Wednesday, January 28, 2026

ဘုရားဖူးကားတိမ်းမှောက်မှုကြောင့်သေဆုံးသွားသော မူစယ်မြို့ခံ ၅ ဦးအား ယနေ့သဂြိုဟ်မည်

ကချင်ပြည်နယ် အင်းတော်ကြီးအိုင်သို့ တပေါင်းပွဲဘုရားဖူးမှအပြန် ဗန်းမော်နှင့်လွယ်ဂျယ်အကြား မတော်တဆကားတိမ်းမှောက်မှုကြောင့် ကွယ်လွန်သွားသော သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ဒေသခံ ၅ ဦး၏ရုပ်အလောင်းအား မတ်လ ၉ ရက်နေ့ယနေ့ညနေပိုင်းတွင် မီးသဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

မူစယ်မြို့နယ် ကောင်းနောင်ရပ်ကွက်ဇရပ်မှာစုပေါင်းအလှူလုပ်ပေးပြီး စုပေါင်းသဂြိုဟ်ပေးမည့် ဘုရားဖူးယာဉ်မှောက်လို့ သေဆုံးသွားသူ ကောင်းနောင်ရပ်ကွက်သူ ၃ ဦး Photo credit to Sai Lao Hlaing Pan facebook

မူစယ်မြို့ဒေသခံအမျိုးသမီး ၁၅ ဦးပါ၀င်သည့် “ရွှေလွန်းပျံ” ဇလုံတောင်- အင်းတော်ကြီးဘုရားဖူးယာဉ်တစီး မတ်လ ရ ရက်နေ့က ဗန်းမော်နှင့်လွယ်ဂျယ် ကြား မိုင်တိုင် ၃၈ နှင့် ၃၉ အကြားတောင်ကွေ့တခုတွင် အနက် ပေ ၂၀၀ ချောက်ထဲထိုးဆင်းတိမ်းမှောက်ရာ ယာဉ်မောင်းအပါအဝင်ခရီးသည် ၁၀ ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးမှာသေဆုံးခဲ့ပါသည်။

ဗန်းမော်နှင့်လွယ်ဂျယ် ကြား မိုင်တိုင် ၃၈ နှင့် ၃၉ အကြားတိမ်းချော်ကာ တောင်အောက်ပြုတ်ကျသည့် “ရွှေလွန်းပျံ” ဇလုံတောင်- အင်းတော်ကြီးဘုရားဖူးယာဉ်

“သေဆုံးသွားတဲ့ ကောင်းနောင်ရွာသူ နန်းသိန်းလှ ၊ နန်းတင်၊ နန်းသန်းဦး၊နန်းဟန် နဲ့ ပေါက်စန်းရွာသူ နန်းအေးမြ ပေါ့။ နန်းသိန်းလှ ၊ နန်းတင်၊ နန်းသန်းဦး တို့ ၃ ယောက်ကို ကောင်းနောင်ရပ်ကွက် လူငယ်ဇရပ်မှာ တနေရာတည်းမှာစုပေါင်းထားရှိပြီးအလှူလုပ်ပေးနေပါတယ်။ ညနေပိုင်း သဂြိုဟ်မှာဖြစ်ပါတယ်။ လွယ်ဂျယ်နာရေးကူညီမှုအသင်းက ကူညီပေးမှုနဲ့ပါ။ ကျန်တဲ့ ၂ ယောက်လည်းသူတို့အစီအစဉ်နဲ့သူတို့ဘဲဒီနေ့သဂြိုဟ်တယ်။ ”- ဟု မူစယ်မြို့ခံ စိုင်းစွမ်ကပြောသည်။

ထိခိုက်ဒဏ်ရာရသူများမှာ စိုးရိမ်ရသည့်အနေအထားများရှိနေပြီး လွယ်ဂျယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်းသိရသည်။

၄င်းတို့ကားတိမ်းမှောက်ကျသည့်နေရာသည် တောင်စောင်းလမ်းအကွေ့ဖြစ်ပြီး အဆိုပါအနီးတဝိုက်တွင် ယခင်ကလည်း ခရီးသွားကားများတိမ်းမှောက်ကျ ခဲ့ဖူးကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ကားမီးလောင်မှုဖြစ်ပွား၊ သတိထားသွားလာရန်လိုအပ် 

0
သျှမ်းပြည်  တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်း တွင် တောင်အတက်အဆင်းလမ်း ကြမ်းတမ်း မှုကြောင့် ယာဉ်တိမ်းမှောက်မှု မီးလောင်မှုများ မကြာခဏဖြစ်ပွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၆) ရက်တွင် ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်း ပေါ်တွင် လားရှိုးမြို့သို့ ပြန်သည့် စစ်ဘေးရှောင် ကားတစ်စီးမီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ကျောက်တန်းလမ်းမှာ ကားမီးလောင်သွားတာ မနေ့က လားရှိုးပြန်တဲ့ကား‌ပေါ့။ တော်သေးတယ်...

ရွာငံမြို့နယ် ဘုရားဖူးယာဉ်တစ်စီး ချောက်အတွင်းကျ (၇) ဦးသေဆုံး၊ (၁၇) ဦးထိခိုက် စိုးရိမ်ရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ရွာငံ - ဟံမြင့်မိုရ်လမ်းပိုင်း၌ ဘုရားဖူးယာဉ်တစ်စီး ချောက်အတွင်းသို့ တိမ်းမှောက်ကျသွား၍ (၇) ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) နေ့လယ် ၂ နာရီဝန်းကျင် ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ် လမ်းပိုင်း၌ ဘုရားဖူးယာဉ်တစ်စီးသည်...

မူဆယ်-မန္တလေး ကားလမ်းကို ဗန်းမော်ဘက် ပတ်သွားနေရ

0
သျှမ်းပြည် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် စစ်ရေးပြင်းထန်ပြီး လမ်းကြောင်း ပိတ်ဆို့ထား သဖြင့် မူဆယ်-ဗန်းမော်ကားလမ်းဘက်ပတ်ပြီး မန္တလေးကို သွားနေရကြောင်း စုံစမ်းသိရသည်။ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသည် ညီနောင် မဟာမိတ် (၃)ဖွဲ့နှင့် စစ်ကောင်စီတို့ကြား စစ်ရေး ပြင်းထန်နေပြီး၊ သိန္နီမြို့ရှိ နမ္မတူတံတားကျိုးပျက်မှုကြောင့် ကားလမ်းများ ပိတ်ထားရသည်။ ထို့ကြောင့် မူဆယ်-မန္တလေး...

ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာတွင် PNO စည်းရုံးရေး ကားတိမ်းမှောက် အမျိုးသမီး (၃)ဦး သေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ နယ် ဘန်းယဉ်ကျေးရွာ တွင် ယနေ့ (အောက်တိုဘာ ၂၂)ရက် ညနေ ၆နာရီဝန်းကျင်တွင် PNO ပါတီ မဲဆွယ်စည်းရုံးရေးကား တိမ်းမှောက်ကာ အမျိုးသမီး (၃) ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ပါတီ (PNO)...

ရွာငံမြို့နယ် ဘုရားဖူး လိုက်ထရပ် ကားချောက်ထဲကျ ၁၆ဦး သေဆုံး၊ ၁၀ဦး ဒဏ်ရာရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် အတွင်း ယမန် ည ၈နာရီ ဝန်းကျင်တွင် ဘုရားဖူး လိုက်ထရပ် ကားတစီး တိမ်းမှောက်ကာ ခရီးသည် ၁၆ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။   ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် ည ၈နာရီဝန်းကျင်တွင် ရွာငံမြို့နယ် ယုန်တောင်ကျေးရွာ နှင့်...