Wednesday, January 28, 2026

ကျောက်မဲမြို့ မကြာခဏ ပစ်ခတ်မှုကြောင့် နောက်ကျောမလုံ သွားလာနေရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားသဖြင့် ဒေသခံများ နောက်ကျောမလုံ သွားလာနေရ ကြောင်း သတင်းရရှိသည်။

Photo by ကျောက်မဲဒေသခံ  

အောက်တိုဘာ ၂၄ရက် ည ၉ နာရီ တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့က ခရိုင်ပြည်ခိုင်ဖြိုးရုံးရှေ့ နှင့် ကားကြီးဂိတ် ရှေ့တွင် လာရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း လူထိခိုက်မှု မရှိကြောင်း ကျောက်မဲ မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနေ့ ၉ နာရီမှာ လာပစ်သွားတယ်။ လူထိခိုက်မှုတော့မရှိဘူး။ ဒါပေမယ့် ဒေသခံတွေကတော့ သတိနဲ့ သွားလာ နေရတယ်။ ကြောက်နေရတယ်” ဟု စိုင်းထွန်းဝင်း က ဆိုသည်။

ကျောက်မဲမြို့နယ် တွင်မကြာခဏ ဖြစ်ပွားမှု ပစ်ခတ်ခံနေရသဖြင့် စိုးရိမ်ထိတ်လန့်နေရကြောင်း၊ တရားဥပဒေ စိုးမိုးမှု မရှိသဖြင့် လုံခြုံရေး မရှိကြောင်း၊ ကျောက်မဲပြည်သူလူထု အနေဖြင့် သတိထား သွားလာနေရကြောင်းလည်း စိုင်းထွန်းဝင်း က ပြောဆိုလိုက်သည်။

“ ဒီမှာ နေရတာ နောက်ကျော မလုံဘူး။ ကိုယ်နောက် ဘယ်သူလာပြီး ပစ်မလဲဆိုတာ ကြောက်နေရတယ်။ အရာရာ ကို ကြောက်နေရတယ်” ဟု ကျောက်မဲဒေသခံ တဦးဖြသည့် စိုင်းမောင်လှ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယမန်နေ့ ကျောက်မဲမြို့ ခရိုင်ကြံ့ခိုင်ရေး ရုံးရှေ့ပစ်ခတ်မှုသည့် မည်သည့် လက်နက်ကိုင် အဖွဲ့ ဖြစ်သည်ကိုတော့ မသိရသေးကြောင်း စိုင်းမောင်လှက ပြောသည်။

ကျောက်မဲမြို့နယ် တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ပေါင်းစုံ လှုပ်ရှားသည့်ေ နရာ ဖြစ်ပြီး ကျောက်မဲမြို့နယ် အတွင်း မကြာခဏအရပ်သားပြည်သူများ ပစ်ခတ်ခံရကာ တကြိမ်တခါမျှ တရာခံ ပေါ်ပေါက်ခြင်း မရှိသေးပေ။

လွန်ခဲ့သည် ရက်ပိုင်းတွင်လည်း ကျေက်မဲမြို့ နယ် DENKO စက်သုံးဆီဆိုင် အများသုံး အိမ်သာ အတွင်း ၌ မိုင်းတု ဖြင့်ထောင်ကာ ငွေခြိမ်းခြောက်မှု လည်း ရှိခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...