SWAN ရုံးတည်ဆောက်ဖို့ ကူညီထောက်ပံ့တာဘဲဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်ရှင့် “- ဟု ပြောသည်။

ကျန်ရှိသော ဆုမဲပေါင်း ၄၀ ကျော်မှာ မော်တော်ဆိုင်ကယ်၊ ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ တီဝီ၊ မြက်ရိတ်စက်၊ ဆိုလာပြား စသည်တို့ဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လက်နက်ကိုင်ပဋိပက္ခကြား အမျိုးသမီးအခွင့်အရေး လျစ်လျူရှုခံထားရ

0
နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women day) အဖြစ် သတ်မှတ်ထားသည်။ ယခုလို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အမျိုးသမီးများ၏ အခွင့်အရေး၊ တန်းတူရေးနှင့် အမျိုးသမီးတို့ လုပ်နိုင်စွမ်းအားအပေါ် အသိအမှတ်ပြုဖော်ပြသည့် နေ့တစ်နေ့လည်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအတွင်း၌ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေ၊ လက်နက်ကိုင်တိုက်ပွဲပဋိပက္ခများကြား...

လှိုင်းကြီးလေထန် ကြံ့ကြံ့ခံ “စွမ်း” ၂၅ နှစ် ခရီးကြမ်း

0
“မတရားမှုများ ဆက်လက် ကြီးစိုးနေမှုအပေါ် နှုတ်ဆိတ်နေမှာ မဟုတ်၊ လက်ပိုက်ကြည့်နေမှာ မဟုတ်” ဆိုသည်မှာ စွမ်း (SWAN) ၏ ရှင်းလင်းပြတ်သားသည့် ခံယူချက်ဖြစ်သည်။ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်သည် အကြမ်းဖက်မှု၊ မတည်ငြိမ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြန့်ပွား တိုးများ လာခဲ့ပြီး အခက်အခဲများ၊ စိန်ခေါ်မှုများ မကြုံစဖူး...

သျှမ်းပြည် လိင်ပိုင်းဆိုင်ရာ နှင့် ကျား – မ ကွဲပြားမှု အပေါ်အခြေခံသည့် အကြမ်းဖက်ခံရမှု တိုးလာ

0
သျှမ်းပြည် အတွင်း လိင်ပိုင်းဆိုင်ရာ နှင့် ကျား - မ ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်ခံရမှု တိုးလာကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ ထုတ်ပြန်လိုက်သည်။ မတ်လ မှ ဧပြီလ အထိကောက်ယူထားသည့် အချက်အလက်အရ အမျိုးသမီးများ အိမ်တွင်း အကြမ်းဖက်ခံရမှု ၇...

သျှမ်းပြည် ဇွန်လတွင်း ကျား-မအခြေပြုအကြမ်းဖက်မှု (၁၀)မှုရှိ

0
သျှမ်းပြည် ဇွန်လအတွင်း ကျား - မ အခြေပြု အကြမ်းဖက်မှု (၁၀) မှု ရှိပြီး အများစုမှာ အိမ်တွင်းအကြမ်းဖက်မှု နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ကြောင်း SWANမှ ထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်သည် ဇူလိုင် (၁၁) ရက်တွင် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)...

“အာဏာရှင်ကို တိုက်ဖျက်ရင်း အာဏာရှင်မဆန်ဖို့” သျှမ်းစစ်သမီးဟောင်း ပြော

0
သျှမ်းတော်လှန်ရေးမှာ ပထမဆုံး ဝင်ရောက်လာခဲ့တဲ့ သျှမ်းအမျိုးသမီးစစ်သည်တော် နန်းဟန်နွန်း ကို သျှမ်းသံတော်ဆင့် သတင်းဌာန က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဆရာမ နန်းဟန်နွန်း ဟာ ကျောင်းဆရာမ ဘဝ ကနေပြီးတော့ ညီညွတ်သော သျှမ်းပြည်တော်လှန်ရေး တပ်မတော် (SURA) ရဲ့ ပထမဆုံး သျှမ်းအမျိုးသမီး တော်လှန်ရေး...