Tuesday, January 27, 2026

မူဆယ် SNDP စည်းရုံးရေး ဆိုင်းဘုတ်များဖျက်ဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်တွင် အောက်တိုဘာလအတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ပါတီ ဆိုင်းဘုတ် ၂ နေရာ ဖျက်ဆီးခံရကြောင်း စုံစမ်းသိရသည်။

Photo by SNDP Muse

မူဆယ်မြို့နယ် မန့်ဟိုင်းကျေးရွာနှင့် တာလုံ ကျေးရွာတွင် စိုက်ထူထားသည့် မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်များဖြစ်ကြောင်း မူဆယ်မြို့ မဲဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စိုင်းဘိုးအောင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဖျက်ခံရတာ မန့်ဟိုင်းမှာ၂ကြိမ်၊ တာလုံမှာ ၂ကြိမ် ဖျက်ခံရတယ်။ ပထမကြိမ် ဖျက်လို့ကျနော်တို့ ပြန်ထောင်တယ်။ ထပ်ဖျက်တယ်။ ဓားနဲ့လာခုတ်သွားတာပါ” ဟု စိုင်းဘိုးအောင် က ပြောသည်။

ထို မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ် ဖျက်ဆီးခံရသည့်နေရာသည် သျှမ်းလူမျိုးများနေထိုင်သည့်နေရာ ဖြစ်သည့်အတွက် ပြဿနာ မဖြစ်စေလိုမှုကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကို မတိုင်ကြား ကြောင်း စိုင်းဘိုးအောင် ကပြောသည်။

“ ကိုယ့်လူမျိုးတွေနေတဲ့နေရာပဲ ကျနော်တို့ပြဿနာမဖြစ်ချင်ဘူး။ ဒါပေမယ့် ကျနော်တို့ပြောချင် တာ ကတော့ စိတ်ဓာတ်တွေပြုပြင်စေချင်တယ်” ဟု စိုင်းဘိုးအောင်က ထပ်လောင်းပြောသည်။

မူဆယ်ခရိုင် အတွင်း SNDPအနေဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နေရာကို ဒေါ်နန်းငွေငွေ ဝင်ရောက်ယှဉ်ပြိုင်ပြီး၊ ပြည်သူ့လွှတ်တော် နေရာကို စိုင်းအောင်မြင့် က ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

ထို့အပြင် မူဆယ်မြို့ ပြည်နယ် အမှတ်(၁)မဲဆန္ဒနယ်ကို စိုင်းဘိုးအောင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ အမှတ်(၂) မဲဆန္ဒနယ် ကို နန်းဟန်နု က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...

“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင်...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

မူဆယ်တွင် မဲမပေးလျှင် ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ် မလုပ်ပေးဟု ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမထည့်ပါက စာအုပ် (အနီ) မလုပ်ပေးဟု ခြိမ်း‌ခြောက်ခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှ စ၍ မူဆယ်မြို့‌ပေါ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက...

မူဆယ်တွင် မြို့ပေါ်ရပ်ကွက်သာ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပနိုင်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များသာ ကွက်၍ စစ်အုပ်စု ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး မြို့ပြင်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ချေ မရှိကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် မူဆယ်မြို့ပေါ် ရပ်ကွက်များကိုသာ စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ပတ်လည်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်ကြသည့် အာရက္ခတပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...