Wednesday, January 28, 2026

ကျပ်သိန်းပေါင်း ၁၃၀၀ကျော် ထိန်းချုပ်ဓာတု သျှမ်းမြောက် တွင် ထပ်မံ ဖမ်းမိ၊ တရားခံ စုံစမ်းဆဲ

သျှမ်းပြည်နယ် မြောက်ပိုင်း တွင် ကျပ်သိန်း ၁၃၀၀ ကျော် ထိန်းချုပ် ဓာတု ပစ္စည်းများထပ်မံ သိမ်းဆည်းရမိပြီး တရားခံ များ စုံစမ်းနေဆဲ ဟု သတင်းရရှိသည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာတွင် အောက်တိုဘာ ၂၆ ရက် ည ၆နာရီခွဲ ၌ ကျပ်သိန်း ၁၃၀၀ ကျော် တန်ဖိုးရှိထိန်းချုပ် ဓာတုပစ္စည်းများ သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

မူဆယ်-လာရှိုးကားလမ်းပေါ်တွင် ရပ်တန့်ထားသည့် CANTER အမျိုးအစား ၆ ဘီးမော်တော်ယာဉ်ကို မသင်္ကာသဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ သားရောက် စစ်ဆေးရာ ထိန်းချုပ် ဓာတုပစ္စည်းများဖြစ်သည့် တော်လူအင်း ၃၆၀၀ လီတာ (ဒေသ ကာလပေါက်ဈေး ကျပ်ငွေ ၄၅၀)သိန်း၊1 Phenyl 2 Propanone ၃၀၀ လီတာ(ဒေသကာလပေါက်ဈေး ကျပ်ငွေ ၁၈၀ သိန်း)၊ စက္ကူဂျပ်ဖာအတွင်း ပလတ်စတစ် အိတ်ဖြင့်ထည့်ထားသည့် ကဖင်းအလေးချိန် ၉၇၅ ကီလို(ဒေသကာလပေါက်ဈေး ကျပ်ငွေ ၇၃၁ သိန်း)တို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်များကို လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အောက်တိုဘာ ၁၇ ရက်နေ့ကကျပ်သိန်းပေါင်း ၁ထောင်ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတု ပစ္စည်းကို သိမ်းဆည်းရမိခဲ့သေးသည်။

ထို ထိန်းချုပ် ဓာတု ပစ္စည်းများသည် မူးယစ်ဆေးဝါး များချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများဖြစ်ကြောင်း၊ ထို ဓာတု ပစ္စည်းများသည် များသောအားဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း...

လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စု FPNCC မဟာမိတ် (၃) ပွင့်ဆိုင် နယ်မြေစိုးမိုးမှုပြဿနာ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် များဖြစ်သည့် UWSA ၊ KIA နှင့် TNLA တို့အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ...

လားရှိုးမြို့နယ် ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ဒေသကို ‘ဝ’တပ်ဖွဲ့က လမ်းဖောက်

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က လမ်းဖောက်လုပ်နေကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းမှ စတင်၍ လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန်...