ကွတ်ခိုင် ပန်ကူစစ်ရှောင်တဦး မိုင်းနင်းမိ ထိခိုက်ဒဏ်ရာ ပြင်းထန်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကူစစ်ရှောင်စခန်းတွင်နေထိုင်သည့် အမျိုးသားတဦး မြေမြုပ်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ပြင်းထန် ရရှိကြောင်း သတင်းရရှိသည်။

Photo Credit to CJ- မိုင်းစထိမှန်ဒဏ်ရာရရှိသူ ပန်ကူစစ်ရှောင်

အောက်တိုဘာ ၂၃ ရက် နေ့လည် ၁ နာရီ ဝန်းကျင်အချိန် ပန်ကူကျေးရွာ ဟောင်း အနီးပတ်ဝန်းကျင်ရှိ တောင်ယာတွင် ကျွဲသွားရှာ စဉ် တိုက်မိုင်း နင်းမိသဖြင့်အသက် ၂၆ နှစ်အရွယ်အိုက်ယေ့ သည် မိုင်းထိမှန် ဒဏ်ရာရရှိရာ ဒဏ်ရာ စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း ကွတ်ခိုင်မြို့နယ် တအာင်း စာပေ ယဉ်ကျေးမှု ဒုတိယ ဥက္ကဌ ဦးထွန်းအောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ လင်မယား ၂ ယောက် တောင်ယာမှာ ကျွဲသွားရှာရင်း အမျိုးသားဖြစ်တဲ့သူက တိုက် မိုင်း နင်းမိတာ။ ပေါင် မှာကျည်စ ဖောက် ၀င်တယ်။ လက်ထိတယ်။ မနေ့က ကွတ်ခိုင် ဆေးရုံ ရောက်လာတယ်။ ဒဏ်ရာက ပြင်းတော့ လားရှိုးပို့လိုက်တယ်” ဟု ဦးထွန်းအောင် က ဆိုသည်။

ကျည်စသည် ပေါင်အားစိုက်ဝင်သဖြင့် အရိုး ထိသွားရာ ဒဏ်ရာပြင်းထန်ကြောင်း၊ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း လည်း ဦးထွန်းအောင် က ပြောသည်။

အဆိုပါ ပန်ကူစစ်ရှောင်စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင်များသည် စားဝတ်နေရေး အတွက် ယခင် နေထိုင်ခဲ့သည့် ပန်ကူကျေးရွာ ဟောင်းတွင်သာ သွားရောက် နေရသည်။

ထို ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာ တွင် မြန်မာ့တပ်မတော် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့လှုပ်ရှားသည့်နေရာဖြစ်သည့် အလျောက် မြေမြုပ်များလည်း ရှိကြောင်း ဒေသခံများ က ပြောသည်။

“ပြည်သူတွေက စစ်ရှောင်စခန်းမှာ နေရင်လည်း ဘာထောက်ပံ့မှု မှ မရတော့၊ ဝင်ငွေရမယ့် နေရာကို သွားအလုပ်လုပ်ရတယ်။ လုပ်ပြန်တော့လည်း အသက်အန္တရာယ်တွေရတယ်။ ၀မ်းရေးအတွက် မရှာလို့လည်း မရ” ဟု ဦးထွန်းအောင် က ပြောသည်။

လက်ရှိ သျှမ်းမြောက်ဒေသခံ ပြည်သူများ လယ်ယာလုပ်ငန်းခွင်၊ တောတောင်ဒေသ ထွက်စာရှာစားရန် အတွက် မိုင်းအန္တရာယ် သည် ခြိမ်းခြောက်မှု တခုဖြစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...