ကျောက်မဲမြို့နယ် ကျေးလက် လူထုနေအိမ်ခြံဝင်းအတွင်း ဗုံး/မိုင်းများတွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွါးရာ ကျေးရွာများအတွင်း လူထုနေအိမ်ခြံဝင်းများအတွင်း ဗုံး၊ မိုင်းနှင့်လက်နက်ကြီးများ တွေ့ရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။


အောက်တိုဘာလ ၁၄ နှင့် ၁၅ ရက် ၂ ရက်အတွင်း တိုက်ပွဲများငြိမ်နေသဖြင့် စစ်ရှောင်များ နေအိမ်သွားကြည့်ရာတွင် ပုံဝိုးရွာနှင့်နမ့်မဟင်ရွာအတွင်း ထိုသို့လူကိုထိခိုက်သေကြေစေသော လက်နက်ကြီးများတွေ့ရှိရခြင်းဖြစ်ကြောင်း စစ်ရှောင်များပြောပြချက်အရသိရသည်။


“ ဒီနေ့ မနက် လက်နက်ကြီး ၂ လုံးတွေ့တာပါ။ ရွာလယ်ထဲမှာရှိတဲ့အိမ်ပါ။ အိမ်ရှေ့က အမှိုက်တွေ ပုံထားတဲ့နေရာမှာ တွေ့တာ။ အခုချိန်ထိတော့ ဘယ်သူမှ လာမကြည့်သေးဘူး။ စစ်သားတွေကတော့ အဲ့အိမ်ကို လာနေသွားတယ်” ဟု ပုံဝိုးကျေးရွာတွင်နေထိုင်သည့် အမျိုးသမီး နန်းအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။


ထိုသို့ နေအိမ်ခြံဝင်းအတွင်းလက်နက်ကြီးတွေ့ရှိသည့်အပေါ် စစ်ရှောင်လူထု စိုးရိမ်ထိတ်လှန့်မှုဖြစ်ပွါးခဲ့ကြောင်း၊ လက်ရှိအချိန်အထိ မည်သူမှ လာရောက်ကြည့်ရှုရှင်းလင်းပေးခြင်းမရှိသေးကြောင်းလည်း နန်းအောင် ကပြောသည်။


“ဒီလက်နက်ကြီးကတော့ စစ်တပ်က ဟာပဲဖြစ်မှာ။ စစ်တပ်က အဲ့အိမ်ကို လာအိပ်သွားတယ်။ သူတို့ ဟိုနေ့မှ ထွက်သွားတာ” ဟု နန်းအောင်က ဆိုသည်။


ထိုနည်းတူ ကျောက်မဲမြို့နယ် နမ့်မဟင်ကျေးရွာတွင်လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးတလုံး မြေကြီးတွင် စိုက်ထားသည် ကို တွေ့ရှိရကြောင်း ဒေသခံ လုံးသန်းမောင် က သျှမ်းသံတော်ဆင့်ကိုပြောသည်။


“ ဘယ်တုန်းက လာစိုက်တာလဲဆိုတာ မသိဘူး။ ရွာလမ်းမပေါ်မှာရှိတယ်။ ဟိုနေ့က လက်နက်ကြီးပစ်လာပြီး မပေါက်ဘဲ မြေကြီးပေါ်စိုက်နေတာလားမသိဘူး။ ရွာသားတွေကတော့ ကြောက်နေကြတယ်။ ” ဟု လုံးသန်းမောင်က ပြောသည်။


အောက်တိုဘာလ ၂ ရက်နေ့ကစတင်သော ကျောက်မဲမြို့နယ် အတွင်း အစိုးရ တပ်မတော် နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)တို့တိုက်ပွဲများသည် အောက်တိုဘာလ ၁၁ ရက်နေ့နောက်ပိုင်း ငြိမ်နေသော်လည်း ကျေးရွာအတွင်း အစိုးရစစ်တပ်များ လှုပ်ရှားသွားလာစခန်းချ နေထိုင်သဖြင့် စစ်ဘေးရှောင် ၃၅၀၀ ကျော် နေရပ်ပြန်ရန် ခက်ခဲနေဆဲ ဟု သိရသည်။


“ တပ်သားတွေကရွာသားတွေနေအိမ်ပေါ်တက်နေနေတော့ ရွာသားတွေလည်းရွာမပြန်ရဲသေးတာ။ တိုက်ပွဲက မဖြစ်တော့ဘူး။ တပ်သားတွေ တပ်ဆုတ်ရင်တော့ ပြန်လို့ရပါတယ်။ ပြန်ရင် စိတ်ပူရတာကတော့ မိုင်းကိစ္စပါပဲ” ဟု လုံးသန်းမောင် ကပြောသည်။


အစိုးရတပ်မတော်သည် အရပ်သားများနေထိုင်သည့်နေအိမ်အတွင်း တပ်များစွဲထားခြင်း၊ နေထိုင်ခြင်းတို့ ပြုလုပ်နေသည့်အပြင် ပြည်သူများ၏ အိုးအိမ်ပစ္စည်းများကိုလည်း ရှာဖွေ မွှေနှောက်ထားပြီး၊ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသုံးထားကြောင်းလည်း စစ်ဘေးရှောင်များက ပြောဆိုသည်။

မကြာမီတွင်လည်း မြန်မာတဝှမ်းလုံး ၂၀၂၀ ပါတီစုံရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်နေချိန် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း စစ်ရေးဆက်လက်ပြင်းထန်လာမည်ကိုလည်း စိုးရိမ်ထိတ်လန့်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...