Wednesday, December 11, 2024

တာချီလိတ်မြို့တွင်းရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရတန်ဖိုးကျပ်သိန်းပေါင်းထောင်ချီဆုံးရှုံး 

Must read

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့မနက်အစောပိုင်းက ရွှေဆိုင်တဆိုင်အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ၀င်ရောက်ဓါးပြတိုက်မှုဖြစ်ပွါးရာ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ဆုံးရှုံးမှုရှိကြောင်းသိရသည်။

Photo by Eastern Future News Agency- တာချီလိတ်မြို့ ဆန်ဆိုင်း က ရပ်ကွက် ရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်
Photo by Eastern Future News Agency- တာချီလိတ်မြို့ ဆန်ဆိုင်း က ရပ်ကွက် ရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်

မတ်လ ၂၉ ရက် မနက် ရ နာရီအချိန်ခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း က ရပ်ကွက် ရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်အား အမည်မသိလူ ၆ ဦးက ကားတစီးဖြင့်ဝင်ရောက်ကာ ဓါးပြတိုက်ခြင်းဖြစ်ကြောင်း ၊ ရွှေထည်ပစ္စည်းအလေးချိန် ၈၀ ကျပ်သားခန့်၊ ဘတ်ငွေ ၂ သန်းခန့်တန်ဖိုးရှိ စိန်ထည်ပစ္စည်းများနှင့် ထိုင်းဘတ်ငွေ ၂ သန်း၊ တန်ဖိုးကြီးလက်ကိုင်ဖုန်းများ ဓါးပြတိုက်ယူသွားကြောင်းသိရသည်။

“တာချီလိတ်မြို့ ဆန်ဆိုင်း က ရပ်ကွက်သား စိုင်းဦးက – ဟုတ်တယ် မနက်စောစောတုန်းက ဓါးပြဝင်တိုက်သွားတယ်လို့ကြားမိပါတယ်။ တနေ့လုံးလည်း အဲ့ရွှေဆိုင်မှာ ရဲတပ်ဖွဲ့တွေ ရှိနေတယ်။ ဒါမယ့်ခုထိ ဓါးပြလာတိုက်သွားတာ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ကလဲဆိုတာ မသိရသေးပါဘူး။ ပစ္စည်းတွေဘဲဆုံးရှုံးပါတယ် ။ လူသူဒဏ်ရာရ သေဆုံးတာတော့ မရှိပါဘူး။ လန့်တော့လန့်ကြတာပေါ့ မနက်စောစောလည်းဖြစ် မြို့ထဲလည်းဖြစ်တာတောင်မှ ဓါးပြတိုက်တယ်ဆိုတော့ လုံခြုံမှုက မရှိတော့ဘူး ”- ဟု သျှမ်းသံတော်ဆသင့်အားပြောသည်။
ဦးစိုင်းထွန်း နှင့် နန်းတွီတို့၏ နန်းနန်းဘွန်းကျောက်ရွှေဆိုင်သည် တာချီလိတ်မြို့တွင် ဆန်ဆိုင်း က တွင်တဆိုင်နှင့် မယ်ခေါ၀်ရပ်ကွက်တွင်တဆိုင်ဖွင့်လှစ်ထားကြောင်းသိရသည်။

ဓါးပြ အဖွဲ့သည် ၄ ယောက်မှာ အိမ်ရှင်များအား ဖမ်းချုပ်ချည်နှောင်ကာ ကျန် ၂ ယောက်မှာ ဆိုင်အတွင်း အိပ်ခန်းတွင်း ပစ္စည်းများအား မွှေနှောက်ရှာဖွေယူဆောင်သွားကြောင်း ရဲများထံအိမ်ရှင်မှထွက်ဆိုထားသည်ဟုလည်း နီးစပ်သူများကပြောသည်။

“အသက် ရ၀ အရွယ်ခန့်ရှိ တာချီလိတ်မြို့ခံ လုံးစိုင်းကျောက်က – တာချီလိတ်မြို့ကြီးက အခု လုံခြုံမှုလုံးဝမရှိတော့ဘူး။ ခနနေ မြို့လယ်မှာ သေနတ်ပစ်ခံရတယ်တဲ့။ ခနနေဓါးထိုးမှုဖြစ်ပြီတဲ့။ မနေ့တနေ့ကလည်း ပုံးထွန်ရပ်ကွက်သချိုင်္င်းမှာ ဘိန်းစားတွေကို သွားဖမ်းတာ ၅၀-၆၀ ယောက်ရှိတယ်တဲ့ ဘိန်းစားတွေ။ အခု ဒီမှာမွေးတဲ့ တကယ့်ဇာတိသားက နဲသွားပြီ။ တခြားကလာနေတဲ့ ဧည့်သည်တွေကများတယ်။ တဝက်ကျော်ကျော်တောင်ရှိတယ်လေ။” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

Leave a Comments

- Advertisement -spot_img

Latest article