ကျောက်မဲမြို့လယ်ခေါင် ဗက(ငြိမ်း) တဦး သေနတ်ပစ်သတ်ခံရ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ မြို့လယ်ခေါင်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၂၇ ရက် ယနေ့ည ရ နာရီအချိန်ခန့်က ကျောက်မဲမြို့ မြို့လယ်ခေါင် ဗလီ အနီးတွင် အဆိုပါ အမျိုးသား သေနတ်ပစ်ခြင်းခံရကြောင်း၊ သေနတ်ပစ်ခံရသူသည် ဗိုလ်ကြီး(ငြိမ်း) ဦးရဲလင်းအောင် ဆိုသူဖြစ်ကြောင်း ကျောက်မဲမြို့...
သီပေါ နမ္မတူကြား တိုက်ပွဲဖြစ် ဒေသခံ ၃၀၀ ကျော် စစ်ရှောင်နေရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နှင့် နမ္မတူမြို့နယ် ကြား မန်လီကျေးရွာ အနီးတွင်တိုက်ပွဲများဖြစ်ပွားသဖြင့် ဒေသခံ စစ်ရှောင် ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရသည်။ RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ (ယမန်နေ့) ညနေပိုင်းကတည်းက စတင်ကားဖြစ်ပွားခဲ့ပြီး ယနေ့မနက်ပိုင်း ဖေဖော်ဝါရီလ ၂၇...
ပါတီမူဝါဒတွေကိုပြင်ဆင်လုပ်ဆောင်နေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကပါတီဝင်တွေနဲ့တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ တွဲဖက်အတွင်းရေးမှူး ၁ စိုင်းလိတ်၊ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် ပညာရေးနှင့် နိုင်ငံခြားဆက်ဆံရေးဌာန တာဝန်ခံ စိုင်းဆမ်ဖွန်ဆိုင်၊ ဘဏ္ဍာရေးတာဝန်ခံ ဦးစိုးမြင့် နဲ့အတူ သျှမ်းပြည်မြောက်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ စိုင်းလှဖေတို့ကနေ အလုပ်အမှုဆောင်တွေနဲ့ ပါတီဝင်တွေကိုသွားရောက်တွေ့ဆုံခဲ့တာ...
အရက်မူးသည့် ဖခင်က သားကို ဓားဖြင့် ထိုး
သျှမ်းပြည် အရှေ့ ပိုင်း ကျိုင်းတုံမြို့ ကတ်တောင်ကျေးရွာ အုပ်စု ပါစမ်ရွာ တွင် ဖခင်ဖြစ်သူ က သားဖြစ်သူအား ဓားဖြင့် ထိုး မိကာ သားဖြစ်သူသေဆုံးခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၄ ရက် ည ၈နာရီက စိုင်းအွန်ကျောက် အသက် (၆၃)နှစ် နှင့်...
SSPP/SSA နှင့်အစိုးရတပ်မတော်ကိုယ်စားလှယ်များတွေ့ဆုံ
အစိုးရ၏ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် တို့ နေပြည်တော်စစ်တိုင်းရုံးတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၅ ယနေ့ မနက် ၉ နာရီအချိန်ခန့်က SSPP မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်ဆိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်...
သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပမည်
မတ်လ ၁ ရက်နေ့တွင်ကျရောက်သော သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် Tai Youth Network မှဦးဆောင်ကာ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် စယ်လန့်အုပ်စုတွင် ကျင်းပမည်ဖြစ်ပြီး သျှမ်းလူငယ်များ စည်းလုံးညီညွတ်ရေးနှင့်ချစ်ကြည်ရင်းနှီးမှုကိုပြသရန်ဖြစ်ကြောင်း၊ ရှေ့ဆက်တွင်လည်း...
မူစယ်ဆင်ဖြူဂိတ်ဖြတ်သန်းမယ့် လူထုတွေရဲ့ အခက်အခဲကို အာဏာပိုင်များ ကူညီဖြေရှင်းပေးပါ
SHAN -
သို့- သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့် လူထုအခက်အခဲကို သက်ဆိုင်ရာ အာဏာပိုင်များမြင်တွေ့နားလည်အောင် ဖော်ပြပေးစေလို ………. တရုတ်-မြန်မာ အဝင်အထွက် ဂိတ်ပေါက်တစ်ပေါက်ဖြစ်တဲ့ ဆင်ဖြူပေါက်မှာ နေရာဦးပြီး ပြန်လည်ရောင်းစား နေတာတွေကြောင့် ခရီးသွားပြည်သူလူထုတွေ အခက်အခဲဖြစ်နေပါတယ်။ အရင်က နယ်စပ်ဖြတ်ပြီး အလုပ်ကိစ္စ ၊လူမှုရေး၊ စီးပွါးရေး ၊ ပညာရေးအတွက် ၀င်ထွက်သွားလာရင် လွယ်ကူ ပေမယ့် အခုတော့...
သျှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် အစိုးရကိုယ်စားလှယ် နေပြည်တော်တွင်တွေ့ဆုံ
သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ သွားရောက်ပြီး အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့နှင့် ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးကြသည်ဟုသိရသည်။ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ဒုတိယ ဥက္ကဌ ၂ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်၊ စဝ်နော်လိတ်၊ စဝ်တွန်းခမ်း၊ စဝ်ဘုန်းဟန် နှင့် စဝ်တိန်းခေါင် ၅...
ကျောက်မဲမြို့နယ် နမ့်မန်းရွာ ဒေသခံ ၃ ဦး လက်နက်ထိမှန်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်မန်းရွာ အတွင်း လက်နက်ကိုင်တပ်ဖွဲ့ မှ လက်နက်ကြီး ဖြင့် လှမ်းပစ် သဖြင့် ရွာသား ၃ ဦး ဒဏ်ရာရရှိကာ ကျောက်မဲမြို့ ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက နမ့်မန်းရွာတွင်လက်နက်ကြီးထိမှန်ခဲ့သူများမှာ အသက်...
တိုက်ပွဲကြောင့် လက်နက်ကြီးရွာထဲကျ တပတ်ကျော်အကြာ သိမ်းနိုင်မှ စစ်ရှောင်များနေရပ်ပြန်ရဲ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွါးသောတိုက်ပွဲမှ ရွာတွင်းကျသည့် မပေါက်ကွဲသည့် လက်နက်ကြီး တလုံးအား တပတ်ကျော်အကြာတွင် သိမ်းယူနိုင်မှသာ စစ်ရှောင်ရွာသားများ ရွာပြန်ရဲကြကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွါးသော RCSS နှင့် SSPP ကြားဖြစ်ပွါး သော တိုက်ပွဲကြောင့် နမ့်ပျဉ်ကျေးရွာနှင့် ပန်လော့ကျေးရွာသား...





