Wednesday, January 28, 2026

NCA ၄ နှစ်ပြည့် အခမ်းအနား RCSS/SSA မတက်ရောက်

နေပြည်တော်တွင် ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA ၄နှစ်ပြည့် အခမ်းအနားသို့ သျှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ဝင်များ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့ဝင် တဖွဲ့ဖြစ်သည်။

RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် သည် အောက်တိုဘာ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည့် NCA ၄နှစ်ပြည့်အခမ်းအနားတက်ရောက်ရန်ို RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျဲန်းမှ ဟိုမိန်း- လင်းခေး- တောင်ကြီး ဘက် ကားဖြင့်သွားမည် ကို အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှ ခွင့်မပြုသဖြင့် အခမ်းအနား တက်ရောက်နိုင်ခြင်းမရှိပေ။

“ RCSS/SSA ဖက်က မတက်ဘူး။ အားလုံး ပြန်လာပြီ။ ဒီလိုသာထပ်သွားမယ်ဆိုရင်တော့ သူတို့ချမှတ်ထားတဲ့လုပ်ငန်းစဉ်အတိုင်းတည်ဆောက်မယ့် ပြည်ထောင်စုကြီးက ဖြစ်လာဖို့ မရှိဘူးလို့တော့မပြောချင်ဘူး။ ဒါပေမယ့် လွဲသွားတယ်လို့ ပြောချင်တယ်။ လမ်းပေါ်ပြန်ရောက်အောင် ၊ ငြိမ်းချမ်းရေးအမြန်ရရှိအောင်တိုးတက်မှုရှိအောင်တော့ ကျနော်တို့ ၀ုိင်းဝန်းလုပ်ဆောင်သွားရမယ်။ တကယ်လို့ ကြိုးစားမှုမရှိရင်တော့ ၂၀၂၀ နောက်ပိုင်း အစိုးရအသစ်ရှိလာရင် ဘာဆက်ဖြစ်လာမလဲ ဆိုတာကျနော်တို့မသိနိုင်ဘူး။ ” RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ် ဦးခွန်စိုင်း က ပြောသည်။

အဆိုပါပြသနာသည် အစိုးရ တပ်မတော် နှင့် RCSS/SSA ကြားပြသနာသာမဟုတ်ဘဲ ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ ပြသနာဖြစ်နေသဖြင့် နိုင်ငံသားအားလုံးမှ ကူညီညှိနှိုင်း ပေးရန် လိုအပ်ကြောင်း ဦးခွန်စိုင်း က ပြောသည်။

NCA အခမ်းအနား တက်ရောက်ခြင်း မရှိသည့်အတွက် နောက်ဆက် ကျင်းပမည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကိုလည်း တက်ရောက်မည်မဟုတ်ကြောင်း RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က အောက်တိုဘာ ၂၇ ရက်နေ့ မီဒီယာများတွေ့ဆုံစဉ် တွင် ပြောကြားခဲ့သည်။

ထို့ကြောင့် ယနေ့ကျင်းပမည့် NCA ၄နှစ်ပြည့်တွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့ သာ တက်ရောက်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

NCA  ၄ နှစ်ပြည့် အောက်တိုဘာ ၂၈ ရက်တွင်ကျင်းပမည်

0
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA   လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည် ဟု သတင်းရရှိသည်။ NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ တွင်...

SNLD တည်ထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနား တောင်ကြီးမြို့တွင် ကျင်းပမည်

0
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်း အမှတ်အခမ်းအနား တရပ်ကို သျှမ်းပြည်မြို့တော်တောင်ကြီးရှိ သျှမ်းစာပေနှင့် ယဉ်ကျေး မှုရုံးတွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ ၂၅ နှင့် ၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ဂုဏ်ပြုဆုချီးမြင့်ခြင်းနှင့်အတူ စာပေဟော ပြောခြင်းအစီအစဉ်လည်းရှိသည်ဟုသိရသည်။ "ပါတီတည်ထောင်ခြင်း...