ကျိုင်းတုံ ကိုဗစ်လူနာ အမှတ် ၆၄ ယနေ့ထိ Positive ဖြစ်နေဆဲ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံ တွင် ဆေးကုသနေသည့် Covid-19 လူနာအမှတ် ၆၄ ၏ ဓာတ်ခွဲ အဖြေမှာ ယနေ့ထိ Positive ဖြစ်နေသေးကြောင်း သိရသည်။ လူနာအမှတ် ၆၄ သည် အသက် ၂၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၆ ကြိမ်မြောက် ဓါတ်ခွဲ အဖြေစစ်ဆေးရာ...
ညောင်ရွှေဟော်နန်း ကို မိသားစုထံ ပြန်လည်လွှဲပြောင်းပေးရန် မရှိ
SHAN -
မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စော်ဘွားကြီး စဝ်ရွှေသိုက်၏ ညောင်ရွှေ ဟော်နန်းကို မိသားစု လက်ထဲ ပြန်လည် လွှဲပြောင်းပေးအပ်ရန် မရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ ပြန်လည် အကြောင်းကြားလာသည် ဟု မိသားစုဝင်များထံ စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ညောင်ရွှေဟော်နန်းကြီး ကို မိသားစုဝင်များ ပြန်လည်ထိန်းသိမ်းခွင့်ရရန်...
ကိုဗစ်ကြောင့် ထိုင်းရောက်ရွှေ့ပြောင်းကလေး ပညာဆက်သင်ယူရေး ခက်ခဲလာနိုင်
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖှန် (Fang) မြို့နယ်တွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများသည် ကိုဗစ်ကာလကြောင့် ပညာရေး ဆက်သင်ရန် ခက်ခဲလာနိုင်ကြောင်း စုံစမ်းသိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်အကိုင်ရှာပါးခြင်း၊ လုပ်ငန်းခွင် ပုံမှန် ဝင်ရောက်မှု မရှိသဖြင့် လာမည့် ပညာသင်နှစ်တွင် ကလေးငယ်များ...
အဂတိလိုက်စားသည့် တနင်္သာရီဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ်နှစ် ၃၀ချခံရ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရ လက်ထက်တွင် အဂတိလိုက်စားသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကို အမှု ၄ခုအတွက် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် နှစ် ၃၀ အမိန့်ချလိုက်သည်။ တနှစ်ကျော်ကြာ အဂတိလိုက်စားမှုနှင့် တရားရင်ဆိုင်နေရသည့် ဒေါက်တာလဲ့လဲ့မော်ကို ယနေ့ (မေ၂၂)ရက်တွင် တိုင်းတရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။
အဆိုပါ...
မလေးရှားပြန် ကိုဗစ်-၁၉ လူနာ နှင့်ထိတွေ့သည့် သျှမ်းပြည် ၂ဦး Negative ဖြစ်
SHAN -
မလေးရှားနိုင်ငံပြန် ကိုဗစ် - ၁၉ လူနာ အမှတ် ၁၈၂ နှင့် ထိတွေ့မှုရှိသည့် သျှမ်းပြည် ၂ ဦး Negative ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ် -၁၉ လူနာအမှတ် ၁၈၂ နှင့် ထိတွေ့ မှုရှိသည့် ၂ ဦးမှာ သျှမ်းပြည်တောင်ပိုင်း...
သျှမ်းတောင် ကိုဗစ် သံသယလူနာ ၉ ဦး Negative ဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် - ၁၉ သံသယလူနာ ၉ ဦး၏ ဓါတ်ခွဲနမူနာ Negative ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုဗစ် -၁၉ သံသယ ရှိသူများကို မေလ ၂၀ ရက်တွင် ရန်ကုန် အမျိုးသား ကျန်းမာရေး ဓါတ်ခွဲခန်းသို့ ဓာတ်ခွဲနမူနာ ပို့ပြီး...
ကိုဗစ် လုပ်ဆောင်မှုကြောင့် တိုင်းရင်းသားတပ်ဖွဲ့များ ခြိမ်းခြောက်ခံရ
တိုင်းရင်းသားလက်နက်ကိုင်တွေ ကိုယ်နည်းကိုယ်ဟန်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်မှုတွေပြုလုပ်နေကြသည်။ ထိုထိန်းချုပ်မှုတွေ ကာကွယ်မှုတွေ ပြုလုပ်နေချိန်မှာ မြန်မာ့တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဟန့်တားမှုတွေ ခြိမ်းခြောက်မှုတွေ၊ တပ်စခန်းတွေဖျက်ဆီးမှုတွေ ပြုလုပ်နေသည်။
တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် အင်အားကြီး တပ်ဖွဲ့ ၂ဖွဲ့ဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး(KNU) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး...
RCSS/SSAအဖွဲ့ဝင် ၄ဦး၊ မြန်မာ့တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွား
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အတွင်း RCSS တပ်ဖွဲ့ဝင် ၄ ဦးကို ဆက်ကြေးကောက် သံသယရှိသည်ဟု စွပ်စွဲကာ အစိုးရ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု စုံစမ်းသိရှိရသည်။ အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်ဖွဲ့မှာ ကျိုင်းတုံအခြေစိုက် ရွှေတြိဂံတိုင်း စစ်ဌာနချုပ် တပ်ရင်း ၂၄၅ နှင့် စစ်ဘက်ရေးရာ လုံခြုံရေး...
လောက်ကိုင်တွင် အဆောက်အဦးပြိုကျ နယ်ခြားစောင့် ဒုဗိုလ်မှူးကြီးသေ၊ လူ၇ဦးဒဏ်ရာရ
SHAN -
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် အဆောက်အဦး တခုပြိုကျကာ နယ်ခြားစောင့်တပ် ဒုဗိုလ်မှူးကြီး တဦးသေဆုံး ၇ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ပြိုကျသည့် အဆောက်အဦးသည် တရုတ်ကုမ္ပဏီ တခုမှ တာဝန်ယူ တည်ဆောက်ထားသည့် ဆောက်လက်စ ၂ထပ် အဆောက်အဦးဖြစ်ပြီး မေ ၂၁ရက် မနက် ၈နာရီတွင်...
လားရှိုးမြို့နယ် နမ့်ပေါင် ဝါးတားဂိတ် ငွေကောက်ခံမှု ကို အရေးယူပေးရန်
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ ရှိ ဝါးတားဂိတ်တွင် ကုန်တင်ယာဉ်များကို အဆမတန် ငွေကောက်ခံမှုများပြုလုပ်နေကြောင်း ကုန်တင်ကားအသိုင်းအဝန်းများ က ပြောသည်။ အဆိုပါ နေရာသည် လားရှိုး-မယ်ဟန်-မိုင်းရယ် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ နမ့်ပေါင် ကျေးရွာ ဝါးတားဂိတ် ဖြစ်ပြီး၊ ထိုဂိတ်ကို ညအချိန် ကုန်တင်ကားများ ဖြတ်သန်းသွားလာပါက...





