Wednesday, January 28, 2026

NCA  ၄ နှစ်ပြည့် အောက်တိုဘာ ၂၈ ရက်တွင်ကျင်းပမည်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA   လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည် ဟု သတင်းရရှိသည်။

Photo Credit to EAO -၂၀၁၈ ခုနစ် NCA ၃နှစ်ပြည့် အခမ်းအနား ကျင်းပရေးအတွက် အစိုးရနဲ့ EAO သီးသန့်တွေ့ဆုံခြင်း ပုံ

NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ တွင် အောက်တိုဘာ ၂၈ ရက် နေ့လည် ၂နာရီတွင် ကျင်းပမည်ဖြစ်ပြီး၊ ဂုဏ်ပြု ညစာကို ညနေ ၆နာရီတွင် တည်ခင်း ဧည့်ခံမည် ဟု သိရသည်။

၎င်းနှင့်ပတ်သက်ပြီး အစိုးရ ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPWT ) တို့သည် အောက်တိုဘာ ၂၁ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန တွင်တွေ့ဆုံကာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် NCA စာချုပ် အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ် တွင် အဓိကကျသည့် ယန္တရားတခုဖြစ်သည့် အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး၊ မအောင်မြင်ရေးသည် UPDJC အပေါ်မူတည်ကြောင်း NCA-S-EAO    အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။

အဆိုပါ ပြောဆိုချက်သည် NCA-S-EAO  UPDJC ၏ ယနေ့ ပြုလုပ်သည့် ၂၈ ကြိမ်မြောက် အစည်းအဝေးတွင် ဗိုလ်မှူးကြီး စိုင်းငင်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

PHoto Credit to EAO -NCA-S-EAO  UPDJC ၏ ယနေ့ ပြုလုပ်သည့် ၂၈ ကြိမ်မြောက် အစည်းအဝေးတွင် ဗိုလ်မှူးကြီး စိုင်းငင်းက အဖွင့်မိန့်ခွန်းပြောကြား

ထို့ပြင် အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပမည့်  ၄ နှစ်ပြည့် NCA စာချုပ် အခမ်းအနား အလွန် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ အခမ်းအကျင်းများ ကို ထည့်တွက်ပြီး ရှေ့လုပ်ငန်းစဉ် များကို ချမှတ်ရမည် ဟုလည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန်၊ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် လက်တွဲ ပူပေါင်းဆောင်ရွက်ရန်လည်း ဗိုလ်မှူးကြီး စိုင်းငင်းက ထပ်လောင်းပြောကြားသည်။

NCA နှစ်ပတ်လည် အခမ်းအနားကို အစိုးရဘက်မှ အကြီးအကဲများ၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ယခင် ပါဝင်ဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်များ၊ NCA  ရေးထိုးနိုင်ရေး အတွက် ကူညီ ပံ့ပိုးပေးခဲ့ကြသူများ တက်ရောက်မည်ဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်မှလည်း ခေါင်းဆောင်များ ပါဝင်တက်ရောက်ကြမည် ဟု သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

NCA ၄ နှစ်ပြည့် အခမ်းအနား RCSS/SSA မတက်ရောက်

0
နေပြည်တော်တွင် ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA ၄နှစ်ပြည့် အခမ်းအနားသို့ သျှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ဝင်များ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။ သျှမ်းပြည်တပ်မတော် RCSS/SSA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့ဝင် တဖွဲ့ဖြစ်သည်။ RCSS/SSA...

၂၀၀၈ ခြေဥ ပြင်နိုင်ဖို့က အစိုးရနဲ့ တပ်မတော်အကြား ဘယ်လောက်ထိ ရင်ကြားစေ့ရေး လုပ်နိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်  ...

0
မေး။ ။ ဗိုလ်မှူးကြီး ခင်ဗျ။ အခုတလော ထိပ်တန်းသတင်းဖြစ်နေတဲ့ ၂၀၀၈ ခြေဥ ပြင်ဆင်ရေးအတွက် အာဏာရ NLD အစိုးရ ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ သဘောထား ပြောပြပါဦး ခင်ဗျ။   ဖြေ။ ။ ၂၀၀၈ ခြေဥကို...

ကျနော်တို့ဟာ NCAကို ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ပါဘူး ( RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းနှင့် တွေ့ဆုံခြင်း (အပိုင်း -၂))

0
မေး။  ။ ဗိုလ်မှူးကြီး ခင်ဗျား၊ တချို့ငြိမ်းချမ်းရေးလေ့လာသူတွေက သုံးသပ်ထားရှိတယ်ဗျ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ဦးဆောင်မှုအခန်းကဏ္ဍကို စတင်ရယူဖို့ ခြေလှမ်းလှမ်းခဲ့ပြီလို့ ဆိုတယ်၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၂၁)ရက်မှာ တပ်မတော် လေးလတာ အပစ်ရပ်ထုတ်ပြန်ချက်က သက်သေပဲလို့ ဆိုတယ်။ အဲဒီသုံးသပ်ချက် အပေါ် ဗိုလ်မှူးကြီးရဲ့ အမြင်လေး...

ကြီးကြပ် ကန့်သတ်ပစ္စည်းတွေဖြစ်လို့ ပစ္စည်းလုံခြုံရေးအတွက် ယာယီထိန်းသိမ်းထားပေးရတာပါ (RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းနှင့် တွေ့ဆုံခြင်း (အပိုင်း -၁))

0
ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းက ကျိုင်းတုံ-မိုင်းပျဉ်းကားလမ်းမပေါ်တွင် တပ်မတော်၏ တပ်ရင်းနှစ်ရင်းမှ ယာယီ တာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံသို့ ပြန်လာသည့် တပ်ရင်းမှူး နှစ်ဦး စီးနင်းလာသော စစ်ယာဉ် တစ်စီး အား RCSS တပ်ဖွဲ့ဝင်များမှ တားဆီးရပ်တန့်၍ ယာဉ်ပေါ်ပါသွားသည့်ကြီးကြပ် ကန့်သတ်ပစ္စည်း အပါအဝင်...