Wednesday, January 28, 2026

မြောက်ပိုင်းတပ်များအား အစိုးရတပ် လေယာဉ်ဖြင့်တိုက်ခိုက်ပြီး စစ်ရေးဆက်လက်တင်းမာနေ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တောင်ဘက် လွယ်ဟန်းရွာတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များအား အစိုးရတပ်မတော်မှ လေယာဉ်ဖြင့် ဆက်တိုက် တိုက်ခိုက်ကြောင်းသိရသည်။

Photo by Google Map- တိုက်ပွဲဖြစ်ပွါးသည့် နမ္မတူမြို့နယ် မန်စံအုပ်စုနေရာပြမြေပုံ
Photo by Google Map- တိုက်ပွဲဖြစ်ပွါးသည့် နမ္မတူမြို့နယ် မန်စံအုပ်စုနေရာပြမြေပုံ

၂၀၁၉ မတ်လ ၂၆ -၂၈ ရက် နေ့အထိ အစိုးရတပ်မတော်မှ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ရဟတ်ယာဉ်ဖြင့်လည်း ဝေဟင်မှ အကြိမ်ကြိမ်ပစ်ကူကြောင်း၊ တိုက်ပွဲကြောင့် ဒေသခံများ နေရပ်မှ စွန့်ခွါကာ နီးစပ်ရာသို့ ထွက်ပြေးခိုလှုံနေရကြောင်း၊ ယနေ့ အတွင်း တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးသော်လည်း ဒေသအတွင်းရောက်ရှိနေသည့် အစိုးရတပ်၊ မြောက်ပိုင်းမဟာမိတ်တပ်၊ RCSS တပ်တို့ အင်အားအပြိုင်ဖြည့်ကာ စစ်ရေးတင်းမာနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ဒီနေ့က သေနတ်သံ မကြားရဘူး။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့တွေက တိုက်ပွဲဖြစ်ပွားတဲ့နေရာကနေ မထွက်ကြသေးဘူး။ အစိုးရတပ်ကလည်း အင်အားထပ်ဖြည့် နေတယ်။ ဆိုတော့ တိုက်ပွဲ က အချိန်မရွေးထပ်ပြီးဖြစ်ပွားနိုင်တယ်” – ဟု မန်စံကျေးရွာအုပ်စု ဒေသခံ ရပ်မိရပ်ဖ တဦးကပြောသည်။

နမ္မတူ အခြေစိုက် အစိုးရတပ် ခြေမြန်တပ်ရင်း အမှတ် ခမရ ၃၂၄ က လက်နက်ကြီးဖြင့် မြောက်ပိုင်း မဟာမိတ်တပ်များအားအကြိမ်ကြိမ်ပစ်ခတ်သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

အဆိုပါ မိုင်းမုအုပ်စု ဆန်ခါရွာတွင် အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ မတ်လ ၂၆ ၊ ၂၇ နှင့် ၂၈ ရက်တို့တွင် ၃ ရက်ဆက်တိုက်ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်းလည်းသိရသည်။

“ကျမတို့ရွာဘက်မှာ ၃ ဖွဲ့လှုပ်ရှားနေတော့ ဘယ်တဖွဲ့နဲ့ ဘယ်တဖွဲ့ပစ်ခတ်သလဲဆိုတာ ဘယ်သိနိုင်မလဲနော့ ။ လက်နက်တွေကိုင်ထားကြတော့လည်း တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်လေ။ ”- ဟု စစ်ဘေးရှောင် နန်းဇမ် က ပြောသည်။

မတ်လ ၂၇ ရက်နေ့ကလည်း အစိုးရတပ်နှင့် မြောက်ပိုင်း မဟာမိတ်တပ် တို့အကြားတိုက်ပွဲကြောင့် မိုင်းမု ကျေးရွာအုပ်စုအတွင်း နေအိမ် ၂ လုံး လက်နက်ကြီးကျည်သင့်ကာ မီးလောင်ပျက်စီးသွားခဲ့သည်။

ထိုနေ့မတိုင်မှီ မတ် ၂၂ ရက်မှ ၂၃ ရက်နေ့အထိ အဆိုပါဒေသအတွင်း လွယ်ဟန်းတောင်ကြော တွင် ယာယီအခြေနေထိုင်သည့် RCSS တပ်စခန်းအား မြောက်ပိုင်းမဟာမိတ်တပ်က အင်အားအလုံးအရင်း ဖြင့် တက်တိုက်ခဲ့သည်။ နှစ်ဘက်ဖြစ်ပွားသော တိုက်ပွဲကြောင့်လည်း အသက် ၆၀ အရွယ် ဒေသခံ အမျိုးသား တဦး သေနတ်ထိမှန်ကာ သေဆုံးသွားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူမြို့ကို TNLA တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၊ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည် နမ္မတူမြို့နယ်ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အလုံးစုံထိန်းချုပ်နိုင်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၃၂၄ တပ်ရင်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က...

နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီ ပညာရေးကျောင်းများ TNLA တပ်ဖွဲ့မှ ပိတ်ခိုင်း

0
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာ မူလတန်းကျောင်း နှင့် အလယ်တန်းကျောင်း တို့ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တပ်ဖွဲ့က ပိတ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက် မှ စတင်ကာ နမ္မတူမြို့နယ်...

မြို့ပြထိပါ လှုပ်ရှားလာတဲ့ တအာင်းတပ် TNLA

0
စစ်ဝတ်စုံ လက်နက် အပြည့်အစုံနဲ့ မြို့ပြကို ဦးတည်ပြီး အားမာန်နဲ့ ချီတက်လာကြသလို တချို့ကလည်း သစ်ပင်အောက်မှာ ထိုင်ခုံ နဲ့ ထိုင်နေတဲ့သူတွေလည်း တွေ့မြင်ရပါတယ်။ ဒီမြင်ကွင်းကတော့ သျှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ ရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာမြို့ဖြစ်တဲ့ လားရှိုးမြို့ အနီးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

နမ္မတူမြို့နယ် ပြည်သူပိုင် သစ်တောမြေ နှင့် ယာမြေများကို TNLA တပ်ဖွဲ့က သိမ်းယူ

0
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း ပြည်သူပိုင် မြေဧက ၁၀ နီးပါးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း သတင်း သိရသည်။ နမ္မတူမြို့နယ် ဆိုင်းခေါင်(ဝ်) ကျေးရွာ အုပ်စု (ဢိူင်ႇသၢႆးၶၢဝ်) မှ ကောင်းဆာကျေးရွာအတွင်းရှိ ဒေသခံ...

နမ္မတူ – ကျားစခန်း ရထားသံလမ်းဖြုတ်မှု ယာယီရပ်ဆိုင်း

0
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့ နှင့် ကျားစခန်းကို ဆက်သွယ်ထားသည့် ရထားသံလမ်းဖြုတ်မှု လုပ်ငန်းစဉ်သည် ယနေ့ (မတ်လ ၂၂ ) ရက်မှာ ယာယီ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (မတ်လ ၂၀ ရက်) မနက်ပိုင်း အချိန်မှစပြီး ဝင်းမြင့်မိုရ် ကုမ္ပဏီမှ ဦးဆောင်ပြီး...