မိုင်းတုံ၊မိုင်းဆတ် ကိုဗစ်လူနာရှိသဖြင့် မဲဆွယ်စည်းရုံးမှုရပ်နားထား

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၃)ဦးရှိသဖြင့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်ခွင့်ရပ်နားထားရကြောင်း စုံစမ်းသိရသည်။


အောက်တိုဘာ ၁၂ရက်မှ အောက်တိုဘာ ၁၄ ရက်ထိ သံလွယ်အရှေ့ခြမ်း မိုင်းတုံမြို့ တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ကားသမား ၁ ဉီး ကျန်းမာရေး၀န်ထမ်း ၁ ဉီးနှင့် မိုင်းဆတ်မြို့တွင် ကားသမား ၁ ဦးတွေ့ရှိပြီးနောက် အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုကို ခေတ္တရပ်ဆိုင်းထား ကြောင်း ထိုနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကပြောသည်။


ကိုဗစ်-၁၉ ပိုးတွေ့လူနာ တွေ့ရှိပြီးနောက် ကျေးရွာလူထုက မဲဆွယ်စည်းရုံးမှုများကို လက်မခံ တော့ဟုဆိုသဖြင့် ရပ်နားထားရခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD)မှ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စိုင်းဝဏ္ဏ က သျှမ်းသံတော်ဆင့်ကိုပြောသည်။


“မိုးဆတ်မှာ တဦးပိုးတွေ့တာကြောင့် ရွာဘက်တွေက ကျနော်တို့ကို မဲဆွယ်ဖို့ ရွာထဲပေးမဝင်တော့ဘူး။ ကော်မရှင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ ပိတ်တာတော့ မဟုတ်ဘူး။ ” ဟု စိုင်းဝဏ္ဏ က ပြောသည်။

ထို့အတွက် ကိုယ်စားလှယ်လောင်းများမဲဆွယ်စည်းရုံးရေးဆင်းမှုနောက်ကျသဖြင့်အခက်အခဲများ ရှိနေကြောင်း ၄င်းက ဆက်ပြောသည်။

“ ကျနော်တို့ မဲဆွယ်ဆင်းဖို့နောက်ကျတာတွေဖြစ်လာတယ်။ သူတို့က စောင့်ကြည့်ဖို့ပြောတယ်။ အခြေအနေကောင်းရင်တော့ ကျနော်တို့ကို ဆက်သွယ်လာမယ် လို့ပြောတယ်။ ” ဟု စိုင်းဝဏ္ဏ ကပြောသည်။

အလားတူ မိုင်းတုံမြို့တွင်လည်း ကိုဗစ်-၁၉ လူနာ ၂ ဦး အထိရှိလာနေပြီဖြစ်သဖြင့်ကိုယ်စားလှယ်လောင်းများ စည်းရုံးရေးဆင်းမှု ရပ်ထားကြောင်း ရှမ်းတိုင်းရင်းသားဒီမိုကရေစီ အဖွဲချုပ်(SNLD) မှ မိုင်းတုံမြို့ နယ် ပြည်သူ့လွှတ်တော် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နန်းအုန်းဖြူ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းဆတ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတဦးနှင့် ထိတွေ့သူ (၇) ဦးရှိပြီး ဆေးစစ်ရာတွင် ပိုးမ တွေ့ကြောင်း ၊ ပိုးတွေ့လူနာ ၁ ဉီးမှာ လက်ရှိမိုင်းဆတ်ဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်း စိုင်းဝဏ္ဏ ကပြောသည်။

အဆိုပါ ပိုးတွေလူနာများသည် မိုင်းဆတ်ဆေးရုံတွင် ဆေးကုသခံယူ နေကြောင်းသိရသည်။
၂၀၂၀ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရန် အတွက် ရက်ပေါင်း ၂၃ရက်သာကျန်ရှိတော့သည်။


ထို့ကြောင့် မဲဆွယ်စည်းရုံးရေးကာလသည်လည်း ရက်အနည်းငယ်ကျန်ရှိနေချိန်အတွင်း တဖက်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာမှုကြောင့် မဲဆွယ်စည်းရုံးရေး အတွက် ခက်ခဲမှုများရှိနေကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မိုင်းဆတ်မြို့နယ် တောင်ယာထဲ အမျိုးသမီးတစ်ဦး အသတ်ခံရ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် တောင်ထဲတွင် အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက် မိုင်းဆတ်မြို့ နယ် အ‌နောက်ဘက် ကျတီကျေးရွာအုပ်စု အားဟယ့်ရွာတွင် နေ့ထိုင်သည့် အမျိုးသမီးတစ်ဦး တောင်ယာထဲတွင် အသတ်ခံရပြီး သေဆုံးနေကြောင်း မိုင်းဆတ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...