Wednesday, January 28, 2026

ရွာငံမြို့နယ် ဘုရားဖူး လိုက်ထရပ် ကားချောက်ထဲကျ ၁၆ဦး သေဆုံး၊ ၁၀ဦး ဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် အတွင်း ယမန် ည ၈နာရီ ဝန်းကျင်တွင် ဘုရားဖူး လိုက်ထရပ် ကားတစီး တိမ်းမှောက်ကာ ခရီးသည် ၁၆ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

 

Photo by Ma Su/ ယမန်နေ့ည ဘုရားဖူးကားတိမ်မှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူကယ်ထုတ်နေစဉ်

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် ည ၈နာရီဝန်းကျင်တွင် ရွာငံမြို့နယ် ယုန်တောင်ကျေးရွာ နှင့် စခန်းကြီး ကျေးရွာ ကြား ပေ ၂၀၀၀ အနက်ခန့် ရှိ ချောက်ထဲသို့ ဘုရားဖူး လိုက်ထရပ် ကားတစီး ကျသွားပြီး ခရီးသည် ၁၆ဦး သေဆုံးကာ၊ ၁၀ဦး ဒဏ်ရာရရှိကြောင်း တောင်ကြီးမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းလတ် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနက် က ၈နာရီ ဝန်းကျင်လောက်ဖြစ်တယ်။ သေဆုံးသူ ၁၆ဦး၊ သေဆုံးတဲ့ထဲ ရဟန်း ၁ပါးပါတယ်။ ဒဏ်ရာရသူက ၁၀ဦးပါ။ ဒဏ်ရာပြင်းထန်တဲ့သူ ၂ဦးကိုတော့ မန္တလေးဆေးရုံပို့လိုက်တယ်။ ၈ဦးကတော့ ရွာငံပြည်သူ့ဆေးရုံမှာပါ” ဟု ဦးဇော်မင်းလတ် က ဆိုသည်။

Photo by Ma Su/ ယမန်နေ့ည ဘုရားဖူးကားတိမ်မှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ

သျှမ်းပြည်တောင်ပိုင်း ကို လိုက်ထရပ် ကားဖြင့် ဘုရားဖူးလိုက်ပါလာကြပြီး ချောက်ထဲကျကာ သေဆုံးသွားသူတို့ ၏ ရုပ်အလောင်း ၁၆ လောင်း ကို ရွာငံပြည်သူ့ဆေးရုံတွင် ထားရှိထားကြောင်း၊ ချောက်ထဲကျသည့် ဘုရားဖူးကားသည် ရွှေဘိုမြို့ဘက် မှ လာသည့် ကားဖြစ်ကြောင်း ဦးဇော်မင်းလတ်က ပြောသည်။

“ အဲ့လမ်းက လက်ရှိမှာ ချဲ့ထားပါတယ်။ လိုက်ထရပ် ကား က ကုန်တင်ဖို့ ထုတ်ထားတာ။ ခရီးသည် ကားမဟုတ်ဘူး။ လိုက်ထရပ်ကားကို ခရီးသည် တင်ကားမသုံးတာ ကောင်းပါတယ်” ဟုလည်း ဦးဇော်မင်းလတ် က ဖြည့်စွတ်ပြောသည်။

ထို သေဆုံးသူ ၁၆ဦးနှင့် ထိခိုက်ဒဏ်ရာရသည့် ၁၀ဦး ၏ ဆွေမျိုးများကို ဆက်သွယ်စုံစမ်း ရရှိပြီး ဖြစ်ကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ကားမီးလောင်မှုဖြစ်ပွား၊ သတိထားသွားလာရန်လိုအပ် 

0
သျှမ်းပြည်  တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်း တွင် တောင်အတက်အဆင်းလမ်း ကြမ်းတမ်း မှုကြောင့် ယာဉ်တိမ်းမှောက်မှု မီးလောင်မှုများ မကြာခဏဖြစ်ပွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၆) ရက်တွင် ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်း ပေါ်တွင် လားရှိုးမြို့သို့ ပြန်သည့် စစ်ဘေးရှောင် ကားတစ်စီးမီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ကျောက်တန်းလမ်းမှာ ကားမီးလောင်သွားတာ မနေ့က လားရှိုးပြန်တဲ့ကား‌ပေါ့။ တော်သေးတယ်...

ရွာငံမြို့နယ် ဘုရားဖူးယာဉ်တစ်စီး ချောက်အတွင်းကျ (၇) ဦးသေဆုံး၊ (၁၇) ဦးထိခိုက် စိုးရိမ်ရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ရွာငံ - ဟံမြင့်မိုရ်လမ်းပိုင်း၌ ဘုရားဖူးယာဉ်တစ်စီး ချောက်အတွင်းသို့ တိမ်းမှောက်ကျသွား၍ (၇) ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) နေ့လယ် ၂ နာရီဝန်းကျင် ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ် လမ်းပိုင်း၌ ဘုရားဖူးယာဉ်တစ်စီးသည်...

ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာတွင် PNO စည်းရုံးရေး ကားတိမ်းမှောက် အမျိုးသမီး (၃)ဦး သေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ နယ် ဘန်းယဉ်ကျေးရွာ တွင် ယနေ့ (အောက်တိုဘာ ၂၂)ရက် ညနေ ၆နာရီဝန်းကျင်တွင် PNO ပါတီ မဲဆွယ်စည်းရုံးရေးကား တိမ်းမှောက်ကာ အမျိုးသမီး (၃) ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ပါတီ (PNO)...

ဘုရားဖူးကားတိမ်းမှောက်မှုကြောင့်သေဆုံးသွားသော မူစယ်မြို့ခံ ၅ ဦးအား ယနေ့သဂြိုဟ်မည်

0
ကချင်ပြည်နယ် အင်းတော်ကြီးအိုင်သို့ တပေါင်းပွဲဘုရားဖူးမှအပြန် ဗန်းမော်နှင့်လွယ်ဂျယ်အကြား မတော်တဆကားတိမ်းမှောက်မှုကြောင့် ကွယ်လွန်သွားသော သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ဒေသခံ ၅ ဦး၏ရုပ်အလောင်းအား မတ်လ ၉ ရက်နေ့ယနေ့ညနေပိုင်းတွင် မီးသဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။ မူစယ်မြို့ဒေသခံအမျိုးသမီး ၁၅ ဦးပါ၀င်သည့် “ရွှေလွန်းပျံ” ဇလုံတောင်- အင်းတော်ကြီးဘုရားဖူးယာဉ်တစီး မတ်လ ရ ရက်နေ့က ဗန်းမော်နှင့်လွယ်ဂျယ် ကြား...